Wednesday, July 11, 2012

Panetta: No China Threat From US Military


Panetta: No China Threat From US Military

 (SINGAPORE) — From this island nation in the South China Sea, U.S. Defense Secretary Leon Panetta sent a message Saturday that America's new military focus on the Asia-Pacific is not intended to raise tensions in the region or threaten Beijing.
The Pentagon chief appeared to offer an olive branch to the communist power and said often feuding rivals must learn to work better together for the benefit of the entire region.
Delivering his most extensive thoughts to date on the fragile state of U.S.-China relations, Panetta said neither side is naive about their disagreements.
"We both understand the differences we have, we both understand the conflicts we have, but we also both understand that there really is no other alternative but for both of us to engage and to improve our communications and to improve our (military) relationship," Panetta said at a security conference in Singapore.
At the same time, however, Panetta said Asian nations must find a way to resolve their own conflicts because the U.S. cannot always come charging in to help.
Tensions between the U.S. and China reverberate across the region, and are often focused on America's support of Taiwan, which China regards as a breakaway province and threatens to use force to block any Taiwanese bid for formal independence.
Another area of dispute is the South China Sea, which Beijing claims almost entirely as its own. But Taiwan, Vietnam, Malaysia, Singapore, Brunei and the Philippines also have territorial claims.
More recently the U.S. has been vocal in blaming China for cyberattacks that emanate from the country and steal critical data from U.S. government agencies and private American companies.
On that front, Panetta said U.S. and Chinese leaders have talked about developing teams that can work together on difficult issues. That could involve how to exchange information on computer-based threats and whether they can agree on standards for the use of cybercapabilities.
The goal, Panetta said, is for the U.S. and China to develop the ability to communicate when disputes arise so that they can be resolved peacefully.
Defense experts attending the conference questioned Panetta extensively about China, with one query coming from a member of China's People's Liberation Army. But officials also noted that Beijing did not send any of its senior leaders to the conference. It was not clear why, although some officials suggested that China's leaders were busy with internal issues.
Questioners asked whether adding more U.S. military to the region might embolden some smaller nations and risk triggering more conflicts. They also wondered aloud whether China's leaders boycotted the conference in protest over America's new strategy for the region.
"I don't think we should take the attitude that just because we improve their capabilities that we're asking for more trouble," Panetta said.
Panetta also issued a strong call for Asian nations to set up a code of conduct, including rules governing maritime rights and navigation in the South China Sea, and then develop a forum where disputes can be settled.
"It isn't enough for the United States to come charging in and try and resolve these issues," Panetta said, adding that the Asian nations must develop ways to peacefully solve their own problems.
Panetta's speech was designed to give a more detailed explanation about the new defense strategy. It puts more focus on the Asia-Pacific, including plans to increase the number of U.S. military personnel, warships and other assets in the region over the next several years.
Specifically, he said that by 2020, about 60 percent of the fleet will be assigned there as part of a new strategy to increase U.S. presence in Asia. Currently, the Navy has about 285 ships, with roughly half assigned to each coast, but that total may decline a bit as some ships are retired in the coming years and may not be replaced.
The current fleet includes 11 aircraft carriers, with six assigned to the Pacific. The West Coast total is expected to go down to five, but Panetta said he will maintain six carriers in the Pacific over the long term.
While noting it may take years to complete the transition, Panetta said that U.S. budget problems and cutbacks would not get in the way of changes. He said the U.S. Defense Department has money in the five-year budget plan to meet those goals.
He said he is looking forward to visiting China later this year, adding that he wants to see the U.S. and China deepen their military ties, including on counterdrug programs and humanitarian aid.
U.S. Sen. John McCain, R-Ariz., questioned Panetta's optimism about relations with China, but said he hopes it works out. He added that the Pentagon must begin planning for the possibility that an additional $500 million may have to be cut from the defense budget early next year if lawmakers can't agree on spending cuts in the next several months.
Panetta has said he believes Congress will eventually find a way to avoid the automatic cuts.
Singapore is Panetta's second stop on a nine-day trip through Asia, and is expected to travel to Vietnam and India.

