Wednesday, July 11, 2012

ကျွန်တော်မှတ်မိသမျှ 1970တက္ကသိုလ် ရွှေရတုကျောင်းသားသမဂ္ဂလှုပ်ရှားမှု(မော်လမြိုင်ကောလိပ်)


ကျွန်တော်မှတ်မိသမျှ 1970တက္ကသိုလ် ရွှေရတုကျောင်းသားသမဂ္ဂလှုပ်ရှားမှု(မော်လမြိုင်ကောလိပ်)
by Rahul Kyaw Ko Ko on Wednesday, May 30, 2012 at 5:40pm ·
ကျွန်တော်တို့ဟာ မော်လမြိုင်ကောလိပ်တက္ကသိုလ်ကျော
 
င်းသားသမဂ္ဂကို 1968ထဲက
စပြီးလျှို့ဝှက်ဖွဲ့စည်းထားနို
င်ခဲ့ပါတယ်။ 62မျိုးဆက်များရဲ့
လမ်းညွှန်မှုနဲ့ ဖွဲ့စည်းနိုင်ခဲ့တာပါ။ 1968ကစပြီး
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၊ စနစ်သစ်ပညာရေးဆိုတဲ့ အနှစ်မရှိတဲ့ပညာရေးကို
ဆန့်ကျင်ရေး၊
ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းနိုင်ရေးတို့ကို ဦးထိပ်ထားပြီး
လျှို့ဝှက်စာစောင်များ ကဗျာများကို
တက္ကသိုလ်အသီးသီးမှာ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နည်းတူ
ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၊စီးပွားရေး ၊
စက်မှုတက္ကသိုလ်များမှာလည်း လျှို့ဝှက်ကျောင်းသားသမဂ္ဂလေးတွေ ရှိခဲ့ပါတယ်။
အပြန်အလှန်ဆက်သွယ်မှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။
     1970 ဒီဇင်ဘာ(၅)ရက်မှာတော့ စစ်အစိုးရက
ရန်ကုန်တက္ကသိုလ်ရွှေရတုဆိုပြီး ကပွဲခုန်ပွဲတွေ
လုပ်ဖို့စီစဉ်ပါတယ်။ကျွန်တော်တိ
ု့ကလည်း ထိုနေ့မှာပဲ တက္ကသိုလ်ပေါင်းစုံ
ဆန္ဒပြပွဲလုပ်ဖို့ ညှိနှိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေး အခြေအနေအရ
ကျွန်တော်တို့ မော်လမြိုင်ကောလိပ်က 4 ရက်နေ့မှာ စလိုက်ရပါတယ်။ စစ်အစိုးရက
လက်ဦးမှုယူပြီး ရန်ကုန်ရွှေရတုသဘင်ပွဲကို ဖျက်လိုက်တဲ့ အတွက် ရန်ကုန်မှာ
လှုပ်ရှားမှု မလုပ်ဖြစ်ကြပါဘူး။
    ကျွန်တော်တို့ဟာ မော်လမြိုင်ကောလိပ်မှာ
ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံကို လွှင့်ထူပြီး 4ရက်5ရက်၊ 6ရက်
သုံးရက်တိုင်တိုင် ဆန္ဒပြနိုင်ခဲ့ပါတယ်။ မော်လမြိုင်မြို့တွင်းမှာတော့
သောင်းချီတဲ့ အ.ထ.ကကျောင်းသားတွေ ပါဝင်ဆန္ဒပြနိုင်ခဲ့ပါတယ်။ စစ်အစိုးရက
အ.ထ.ကကျောင်းသားတွေနဲ့ ကျွန်တော်တို့ သွားရောက်ပူးပေါင်းမှာကို
ကြိုတင်ကာကွယ်ပြီး ကောလိပ်ကို စစ်တပ်နဲ့
ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ဒါေ
ကြာင့် မော်လမြိုင်ကောလိပ်
မိန်းအဆောက်အဦးကြီးထဲမှာပဲ သုံးရက်တိုင်ဆန္ဒပြနိုင်ခဲ့ပါတယ်
ကောလိပ်အသီးသီးက ကျောင်းသူကျောင်းသား အားလုံးလိုလိုပဲ ပါဝင်ခဲ့ပါတယ်။
ကျောင်းသားအများစုဆန္ဒနဲ့ မော်လမြိုင်ကောလိပ်ကျောင်းသား