အာဏာရှင်နှင့်ပူးပေါင်းပြီး စီးပွားရှာနေသည့်အတွက် ဒေသခံများဒုက္ခရောက်နေခြင်း


မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ ဇွန်လ () ရက် )
အာဏာရှင်နှင့်ပူးပေါင်းပြီး စီးပွားရှာနေသည့်အတွက် ဒေသခံများဒုက္ခရောက်နေခြင်း
နိုင်ငံတော်အစိုးရသည် တောင်သူများ လယ်ယာမြေစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သောရေကို ထိန်းသိမ်းပေးပို့ နိုင်ရန်အတွက် မုန်တိုင်ဆည်ကိုတည်ဆောက်ပေးထားခဲ့သည်။ မုန်တိုင်ဆည်သည် မိတ္ထီလာမြို့ရှမ်းမငယ်တိုက်နယ်တွင် တည်ဆောက်ထားပါသည်။ ထိုဆည်တည်ဆောက်ရန် လိုအပ်သောမြေနေရာ အကျယ်အ၀န်းကို လက်ပံအိုင့်ကျေးရွာ ၊ ညောင်ပင်သာကျေးရွာ၊ အိုင့်ကျေးရွာ၊ ဖလံကျင်းကျေးရွာများမှ ဒေသခံတောင်သူများပိုင်ဆိုင်သော လယ်မြေများကို သိမ်းယူကာ တည်ဆောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့် ဒေသခံတောင်သူများမှာ လယ်မဲ့ယာမဲ့ဖြစ်ခဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ အလုပ်လက်မဲ့ဖြစ်ခဲ့ရသော ဒေသခံတောင်သူများမှာ ၀မ်းစာအတွက် မုန်တိုင်ဆည်ထဲတွင် ငါးသားပေါက်များကို ၀ယ်ယူကာမွေးမြူခဲ့ပြီး တံငါသည်ဘ၀အဖြစ် ဆက်လက်ရပ်တည်နေခဲ့ရသည်။ ယခုအခါတွင် မုန်တိုင်ဆည်မှာ ရေနည်းချိန်ဖြစ်၍ စလေမြို့မှ ဦးပေါဟန်သည် မုန်တိုင်ဆည်ထဲတွင် စက်လှေနှစ်စီးဖြင့် (ခန့်မှန်းပေ ၂၀၀၀ ခန့်ရှည်ပြီး ရေအနက် အတောင် ၂၀ ကျော်ရှိသော ပိုက်) ပိုက်နှစ်ဖုံဖြင့် လူအင်အား ၄၀ ကျော်ဖြင့် ၂၀၉ တပ်မှ တပ်ရင်းမှူ ကျော်ဝဏ္ဏနှင့် ပူးပေါင်း၍ ၂၀.၅.၂၀၁၂ ရက်နေ့မှစတင်ကာ မုန်တိုင်ဆည်ထဲတွင် ငါးဖမ်းဆီးနေသည်။ တစ်နေ့လျှင် ငါးပိဿာချိန် ၁၀၀ ကျော်ဖမ်းဆီးရရှိနေပါသည်။ ထိုသို့လာရောက်လုပ်ကိုင်နေသည်မှာ တစ်ကြိမ်တစ်ခါမကတော့ပါ။ ၂၀၉ တပ်မှ စစ်အာဏာပိုင်များက ဦးပေါဟန် ငါးဖမ်းဆီးနိုင်ရန်အတွက် ဒေသခံ တံငါသည်များကို စစ်တပ်အမိန့်ဖြင့် ဖယ်ရှားခိုင်းခဲ့သည်။ ဒေသခံများမွေးမြူထားသော ငါးများကိုဖမ်းဆီး၍ ရရှိသောငါးများထဲမှမလိုအပ်သော ငါးသားပေါက်များကို မြေပေါ်တွင်စွန့်ပစ်ထားသည့်အတွက် ဆည်ထဲတွင် ငါးမျိုးစိတ်များပျက်စီးကုန်ပါသည်။ လယ်မဲ့ယာမဲ့ ဖြစ်ခဲ့ရသောတောင်သူများမှာ ယခုအခါတွင် ဦးပေါဟန်နှင့် ၂၀၉ တပ်မှတပ်ရင်းမှူး ကျော်ဝဏ္ဏတို့၏ လုပ်ရပ်ကြောင့် လက်ရှိရပ်တည်နေရသော တံငါသည်အလုပ်ကိုပါ စွန့်လွှတ်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသခံများမှာ ၎င်းတို့ဘ၀ရပ်တည်နိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ဒေသခံများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်ပြုလုပ်နေသော လူများအား တားဆီးပေးပါရန်တင်ပြ အပ်ပါသည်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(..၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778

သတင်းဗွီဒီယိုဖိုင်လင့်များ

အပိုင်း ၁ http://youtu.be/MxYxsE3Nm6o

အပိုင်း ၂ http://youtu.be/pyxUyucL1x8

အပိုင်း ၃ http://youtu.be/OtYd9NojgHo

အပိုင်း ၄ http://youtu.be/XH1MxVgB20M

၈၈ အများစု NGO လုပ်လိုသော်လည်း ဥပဒေက ကန့်သတ်ထားဟု ကိုကိုကြီးပြော

May 30,2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအနေနှင့် NGO အဖွဲ့အစည်း သီးသန့်ထူထောင်၍ အမျိုးသားရေး ဆက်လက်လုပ်ဆောင်လိုကြသော်လည်း တည်ဆဲဥပဒေများကြောင့် အဟန့်အတားဖြစ်နေရကြောင်း ကိုကိုကြီး က ပြောသည်။

အသင်းအဖွဲ့ထူထောင်ရေး ဥပဒေ အရ ၎င်းတို့ကဲ့သို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် ပိတ်ပင်တားဆီး ထားကြောင်း ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက် သည့် အခမ်းအနား တခုတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားသွားခြင်း ဖြစ်သည်။

“တရားဝင် အသင်းအဖွဲ့အနေနဲ့ လုပ်သွားမှာပါ။ ဒါပေမယ့် လက်ရှိချထားတဲ့ အသင်းအဖွဲ့ ထူထောင်ရေး ဥပဒေတွေက ကျနော်တို့လို လူမျိုးတွေကို ပါဝင်ခွင့်မရှိအောင် တားထားသလိုပဲ။ အသင်းအဖွဲ့တခု ဖွဲ့ရင် ဘယ်လိုနိုင်ငံရေးမှ မလုပ်တဲ့ သူ ဖြစ်ရမယ်။ နောက်တခုက တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းသူ ဖြစ်ရမယ် ဆိုတော့
ဒါဟာ ကျနော်တို့ကိုများ ရည်ရွယ် ထုတ်ထားသလားလို့အောက်မေ့ရတယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းပါ
တယ်။ မည်သည့် နိုင်ငံရေးမှ မလုပ်ပါ ဆိုတာကလည်း ဘယ်လို နိုင်ငံရေးကို ဆိုလိုတာလဲ။ ကျနော်တို့လို
နှစ်ရှည်နေပြီး ထွက်လာသူတွေက ဒီ မြန်မာ့ လူ့အဖွဲ့အစည်းထဲ ဝင်ဖို့ ထပ်ကန့်သတ်ခံထားရသလိုပဲ” ဟု
ပြောသည်။

၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလောကတွင် ကျင်လည်ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားအချို့သာ ပါတီ
နိုင်ငံရေး လောကတွင်းသို့ ဝင်ရောက်မှာဖြစ်ပြီး အများစုမှာ NGO လောကတွင်းသို့ ဝင်ရောက်ကြမည် ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ၈၈ တည်းက နိုင်ငံရေးနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တယ်။ သူများလို ဘောပင်တောင်း၊ စာအုပ်တောင်း လည်း လုပ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် အသက်အရွယ်နဲ့ ခေတ်စနစ်အရ ပါတီနိုင်ငံရေးကို အရမ်း စိတ်ဓါတ်ပြင်းသူတွေလောက်ပဲ လုပ်ဖြစ်မယ်။ အများစုက ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးကိုပဲ လုပ်သွားဖို့ များတယ်။ NGO လို အသင်းတခုအနေနဲ့ ဆက်ရှိသွားမှာပါ” ဟု ပြောသည်။

သို့ရာတွင် မည်သူများက ပါတီနိုင်ငံရေး လုပ်ဆောင်သွားမည် ဆိုသည့်အချက်ကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိချေ။

“ဒီအပိုင်းက ပြောဖို့ စောသေးတယ်။ အခု လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒီထဲကို ကျနော်တို့ပြောချင်တာကို ပြောနိုင်အောင် ဆောင်ရွက်နေတယ်။ နောက်ပိုင်း နိုင်ငံရေးစိတ်သန်တဲ့ အချို့ကလည်း အဲဒီထဲ သွားဖို့ ပြင်မှာပါ။ ဒါ အဖွဲ့ကွဲတာ မဟုတ်ဘူး။ ဒီလိုမျိုး ပါတီနိုင်ငံရေး မလုပ်ပေမယ့် အမျိုးသားနိုင်ငံရေးတော့ လုပ်မှာပါ။ ရပ်တည်မှု ကွဲတယ်ထင်ပေမယ့် မကွဲပါဘူး” ဟု ပြောသည်။

NGO လုပ်ငန်းနှင့် ပတ်သတ်၍ လေ့လာမှုများ လုပ်ဆောင်နေကြောင်း “လက်ရှိ NGO ဆိုတာကို နားမလည်ကြသေး ဘူး။ NGO ဆိုရင် ဝန်ဆောင်မှုပေးတာလို့ပဲ ထင်နေကြတော့ ဒါကို သေသေချာချာလေးလုပ်ပြီး ဥပဒေပါ အချက်တွေ ကို ပြင်ဖို့ တိုက်တွန်းသွားမှာပါ။ ဒီဥပဒေဟာ အမှောင်ကာလလို့ သတ်မှတ်ထားတဲ့ ၁၉၆၂ နောက်ပိုင်း ထုတ်ပြန်ထားတဲ့ ဥပဒေပါ” ဟု ကိုကိုကြီး က ပြောသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ဥပဒေသစ်တရပ် ပေါ်ထွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆိုသွားသည်။

ရခိုင်သတင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ
တရားခံ သုံးဦးကို ညတွင်းချင်း ရဲအဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု သတင်း
ရရှိသည်။

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက်
(၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့
သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။





ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ
မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။  ကျန်
နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်က ဖမ်းဆီးမိခဲ့ကြောင်း
ဒေသခံများက ပြောသည်။

“ တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ
ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုကြတယ်။
တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး  ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု
ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က
ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအား
ဝိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး
အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

“ လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ
ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊  မြို့နယ်  တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က
မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်” ဟု
သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ်
(၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ
အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က
လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃)  ဦးအား ညဥ့်တွင်းချင်း
ကျောက်ဖြူသို့ ယူဆောင်သွားရကြောင်း သိရသည်။

ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ
ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့်
တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအားဖြင့်
အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည်
ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ
အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ
အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ်
သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ
သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ
အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့  လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး
ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။