သမဂ္ဂကို
ရွေးချယ်ဖွဲ့စည်းခဲ့ကြပါတယ်။
    (၅)ရက်နေ့မှာတော့ ကျွန်တော်တို့ကျောင်းသားသမဂ္ဂ
ကိုယ်စားလှယ်များနှင့် ဒုဗိုလ်မှုးကြီး သိုးထိမ်း ၊ကျောင်းအုပ်ကြီး
ဒေါက်တာ မန်းသက်စံ ပါဝင်တဲ့ အဖွဲ့တို့ သံတိုင်ခြားပြီး
ဆွေးနွေးပွဲထိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကြွေးကြော်သံဖြစ်တဲ့ (၁) လွပ်လပ်စွာ
ပညာသင်ကြားရေး(၂) ငြိမ်းချမ်းစွာ ပညာသင်ကြားရေး (၃)
ကျောင်းသားသမဂ္ဂတရားဝင် ဖွဲ့စည်းခွင့်ရရှိရေး (၄)
မိဘပြည်သူများအရေးတို့ကို ဆွေးနွေးပါတယ်။ စစ်အစိုးရ ဒုဗိုလ်မှုးကြီးဆိုသူက
လူစုခွဲရေးကိုသာ ပြောနေပါတယ်။ မျက်ရည်တွေဝဲနေတဲ့ ကျွန်တော်တို့
ဆရာကြီးကတော့ ထုံးစံအတိုင်း ဘာမှမပြောနိုင်ရှာပါဘူး။ ဒါကြောင့်
ဆွေးနွေးပွဲ ပျက်ပြီး ကျွန်တော်တို့ ဆက်လက် ဆန္ဒပြကြပါတယ်။
  (၆)ရက်နေ့မှာတော့ အစာရေစာပြတ်လပ် ရေပါ ငတ်နေတဲ့ ကျွန်တော်တို့ေ
ကျာင်းသားကျောင်းသူတွေဟာ အစိုးရစစ်သားတွေရဲ့ ဆွဲချ ဖြိုခွဲတာ
ခံလိုက်ရပါတယ်။ ကျွန်တော်တို့ ကျောင်းသားကျောင်းသူနှစ်ရာကျော်
ဖမ်းခံရပါတယ်။ ထောင်နဲ့ချီပြီး ၀မ်နင်ပေးတာ ၊ကျောင်းထုတ်တာ ခံကြရပါတယ်။
    မော်လမြိုင်ထောင်က ကျွန်တော်တို့ လွတ်လာတဲ့အခါ တချို့က
ဗမာပြည်ကွန်မြူနစ်ပါတီထဲ တချို့က KNU၊ တစ်ချို့က မွန်ပြည်သစ်ပါတီထဲ
တချို့ကပြည်ပ စသည်ဖြင့် ရောက်သွားကြပါတယ်။ အများစုကြီးကတော့ လယ်သမား
အလုပ်သမား ကုန်သည်ပွဲစား ၀န်ထမ်းဘ၀တွေ ရောက်သွားကြပါတယ်။ ထူးခြားတာကတော့
ဘယ်ဘ၀ပဲရောက်သွားကြသည်ဖြစ်စေ ကျွန်တော်တို့ အဖိုးကြီးအဖွားကြီးတွေ ဘဝ
ပြန်ဆုံကြတဲ့အခါမှာ လူတိုင်းဟာ ငယ်စဉ်က နှလုံးသားနဲ့ ရင်းပြီး
လှုပ်ရှားပါဝင်ခဲ့ကြဖူးတဲ့ ရွှေရတုသပိတ်ကြီးကို သတိရ ဂုဏ်ယူနေကြ သူတွေချည်း
ဖြစ်နေတာ တွေ့ရပါတယ် ။
    ယနေ့ခေတ်လို မီဒီယာတွေ မထွန်းကား မ.ဆ.လတွေ ကြီးစိုးနေတဲ့
နှစ်ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ နောက်လူသူသားတွေဟာ ဒီလှုပ်ရှားမှုကြီးကို
မသိကြတော့တာကို ၀မ်းနည်းမိပါတယ်။ တချို့လည်း တောထဲတောင်ထဲမှာ မထင်မရှား
ကျဆုံးသွားခဲ့ကြပါပြီ။
    ငြိမ်းချမ်းညီညွတ်တဲ့ ဥာဏ်ပညာကြီးစိုးတဲ့ ကာလလေးတွေ
ဖြစ်တည်လာတဲ့တစ်နေ့မှာ ကျွန်တော်တို့ ရွှေရတုကျောင်းသားသမဂ္ဂ၀င်
အဘိုးကြီးအဘွားကြီးတွေ ပြန်လည်ဆုံတွေ့ချင်ကြပါသေးတယ်။
လွန်ခဲ့တဲ့
42နှစ်တာကာလ ကျွန်တော်မှတ်မိသမျှကို အကျဉ်းချုံးပြီးရေးရတာပါ။
ကျွန်တော်တို့ တူသားလေးများကလည်း ကျွန်တော်တို့ပြန်လည်ဆုံဆည်းနို
င်ရေး
တတ်နိုင်သမျှ ဆက်သွယ်ဝိုင်းဝန်းပေးကြစေလိုပါတယ် ခင်ဗျား။
 