မှတ်ချက် ။                     ။ဒီသတင်းကြားရတာစိတ်မကောင်းပါဘူး၊ဒီသတင်းသာသေချာရင်အပြစ်ရှိတဲ့ဒီတရားခံ(၃)ဦးစလုံးကိုစစ်ဆေးပြီးတာနဲ့သေဒဏ်ပေးသင်တဲ့လို့မြင်တယ်၊
                                   သေဒဏ်ပေးပြီရင်လဲချက်ချင်သတ်ပစ်ရမယ်၊ဘာဖြစ်လို့လဲဆို့တော့ထောင်ထဲမှာထားထားရင်လဲဆန်ကုန်တယ်၊ကျန်တဲ့သူတွေကိုထပ်ပြီးဒုက္ခပေးနေ
                                   အုံးမှာမလို့ချက်ချင်သတ်ပြင်သင်တယ်လို့ပြောတာပါ။လူစိတ်မရှိတဲ့သူတွေမြန်မြန်လူလောကကြီးမှာမရှိတာအကောင်းဆုံးလို့မြင်လို့ပါ။





                                                                                                                                                                                                             အောင်သန်း

Former hard-line Beijing mayor calls Tiananmen Square massacre ‘regrettable’

Former hard-line Beijing mayor calls Tiananmen Square massacre ‘regrettable’
Jeff Widener/AP - A Chinese man stands alone to block a line of tanks heading east on Beijing's Cangan Blvd. in Tiananmen Square on June 5, 1989. Chen Xitong, Beijing mayor at time of massacre, says in new book it was preventable and ‘a tragedy.’
By Jamil Anderlini and Enid Tsui, Wednesday, May 30, 1:55 AM
BEIJING — Beijing’s mayor at the time of the 1989 Tiananmen Square massacre has described the bloodshed as “regrettable” and “a tragedy that could have been prevented,” in a rare departure from the Chinese Communist party’s version of the crackdown.
Chen Xitong, now 81, was regarded as a hard-liner at the time of the Tiananmen student protests. His comments mark the first time a senior official associated with the decision to fire on protesters has expressed regret for the June 4, 1989, massacre.
 “Several hundred people died on that day,” Chen is quoted as saying in a book to be published on the eve of the 23rd anniversary of the massacre. “As the mayor, I felt sorry. I hoped we could have solved the case peacefully.
“Looking back, I consider [the events of June 4] a tragedy that could have been prevented, should have been prevented, but was not prevented.”
The Tiananmen massacre has been erased from Chinese history books and public discourse but remains a looming and potent presence in the country’s politics. Chen’s apparent regret is especially important as he was the named author of the only public official report on the massacre, titled “Checking the Turmoil and Quelling the Counter-revolutionary Rebellion.”
In a series of interviews conducted by Yao Jianfu, a former official and researcher, Chen says “other people” wrote that report and ordered him to read it out in public, which he did on June 30, 1989.
“As far as I know, this is the first time that someone widely believed to be responsible for the massacre has expressed regret for those events,” said Bao Pu, the Hong Kong-based publisher of the book.
Chen was promoted after the crackdown. In 1995, however, he was removed from his position as Communist Party secretary of Beijing on charges of corruption, for which he was sentenced to 16 years in prison in 1998.
He was released on medical parole in 2004 and is believed to be suffering from late-stage cancer.
In the book, which goes on sale in Hong Kong on Friday, Chen denies the corruption charges and hints that he was the victim of a political purge. “In a power struggle, any means possible — any underhand means — will be used. . . . The objective is to seize power,” he says.
Chen also compares his demise to that of Bo Xilai, the senior Chinese leader who was purged last month and detained on suspicion of “serious discipline violations.” Bo’s wife, Gu Kailai, is a suspect in the alleged murder of a British businessman.
“Bo Xilai’s fate is so similar to mine and that of Chen Liangyu,” Chen says. “The party secretaries of Beijing, Shanghai and Chongqing all suffered the same disgrace.”
Chen Liangyu, Shanghai’s former Communist Party secretary, was convicted of corruption in 2006.
— Financial Times
Tsui reported from Hong Kong.

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Aung PhoneMyint 11:08am May 30
Ko Thantun
Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ

Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍ ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ သိရှိရသည်။

“စာရွက်တွေကို ဒီနေ့မနက် စောစောမှာ စက်ရုံအတွင်းနဲ့ စက်ရုံ အဆောင်မှာ လာကြဲချသွားတယ်။ စာထဲမှာတော့ စက်ရုံက တစ်လစာပေးမယ့် လခနှုန်းထားကို ကပ်ထား တယ်။ သဘောမတူတဲ့သူတွေက လုပ်သက် သုံးနှစ်အောက်ကို လစာ ရဲ့သုံးလစာ၊ လုပ်သက် သုံးနှစ်နဲ့ အထက်ကို လစာရဲ့ငါးလစာ ကရုဏာ ကြေးထုတ်ပေးမယ်။ လျော်ကြေး မဟုတ်ပါဘူး။ ပြီးရင် အလုပ်ကထွက်နိုင်တယ်။ စက်ရုံကိုတော့ ပိတ်မယ် လို့မရေးထားဘူး။ ဒီအတိုင်းဖွင့်ထားမယ့် သဘောရှိတယ်”ဟု Hi Mo ဆံပင်တုစက်ရုံ အလုပ်သမား ကိုယ်စားလှယ်များက မေလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။