1970တ.က.သ အဖွဲ့ဝင်တစ်ဦး
        ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ့ချုပ်သို့ အထက်ပါ
အကြောင်းအရာဖြင့် စာတစ်စောင်
ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် သမိုင်းမှတ်တမ်းများတွင်
ပြည့်ပြည့်စုံစုံ မပါဝင်သေးသော မော်လမြိုင်ကောလိပ် ရွှေရတုသပိတ်
အကြောင်းစုံကို ယခုထက်ပိုမို သိရှိလိုပါသေးသည်။ အထက်ပါ စာရေးသူ 1970
တ.က.သ အဖွဲ့ဝင်တစ်ဦး၏ ဆန္ဒနှင့် အညီ လူဟောင်းကြီးများ
ပြန်လည်ဆုံတွေ့ရေးကို ကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ်မှ တတ်အားရှိသရွေ့
ဝိုင်းဝန်းကူညီချင်ပါသည်။ယင်းလှု
ပ်ရှားမှုတွင်ပါဝင်ခဲ့သူများ
ဗကသများအဖွဲ့ချုပ်၏ အီးမေးလ် abfsucoc2012@gmail.com
,သို့ဆက်သွယ်နိုင်ပါသည်။
ph- 09 43201041သို့လည်း ဆက်သွယ်နိုင်ပါသည်။ တစ်နိုင်ငံလုံးရှိ
ဗကသအဖွဲ့ဝင်များကလည်း ၀ိုင်းဝန်းကြိုးပမ်း ရှာဖွေ ပေးကြပါဟု
တိုက်တွန်းလိုက်ရပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်


ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
by သတင်း ကြိုက်သူ on Thursday, June 7, 2012 at 1:28am ·
စာဖတ်ပရိသတ်များခင်ဗျား
 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ P.A လုပ်ခဲ့တဲ့ ဗိုလ်ထွန်းလှဟာ သူအနီးကပ်နေခဲ့ရတဲ့  ရိုးသား ပွင့်လင်း ချစ်စရာကောင်းသော ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို  ကိုယ်တွေ့ ဖြစ်စဉ်များနဲ့တကွ ရေးသားပြုစုခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးရဲ့  ဗိသုကာ၊ တပ်မတော်ဖခင် ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို ဖတ်ရှူရင်း  စာရေးသူနဲ့အတူ လွမ်းဆွတ်မှုများဟာ ရိုက်ခတ်ခဲ့သလို နောင်လာနောက်သားများလည်း သိရှိကာ ဗဟုသုတ ရစေလိုသော ဆန္ဒဖြင့် ကျွန်တော် ကိုဖိုးတရုတ်မှ ယနေ့ ဆက်လက်  တင်ဆက် ပေးလိုက်ပါတယ် ခင်ဗျား။
 
 
 
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်
 
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)
 
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည်  ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက်  ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး)  သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
 
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ  ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက  ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ  ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင်  ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့်  အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊  ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို  တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
 
တစ်နေ့သ၌ ဗိုလ်ချုပ်သည်  မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍  ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ  ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ  တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက်  ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ  ဖြစ်သည်။
 
“ဘာများလည်း ဗိုလ်ချုပ်”
 
ကျွန်တော်ထုံးစံအတိုင်  သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ ပီအေ  (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက်  သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု  စားချင်တယ် ကွာ” ဟုပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို  ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။
 
ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား  နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က  ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။  ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိန်ပုံမရဘဲ  တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာ လက်ဆေး၍  ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့  ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ်  လုပ်နေရချိန်တွင် ဘာမျှမစားမသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်  အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ \[မှတ်ချက်။  ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ၀န်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို  ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ်  သုံးစွဲ ရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော  ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့်  လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့်  ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ  အပြစ်မဆိုသာပါချေ။ စာရေးသူ
 
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး  စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း  တစ်ခုခု ၀ယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါသည်။
“ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
“ဘာလဲ မင်းက ငါ့ကို ၀ယ်ကျွေးမလို့လား၊ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည်  လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍  ကျွန်တော်တို့ လူငယ်တွေ ကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့  သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့်  ကျွန်တော်ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု  ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ”
ကျွန်တော်သည် ခပ်တည်တည်ဖြင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း  ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အင်္ကျီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့်  ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော်  ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
“ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ”
“ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊  ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း  လာပါ ဗိုလ်ချုပ်”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”
ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။
 
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ  ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း  ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊  ဒါလဟိုဇီလမ်း (မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့  တိုက်ရိုက်မောင်းသွား လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း  စိတ်ထဲမှာ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်  မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။  မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ  ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က မကြာခဏ ၀င်စားလေ့ရှိသော  ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။  ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း  ဖြစ်ပါသည်။
 
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည်  အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ  ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင်  ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ  မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့်  ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး  ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
 
“ဒီမယ် ခင်ဗျားကျုပ်ကို  သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့  လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ်  စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက်  မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ်  လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်  ပိုက်ဆံရှင်းပြီး ပါပြီလို့လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ  မသိစေချင်ဘူး”
ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ  ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက်  နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ၀င်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
 
ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့်  စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ ကျွန်တော်လည်း  ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး  ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန်  အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ  တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း -
“ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်”
ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း  အချက်ပြ ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား  ရိုသေစွာ ဆလံပေး အလေးပြုရင်း -
“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ့ လား”
ကျွန်တော်က ဆိုင်ရှင်ရှေ့ တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -
“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
 
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း  တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။  နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း  (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့်  ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို  ရှင်းပေးလိုက်ရပါသည်။
 
ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း  သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း  ကာယကံရှင်ပုဂ္ဂိုလ်ရဲ့  ပင်ကိုစရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့  အဆိုအမိန့်ကို အလေးအနက် ထောက်ခံမိပါတော့သည်။

ဦးနု ပြောတဲ့ ဦးအောင်ဆန်း


ဦးနု ပြောတဲ့ ဦးအောင်ဆန်း

(၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ ကိုအောင်ဆန်းက တစ်ယောက် အပါအ၀င်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ၀န်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။ ကိုအောင်ဆန်း ရဲ့ ကိုယ်ရည် ကိုယ်သွေး ကတော့ ပြိုင်ဘက်ကင်းပါပဲ။သူက စကား နည်းတယ်။ ကျွန်တော်နဲ့ စတွေ့တွေ့ ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာ လို့ပဲ ထင်လိုက်တယ်။ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ ကတော့ ရင်းနှီး ကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်လာ ကြတယ်။ လမ်းတွေ့ရင် သဲလှိုက်၊ အူလှိုက် နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်း ကတော့ အဲသလိုမျိုး မဟုတ်ဘူး။ လမ်းတွေ့လည်း နှုတ်ဆက်ချင် မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာ တတ်ပြီး သူ့ကို ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။သူနဲ့ တော်တော် ရင်းနှီး လာတော့မှ သူ့အကြောင်းကို နားလည် သဘောပေါက်လာတယ်။ သူက အလဟဿ အလာပသလ္လာပတေ ပြောတာမျိုးတွေ၊ လူမှုရေးအရ အပေါ်ယံ နှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်း နေတာတွေကို မယုံကြည်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်း ဆက်ဆံတာမှ လိုအပ်တာကို ကူညီ လုပ်ကိုင်ပေးနိုင်တယ် လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာအချင်းချင်း ရင်ဘတ်ချင်းအပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်းရှင်းပြနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သူက အပေါင်းအသင်း လုပ်လို့ မရတဲ့ လူမျိုး မဟုတ်ဘူး။ ကဖျက်ကယက် လုပ်တဲ့လူမျိုး မဟုတ်ဘူး။ သူက တိကျတယ်။ ပြတ်သားတယ်။ မှန်တယ်။အဖွဲ့ အနေနဲ့ ကတော့ (၁၉၃၅-၃၆) ပညာသင်နှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တွေ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ကြရတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ တို့က အကြံပေးလို့ ကျွန်တော်က ဥက္ကဋ္ဌ နေရာ ကနေ အရွေးခံတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စတာ ရာရှစ် တို့ကတော့ အဖွဲ့ဝင်တွေပေါ့။ ကျွန်တော်တို့ အနိုင်ရတယ်။ ကျွန်တော်တို့ တွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂ အလုပ် တွေကို တက်တက်ကြွကြွ သူ့ထက် အရင် အောင်အောင်မြင်မြင် ဆောင်ရွက် ကြတယ်။ အဲဒီနှစ်မှာပဲ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာတယ်။ အဲဒီတုန်းက ယေဘုယျ အားနဲ့ ကျွန်တော် ယုံကြည်ထားတာ ကတော့ ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။ဦးနု