Hi Mo ဆံပင်တုစက်ရုံတွင် အလုပ်သမား ၁၉၅၀ ရှိပြီး ဆန္ဒပြအလုပ်သမား ၁၉၅၀ များမှ အဆိုပါ ကြေညာချက်ကို သဘောတူခြင်းမရှိကြောင်း၊သက်ဆိုင်ရာများသို့ စာတင်၍ ဆက်လက်ဆန္ဒပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အလုပ်သမားအားလုံး သဘောမတူပါဘူး။ အလုပ်သမားဝန်ကြီးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေရဲ့အကူအညီနဲ့ သက်ဆိုင်ရာကို ထပ်ပြီး စာတင်သွားပါမယ်။ အလုပ်သမားတွေကိုတော့ လုပ်ငန်းခွင်ပြင်ပ မှာနေပြီး ဒီအတိုင်း ဆန္ဒမပြခိုင်းတော့ဘူး။ ကလေးတွေ ပင်ပန်းတယ်။ လိုအပ်မှ အားလုံးစုကြပါမယ်” ဟု အလုပ်သမားကိုယ်စားလှယ်များမှ ထပ်မံပြောကြားခဲ့ပါ သည်။

Hi Mo ဆံပင်တုစက်ရုံသည် ကိုရီးယားလူမျိုးပိုင် စက်ရုံဖြစ်ပြီး မေ လ ၉ ရက်နေ့မှ စတင်ကာ အလုပ် သမားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ သုံးကြိမ်စလုံး အလုပ်ရှင်ဘက်မှ ချိုး ဖောက်ခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရပါသည်

IFBNCမှနှစ်(၅၀)မြောက်ရွှေရတုဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်ဆန္ဒပြပွဲနယူးယောက်မြို့တွင်ကျင်းပခြင်း


နှစ်(၅၀)မြောက်ရွှေရတု
ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်ဆန္ဒပြပွဲနယူးယောက်မြို့တွင်ကျင်းပခြင်း

နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်မှကမကထပြုကာနှစ်(၅၀)မြေက်ရွှေရတုဇူလိုင် (၇)ရက်နေ့အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားဆန္ဒပြပွဲ့ကိုအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိစစ်ကောင်စစ်ဝန်ရုံးရှေ့တွင်၂၀၁၂ဇူလိုင်လ(၇)ရက်နေ့နေလည်(၂)နာရီမှာညနေ(၄)နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားသို့အမေရိကန်ပြည်ထောင်စုနယူးယောက်ဒီမိုကရေစီလိုလားသူများ၊ရဟန်ရှင်များ၊တိုင်းရင်သားများတက်ရောက်ခဲ့ကြပြီး၊ဆဲဗင်းဇူလိုင်အရေးတော်ပုံတွင်ကျဆုံးသွားခဲ့သောကျောင်းသားသူရဲကောင်းများ၊ခေတ်အဆက်တွင်အများပြည်သူလွတ်မြောက်ရေးအတွက်အနစ်နာခံ၊အသက်စတေးပေးဆပ်ခဲ့ကြသော၊စစ်အာဏာရှင်အဆက်ဆက်ကိုအံတုရင်ဆိုင်ခဲ့ကြသော၊ရင်ဆိုင်တိုက်ပွဲဝင်နေဆဲဖြစ်သောကျောင်းသားသူရဲကောင်းအပေါင်းအားဂုဏ်ပြုဦးညွတ်အလေးပြုခြင်း၊ ကျောင်းသားသမဂ္ဂသီချင်းအားသီဆိုခြင်း၊ အဖွင့်သစ္စာကဗျာ၊7July (သို့)သက်သက်မိုးကဗျာနှင့်အခြားကျောင်းသာသမဂ္ဂဆိုင်ရာကဗျာတို့ကိုရွှတ်ဆိုခြင်း၊ တက်ရောက်လာသူအသီး သီးမှဆဲဗင်းဇူလိုင်အမှတ်တရစကားပြောပြောကြားခြင်း၊ ဆဲဗင်းဇူလိုင်အရေးတော်ပုံကိုစစ်တပ်မှ လုပ်ဆောင်ခဲ့ပုံ များနှင့်တာဝန်ရှိသူများကို ဖော်ပြထားသည့်သမိုင်းရေး အထောက်အထားအချို့ကို ဖတ်ကြားမှတ်တမ်းတင်ခြင်း နှင့်ကြွေးကြော်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ကြွေးကြော်တောင်းဆိုချက်များမှာကျောင်းသားသမဂ္ဂပြန်ဆောက်ကြရန်၊လွတ်လပ်သောပညာရေးစနစ် ချက်ချင်းလုပ်ရန်၊ ဆဲဗင်းဇူလိုင်အမှုမှန်ကိုထုတ်ဖော်ပေးရန်၊ အတုအယောင်ပြောင်းလဲမှုများကို ချက်ချင်းရပ်တန့် ရန်၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုအမှန်တကယ်လုပ်ဆောင်ရန်၊စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပစ်ရန်၊ဒီမိုကရေစီ အရေးတော်ပုံမုချအောင်မြင်ဖြစ်ကြောင်းတို့ပါဝင်ကြောင်းသိရပါသည်။