ဒါနဲ့ ပတ်သက်ပြီး အမြင်ချင်း ကတော့ မတူကြဘူး။ ကျွန်တော့်ကို ကျောင်းထုတ်လိုက်တဲ့ အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ဆီက အသိပေးစာ ကျွန်တော် လက်ခံရရှိတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ် နေမယ် လို့ ကျွန်တော် ကတော့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့် အတွက် နဲ့ ကျောင်းသားတွေ စိတ် အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါပေမယ့် လို့ သတင်းက ပျံ့သွားပြီ။ သမဂ္ဂ အဖွဲ့ဝင် ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့်ဆီေ ရာက်လာကြပြီး တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့ ပြောကြတယ်။ ကျွန်တော့် ကိုယ်ပိုင်ကိစ္စ ဖြစ်လို့ ကျွန်တော်ကတော့ ဘာမှ ပြောစရာ မလိုဘူး။ ကော်မတီက ပြောမယ်။ ကျောင်း ထုတ်တယ် ဆိုတာ နာမည်လောက် ပါပဲ။ ပညာသင်နှစ် ပြီးသွားပြီ။ ငါ့ကို ဥပဒေ စာမေးပွဲ မဖြေနိုင်အောင်လည်း မတားနိုင်ပါဘူး လို့ ပြောပြီး ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သိမ့်ဖို့ ကြိုးစား ပါသေးတယ်။

ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်း မှာပဲ ကိုအောင်ဆန်း လည်း ကျောင်း ထုတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းကို ကျောင်းသား တစ်ယောက်က သယ်လာတယ်။ ဒီသတင်းမှန်လား ဆိုတာ စုံစမ်းဖို့ တက္ကသိုလ် ကော်မတီ ၀င်လူကြီး ဦးဘလွင် ဆီ သူငယ်ချင်း တစ်ယောက် ကို လွှတ်လိုက်တယ်။ မှန်တယ် တဲ့။ ကျွန်တော်တို့ သခင်လူငယ် နိုင်ငံရေး သမားတွေ အနေနဲ့ ချောက်ချီးချောက်ချက် လောက်ပဲ ဖြစ်နေကြတာ။ ဒါပေမယ့်လို့ တကယ်တမ်း ကြတော့ ကျွန်တော်တို့က တကယ်ကို ပင်ပင်ပန်းပန်း လုပ်နေကြရတာ။ ကျွန်တော်တို့တွေ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းတယ်။ တချို့နေ့တွေ မှာဆို ထမင်းစားစရာ မရှိလို့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်သောက်ပြီး အသက်ဆက် ကြရတယ်။ ပါတီ အစည်းအရုံး ကိစ္စကို ကျွန်တော် စိတ်မ၀င်စားဘူး။ သခင် အောင်ဆန်းနဲ့ သခင် သန်းထွန်းတို့က နယ်လှည့် ဟောပြောနေတုန်း ကျွန်တော်က ရန်ပုံငွေရှာ ထွက်ရတာကို ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူ ဆိုတော့ ဒီငွေနဲ့ ထမင်းစားကြရမှာ မဟုတ်လား။ အဲကိုအောင်ဆန်း ကတော့ ထမင်းဆာ နေတာတောင် ငွေလာတောင်းတာ၊ ထမင်း ၀ယ်ကျွေးခိုင်းတာမျိုး မလုပ်ဘူး။ သူက တစ်ထောင့်ထောင့်မှာ ထိုင်ပြီး စာအုပ်ထဲ အာရုံ နစ်ဝင်နေတာ။ ဘာမှ မငြီးငြူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံ တစ်မျိုးနဲ့ လေ့ကျင့် ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်တယ်။ ပါတီ ဌာနချုပ်မှာ ရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွ နေတာ ကတော့ နာမည်ကြီးပဲ။ ဘာမှ မပြုပြင် ထားတဲ့ အိပ်ယာ ပေါ်မှာပဲ ဖြစ်သလို အိပ်တာ။ သူ့အခန်းထဲ ရောက်လာသူ တွေကို ဂျပိုး တွေက တိုက်ထုတ်လို့ ထွက်ပြေး ကြရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီ ဂျပိုးတွေ နဲ့ နေနိုင်၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်က ရောက်နေတဲ့ သခင်တွေ၊ သခင်မတွေ ရှိနေတယ်။ ဌာနချုပ်က ကောင်လေးတွေက အဲဒီ နယ်ကိုယ်စားလှယ် တွေကို သခင်အောင်ဆန်း အခန်းမှာ နေရာပေးကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စင်္ကြန်လမ်းမှာ မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်း က အထွေထွေအတွင်းရေးမှူး ဖြစ်နေတာ။ ဧည့်သည်တွေက အထွေထွေ အတွင်းရေးမှူး အခန်းထဲ အိပ်ရလို့ ပျော်နေကြတယ်။ ဂျပိုးတွေ စစ်ပွဲ မခင်းခင်တော့ နေနိုင်သေးတာပေါ့။ သန်းခေါင်လည်း ရောက်ရော ဂျပိုးတွေရဲ့ ထိုးစစ်ကို ခံစစ် မလုပ်နိုင်ကြတော့ဘူး။ ဘာပြော ကောင်းမလဲ။ ကျွန်တော်တို့ ဧည့်သည်တော်ကြီး တွေဟာ အိပ်ရာခင်းတွေ၊ စောင်တွေကို ကမန်းကတန်း သယ်ပြီး စင်္ကြန်လေးမှာပဲ အိပ်ကြရရှာတယ်။ နိုင်ငံရေး ဆိုတာ သခင်အောင်ဆန်းရဲ့ ဘ၀ပဲလေ။ ထမင်းဆာ တာတို့၊ ဆင်းရဲတာတို့ ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား ကိစ္စပဲ။ အခု ဗိုလ်လက်ျာ ဖြစ်လာတဲ့ သခင်လှဖေက တခါတလေ ထမင်းဟင်း ကောင်းကောင်းတွေ တမ်းတတယ်။ သီချင်း ကောင်းကောင်းလေး တွေကို နားဆာတယ်။ သခင်အောင်ဆန်း ကတော့ အဲဒါတွေကို လုံးဝ မတမ်းတဘူး။. သူက လူပျော့ မဟုတ်ဘူး။ သံမဏိလို မာကျောသူ၊ သူ့စွမ်းရည်နဲ့ သူတော်လှန် ရေး လုပ်နေတာ။

သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး ကို ကြေညာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို အောင်အောင်မြင်မြင် ချမှတ်လိုက်တယ်၊၊ ကျွန်တော်တို့ ခေါင်းဆောင် တွေဟာ တစ်နိုင်ငံလုံး သွားကြပြီး ပြည်သူတွေရဲ့ အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှု ကြောင့်မို့လို့ ကိုလိုနီ နယ်ချဲ့ အစိုးရ ရဲ့ ဒေါသတကြီး တုံ့ပြန်မှု ကို ခံကြရတယ်။ သခင် အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေး တရားဟောတယ်။ ဟင်္သာတ ရဲမှူးကြီး က နိုင်ငံတော်ကို အကြည်အညို ပျက်အောင် လုပ်တဲ့ ဥပဒေနဲ့ သခင် အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော် ကိုလည်း မကြာခင်မှာ အဲသည်လိုမျိုး ဖမ်းဝရမ်း ထုတ်မယ့် သဘော ရှိတယ်။ ကျွန်တော်တို့တွေ ကိုကျော်ငြိမ်း အိမ်မှာ ဆွေးနွေး ကြပြီးတော့ တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ် ဆိုတာကို ဆုံးဖြတ် လိုက်ကြတယ်။ သခင် အောင်ဆန်း က အညံ့ခံတာ မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ ထောင်ကျ သွားရင်တော့ အချိန်ဖြုန်း နေသလို ဖြစ်သွားမှာပဲ ဆိုတဲ့ အမြင် ရှိတယ်။ ကျွန်တော်တို့ တွေက စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိကြပြီး တိုက်ပွဲ အရောက် ချီတက်သင့်တယ်။

သူက နိုင်ငံတွင်းက ထွက်ပြီး မြေအောက် သွားချင်တယ်။ ကျွန်တော်တို့ အလုပ်ကို အကူအညီ ပေးဖို့ နိုင်ငံခြားမှာ မိတ်ဆွေ ရှာချင်တယ်။ ကျွန်တော်ကတော့ အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး မမြင်တတ်ဘူး။ ကျွန်တော် ဥပဒေကို ချိုးဖောက်ရင် ထောင်ကျမှာပဲ ဆိုတဲ့ အတွေးပဲ ရှိတာ။ အဲဒီ နေ့တုန်းက ကျွန်တော်တို့တွေ အကြာကြီး ဆွေးနွေးကြတယ်။ ကျွန်တော့် အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူ မြေအောက် သွားတာကို ကူညီဖို့ ကျွန်တော် သဘောတူ လိုက်တယ်။ သူနဲ့ ကျွန်တော် ရဲစခန်း ရှေ့က ပြည်လမ်း ပေါ်မှာ ရပ်နေတာကို သတိရ နေပါသေးတယ်။ သူ့ကို ဖမ်းမှာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆို နေခဲ့ကြတာ လို့ ထင်တယ်။ အဲဒီနောက်တော့ ကျွန်တော်တို့ ခွဲခွာ လိုက်ကြတယ်။ ကျွန်တော်က အိမ်ပြန် ၊ မောင်ဆန်းကြယ် အဖမ်းခံပြီး နောက်နေ့မှာပဲ ထောင်ထဲ အသွင်းခံ လိုက်ရတယ်။ ထောင်ကျတဲ့ နှစ်နှစ် ကတော့ အချိန်တွေ ဖြုန်းပစ် လိုက်တာပါပဲ။ ထောင်ကျစ လတွေ ကတော့ သိပ် မဆိုးလှသေးဘူး။ ငါ ထောင်ကျရဲတဲ့ သတ္တိရှိတဲ့ ကောင်ပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အချိန်တွေ ကြာလာတာ နဲ့အမျှ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာ တွေ ဖြစ်လာတယ်။ ကိုအောင်ဆန်းရဲ့ ပညာဉာဏ်၊ ရင့်ကျက်မှုနဲ့ အမြော်အမြင် ကြီးမှု တွေကို ကျွန်တော် သဘောပေါက် လာပါတယ်။ နှစ်ခြိုက်လာတယ်။ အောင်နိုင်ရေး အတွက် သူ အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့အတူ လက်တွဲပြီး အလုပ်လုပ် ဖို့ပဲ တမ်းတ နေရတယ်။

မော်နီတာ – မှာ ဆရာ မောင်ဆန်းကြယ် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။
ဘာသာပြန်သူ - မောင်ဆန်းကြယ်
မူရင်း
– Aung San’s Stering Qualities by U Nu

ဧရာဝတီကိစ္စ: ကြားသိရသော သတင်းရင်းမြစ်များအရ (အတွင်းသတင်းများအရ)

ဧရာဝတီကိစ္စ: ကြားသိရသော သတင်းရင်းမြစ်များအရ (အတွင်းသတင်းများအရ)