Tuesday, July 10, 2012

ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြ သည်။


ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီကိုင်ဆောင် ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။

“ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။ ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြတောင်းဆို ခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။

ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။

“ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
School-student-protest-in-Kyauk-Pru-by-Narinjara
ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီးများကျောင်းသား များ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။

ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင်အုပ်ချုပ်ရေး မှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ပျက်စီးနေသော ငလကျွန်း- ဂုံးရှိန်လမ်းအတွက် ပြုပြင်ရန်  အတွက် ဒေ၀ူး ကိုးရီးယား ကုမ္ပ္ပဏီမှ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ထုတ်ပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသ အာဏာပိုင်များက လမ်းကို ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အပါအ၀င် ဒေသခံများ အကြားတွင် အထူးမကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။

Monday, July 9, 2012

နှစ်(၅၀)မြောက်ရွှေရတု (၇)ဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေငြာချက်


I    F    B    N    C
INTERNATIONAL FOUNDATION FOR BURMA NATIONAL CONGRESS

     နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း

နှစ်(၅၀)မြောက်ရွှေရတု (၇)ဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေငြာချက်
ရက်စွဲ။  ။ဇူလိုင်လ(၆)ရက်၊၂၀၁၂ ခုနှစ်
၁။၂၀၁၂ခုနှစ်၊ဇူလိုင်လ(၇)ရက်နေ့သည်မတရားအာဏာလုယူခဲ့သည့်ဗိုလ်နေ၀င်းဦးဆောင်သည့်စစ်အစိုးရကရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းဆောင်စည်းကမ်းများတင်းကျပ်ချုပ်ချယ်မှုအတွက်ငြိမ်းချမ်းစွာစီ
တန်းလှည့်လည်ဆန္ဒပြခဲ့ကြသည့်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများကိုစစ်တပ်အင်အားအလုံးအရင်း ဖြင့်စစ်မြေပြင်ကဲ့သို့ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးဆင်နွှဲကျူးလွန်ခဲ့ပြီး၊နောက်တနေ့ (ဇူလိုင်လ-၈-ရက်အာရုံတက်ချိန်)တွင်သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးအားဖေါက်ခွဲ ဖျက် ဆီးခြင်းခံခဲ့ရသည့်နှစ်(၅၀)မြောက်ဝမ်းနည်းဖွယ်အမှတ်တရနေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။
၂။ဖေါက်ခွဲဖျက်ဆီးခြင်းခံလိုက်ရသည့်ကျောင်းသားသမဂ္ဂအဆောက်အဦး(တကသ အဆောက်အဦး)သည် မြန်မာနိုင်ငံကိုဗြိတိသှအုပ်စိုးသည့်ခေတ်ကာလ (၁၉၃၁) ခုနှစ်ကပင်တည်ဆောက်ခဲ့သည့်အဆောက်အဦး ကြီးဖြစ်ပြီး၊ထိုသမဂ္ဂအဆောက်အဦးကြီးမှာအင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် အာဏာရှင်စစ်စံနစ်တော်လှန်ရေးစသောမြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်တွင်ပြည်သူလူထုကိုတပ်ဦးမှအလံကိုင်ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့်ကျောင်းသားအာဇာနည်များ၊တော်လှန်ရေးနိုင်ငံရေးခေါင်းဆောင်များ စွာ ကိုမွေးထုတ်ပေးခဲ့သောသမိုင်းဝင်နေရာဖြစ်သောကြောင့် ဤကဲ့သို့တက္ကသိုလ်မြေသွေးစွန်းပေခြင်း နှင့် ကျောင်းသားသမဂ္ဂဖျက်ဆီးခံရခြင်းသည်မြန်မာ့နိုင်ငံရေးသမိုင်းတွင်မေ့ပျောက်မရနိုင်သည့်အလွန်ကြီး မား သည့် သမိုင်းရေးနစ်နာဆုံးရှုံးမှုကြီးဖြစ်ပေသည်။
၃။မြန်မာ့နိုင်ငံရေးသမိုင်းတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အခန်းကဏ္ဍသည် ခမ်းနားပြောင် မြောက်လှပြီး၊နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး၊ဖက်ဆစ်ဂျပန်တော်လှန်ရေး၊စစ်အာဏာရှင်စံနစ်တော်လှန်ရေးစသည့်တော်လှန်ရေးအဆက်ဆက်တွင်ပြည်သူလူထုကိုထိပ်ဆုံးမှစေ့ဆော်စည်းရုံးကာတပ်ဦးမှာအလံကိုင်၍စည်းလုံးညီညာသည့်သမဂ္ဂစိတ်ဓာတ်၊မည်သည့်ဖိနှိပ်မှုကိုမျှ ခေါင်းငုံမခံ၊တန်ပြန်တော်လှန်သည့်ခွပ်ဒေါင်း
စိတ်ဓာတ်ဖြင့်စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့သည်မှာယနေ့ထိတိုင်ဖြစ်ပေသည်။
၎။စစ်အာဏာရှင်စံနစ်၏လမ်းပြရှေ့ဆောင်စစ်ဘီလူးကြီးဗိုလ်နေ၀င်း၏ ၁၉၆၂ခုနှစ်ဇူလိုင်(၇)ရက်ပွဲဦးထွက် ကျောင်းသားလူသတ်ပွဲကြီးမှသည် ယနေ့အထိနှစ်ပေါင်း(၅၀)အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်း
သားလှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှုမြောက်များစွာပေါ်ပေါက်ခဲ့ပြီး၊ထိုလှုပ်ရှားမှုအားလုံးကိုစစ်အာဏာရှင် အဆက်ဆက်သည် ၎င်းတို့၏ဆရာကြီးဗိုလ်နေ၀င်း၏ခြေရာနင်းပြီး၊ ကျောင်းသားများကို ထောင်သွင်းအ ကျဉ်းချခြင်း၊ စစ်တပ်သုံးပြီးပစ်ခတ်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်နည်းလမ်းများဖြင့်သာ ဖြေရှင်းခဲ့ကြ သည်မှာနှစ်ပေါင်း(၅၀)ရှိပြီဖြစ်လေသည်။
၅။စစ်အာဏာရှင်စစ်ဘီလူးကြီးဦးနေ၀င်းမှသည်စစ်အာဏာရှင်အဆက်ဆက်၏ကျောင်းသားနှင့် လူထုအပေါ်သတ်ဖြတ် ကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများကိုကျောင်းသားများကစုံစမ်းဖေါ်ထုတ်အရေးယူပေးရန်တောင်းဆိုခဲ့ကြသော်လည်းခေတ်အဆက်ဆက်စစ်အာဏာရှင်တို့သည်အရေးယူခြင်းလုံးဝမရှိသည့်အပြင်၊၀မ်းနည်းဖွယ်ကျောင်းသားတို့၏သမိုင်းအထိမ်းအမှတ်နေ့များကျင်းပခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးပြီး၊ သမိုင်းဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့ကြသည်မှာယနေ့လက် သစ်စစ်အာဏာရှင်ဗိုလ်သိန်းစိန်အစိုးရတိုင်အောင်ဖြစ်ပေသည်။
၆။မည်သို့ပင်ဖြစ်စေ၊သမိုင်းဟူသည်လိမ်၍မရ။ပိတ်ပင်တားဆီး၍ရသည့်အချင်းအရာမဟုတ်ပါ။စစ်အာဏာရှင်တို့ကသူတို့ကျူးလွန်သည့်သမိုင်းဝင်ရာဇ၀တ်မှုများအား ဆင်သေကိုဆိတ်ရေဖြင့် ဖုံးသလိုဖုံးကွယ်ရန်ကြိုးစားနေသော်ငြားလည်းသ မိုင်းပေးတာဝန်ကျေပွန်သည့်ကျောင်းသားမျိုးဆက်တို့၏တာဝန်သိသိ၊လက်ဆင့်ကမ်းသယ်ဆောင်လာမှုကြောင့်စစ်အာဏာရှင်တို့၏သမိုင်းအမဲစက်ကြီးများသည်မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာများတွင်ယနေ့ထိတိုင်ထင်းထင်းကြီးပေါ်လွင်လျှက်တည်ရှိနေပေသည်။
၇။ထို့ကြောင့်ကျွန်ုပ်တို့IFBNCအနေဖြင့် နှစ်(၅၀)မြောက်(၇)ဇူလိုင်ဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့တွင်နောင်လာနောက် သား၊မျိုးဆက်သစ်ကျောင်းသားကျောင်းသူများကိုအထူးပြောကြားလိုသည်မှာ၁၉၆၂ခုနှစ်(၇)ရက်ဇူလိုင်ကျောင်းသားလူသတ်ပွဲကြီးအပါအ၀င် စစ်အာဏာရှင်ခောတ်အဆက်ဆက်မှာစစ်အာဏာရှင်စစ်ဘီလူးတို့ရေးထိုးခဲ့သည့်သမိုင်းဆိုးမှတ် တမ်းများကိုအာဏာရှင်တို့မည်သို့ပင်ပိတ်ပင်တားဆီးပြီးဖျောက်ဖျက်ရန်ကြိုးပမ်းသည်ဖြစ်စေ၊ထိုသမိုင်းဆိုးမှတ်တမ်းများ၊ရာဇ၀တ်မှုများအားမှန်ကန်စွာဖေါ်ထုတ်အရေးယူနိုင်သည့်နေ့အထိကျောင်းသားမျိုးဆက်၊တဆက်ပြီးတဆက်၊လက်ဆင့်ကမ်းသယ်ဆောင်သွားရန်မှာကျောင်းသားတိုင်းသမိုင်းပေးတာဝန်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာလိုက်ပါသည်။
*အသက်စတေးခဲ့ကြသည့်နောင်တော်၊အမတော်ကျောင်းသားခေါင်းဆောင်များအားအလေးပြုကြ။
*ဖိနှိပ်ရက်စက်မှုမှန်သမျှကိုခေါင်းငုံမခံ၊ တော်လှန်သည့် ခွပ်ဒေါင်းစိတ်ဓာတ်မွေးမြူကြ။
*စည်းလုံးညီညာသည့်သမဂ္ဂစိတ်ဓာတ်မွေးမြူကြ။
*သမဂ္ဂအဆောက်အဦးကိုပြန်လည်တည်ဆောက်ကြ။
*(၇)ရက်ဇူလိုင်စိတ်ဓါတ် ကမ္ဘာတည်သရွေ့ ခိုင်မြဲစေရမည်။

အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com, http://ifncblog.blogspot.com/, http://www.ifbnc.org  , http://www.ifbnc.org/bur
Posted: 09 Jul 2012 03:21 AM PDT
မောင်ရမ္မာ


ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ယခုလ ၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ပြုလုပ်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် အခြေစိုက်သော ALA ရမ္မာဝတီ တပ်ရင်းတွင် အဆိုပါ စစ်သင်တန်းဆင်းပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၅၀ ကျော် သင်တန်း ဆင်းခဲ့ကြသည်ဟု သိရသည်။

သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ယခုလို ပြောသည်။

“ ရခိုင်တပ်မတော် ဆိုတာ ရခိုင်ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ဖွဲ့စည်း ထားတာာ ဖြစ်ပါတယ်။ အဲဒီ ရည် ရွယ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် သားတွေ ကို စစ်သား တစ်ဦး အတွက် မရှိ မဖြစ် လိုအပ်တဲ့ အခြေခံ စစ်ရေး သင်တန်းကို ဖြည့်စွမ်း ပေးရတာ ဖြစ်ပါတယ်။ အခု သင်တန်းကို ALA လက်အောက်ခံ ရမ္မာဝတီ တပ် ရင်းက ပြုလုပ်တဲ့ သင်တန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု စစ်ရေး သင်တန်းသည် ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် ပြုလုပ်သော သင်တန်း ဖြစ်ပြီး အပတ်စဉ် ၁/၂၀၁၂ ဖြစ်သည်။

သင်တန်း ဆင်းပွဲတွင် ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်မှ သင်တန်းဆင်း ရဲဘော်များကို ယခုလို အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ရခိုင်ပြည် လွတ် မြောက်ရေးတပ်မတော်ကို အရည်အချင်းမြှင့်မားတဲ့ တပ်မတော်၊ ဒါနဲ့ တဆက်တည်း အရေအတွက် ပေါများတဲ့ တပ်မတော် တည်ဆောက်ရမယ်။ အဲဒီလို တည်ဆောက်မှ သာလျှင် ရခိုင်ပြည် သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်တဲ့ တပ်မတော်ကြီးဖြစ်လာမယ်။ အဲဒါကြောင့် သင်တန်း ဆင်းတဲ့ ရဲဘော် တွေဟာ မိမိတို့ ရခိုင်ပြည် သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ ဆိုတဲ့ စိတ်ဓါတ် တွေ မွေးပြီးတော့ စစ်ရေးနဲ့ ပတ်သက်တဲ့ အတတ်ပညာ တွေကို အရာရှိ၊ အ ကြပ် အဆင့်ဆင့် သင်တန်း လိုက်ပြီး သင်ကြားလိုတဲ့ ဆန္ဒတွေ မွေးကြ ဖို့နဲ့ ယနေ့ကာလ တိုက်ပွဲ ရပ်နားထားတဲ့အချိန်မှာ မိမိတို့ တိုင်းပြည် အတွက် လိုအပ်တဲ့ ပညာရပ်တွေကို ဆည်းပူးကြဖို့၊ တိုက်ပွဲဝင်တဲ့ နေရာတွေမှာလည်း ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားတွေနဲ့ ပူပေါင်း တိုက်ပွဲ ၀င်ကြဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့ဟု ဆိုသည်။

သင်တန်း ဆင်းပွဲ အခမ်းအနားသို့ မဟာမိတ်များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒို အောင် မောင်အေး၊ ဘားအံခရိုင်အတွင်းအရေးမှူး စောအားတို၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇)၊ တပ်ရင်း (၂၁) မှ တပ်ရင်းမှူးကိုယ်စား ဒု-တပ် ရင်းမှူး ဗိုလ်မှူး မိုးစက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော်များနှင့် ရခိုင်ပြည် လွတ် မြောက်ရေးတပ်မတော် (ALA) အရာရှိအရာခံ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ် ရခိုင်လူငယ်များ အပါ အ၀င် စုစုပေါင်း (၁၅၀) ကျော် တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီသည် လက်ရှိ အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ဖြစ်သည်။
http://www.narinjara.com/burmese/?p=1173