တစ်သောင်းတန်ငွေစက္ကူရိုက်နှိပ်ခြင်း၊ သောင်းဂဏန်းတန်ဆင်းကဒ်ထုတ်ခြင်း၊ အရပ်သားများအား ပြည်ထောင်စုအဆင့်ဝန်ကြီးများပြောင်းလဲခန့်အပ်ခြင်း၊ ၀င်ငွေတိုးမြှင့်ကောက်ခံခြင်း၊ ပြည်ပရောက်ကျွမ်းကျင်မြန်မာများအား ပြည်တွင်း
တွင် အဆင့်မြင့်ရာထူးတာဝန်များဖြင့် နိုင်ငံတော်အဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးခြင်း၊ ဒေါ်လာဘီယီယံများစွာရင်းနှီးမြှုပ်နှံရမည့် နေပြည်တော်
တည်ဆောက်ရေး စီမံကိန်းများပြန်လည်အကောင်အထည်ဖော်ခြင်း၊ ရန်ကုန်၊
မန္တလေး၊ တောင်ငူ၊ မြစ်ကြီးနား၊ ရခိုင်ပြည်နယ်တို့တွင် မြို့သစ်စီမံကိန်း၊ အိမ်ယာ
စီမံကိန်းအသစ်များဖော်ထုတ်ခြင်း၊ အစိုးရပိုင် သယ်ယူပို့ဆောင်လုပ်ရေးလုပ်ငန်၊ ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကဏ္ဍ
တို့တွင် ပြည်တွင်းပြည်မှ ပုဂ္ဂပိုင်လုပ်ကိုင်ခြင်း၊ သမိုင်းဝင်ဥပဒေသစ်များပြဌာန်းခြင်း၊ ခရီးသွားလုပ်ငန်းတွင် ပြည်ပကုမ္ပဏီများ ၀င်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်ခြင်း၊
ကျေးလက်ဒေသစားဝတ်နေရေးအထူးခက်ခဲလာခြင်း၊ ကျန်းမာရေးပြဿနာ
ပိုမိုများပြားလာခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် လူစွမ်းအားအရင်းအမြစ်များကြောင့် ၀န်ကြီးဌာနများ လျှော့၍ပြောင်းလဲဖွဲ့စည်းခြင်း၊ အသစ်ပေါ်ပေါက်ခဲ့သော နိုင်ငံရေး
ပါတီငယ်များပြန်လည်ဖျက်သိမ်းခြင်း (သို့) ပေါင်းစည်းခြင်း၊ အသက် (၁၈) အောက်
ရှိသော နိုင်ငံသူ၊ နိုင်ငံသားများအတွက် ဥပဒေအသစ်၊ ပြဌာန်းချက်အသစ် များပေါ်
ထွက်လာခြင်း၊ အများပြည်သူနှင့် ကမ္ဘာကစိတ်ဝင်စားသော တရားစွဲဆိုမှု၊ အရေးယူ၊ ခုံရုံးတင်မှုများပေါ်ပေါက်လာခြင်း စသည် စသည်တို့သည် ၂၀၁၂ ခုနှစ်အတွင်း
တစ်ခုပြီးတစ်ခု (သို့) တပြိုင်နက်တည်းပြောင်းလဲဖြစ်ပေါ်လာမည်ဖြစ်ကြောင်း
ကြိုတင် သတင်းပေးအပ်ပါသည်။
ဧရာဝတီကိစ္စ: သင်ပုန်းချေ၇အောင် ကျနော်တို့က ပန်းနဲအပေါက်ခံခဲ့ရတာမဟုတ်ဝူး သေနတ်နဲ့အပစ် သတ်ခံခဲ့ရတာ...
Sent at 9:20 AM on Thursday
ဧရာဝတီကိစ္စ: ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးခင်ဗျား

ဇွန်လ ၉ရက် ၂၀၁၂ခုနှစ် (စနေနေ့) သည် ကချင်ပြည်နယ်တွင် စစ်ပွဲများပြန်လည်စတင်ခဲ့ခြင်း တနှစ်တိတိပြည့်သည့်နေ့ဖြစ်ပါသည်။

တနှစ်ပတ်လုံးဖြစ်ပွားနေခဲ့သော စစ်ပွဲများအတွင်း နှစ်ဖက်စလုံးမှ လက်နက်ကိုင်များနှင့် အပြစ်မဲ့ပြည်သူများ ၀မ်းနည်းကြေကွဲဖွယ်ရာ သေကျေဒဏ်ရာရရှိခဲ့ကြရပါသည်။ စစ်ဘေးစစ်ဒဏ်များကြောင့် အိုးအိမ်များ၊လယ်ယာလုပ်ငန်းများ၊ဇာတိရပ်ရွာများကို စွန့်လွှတ်ဆုံးရှုံးထားရစ်၍ တောတောင်လျှိုမြောင်များတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကာ လူ့ဂုဏ်သိက္ခာကင်းမဲ့စွာ အသက်ဆက်ရှင်သန်နေရသည့် ဒုက္ခသည်ပြည်သူများ၏ အရေအတွက်မှာလည်း ၁သိန်း၂သောင်းကျော်ပင်ရှိလာခဲ့ပြီဖြစ်ပါသည်။

စစ်ပွဲများကြောင့် သေကျေပျက်စီးခဲ့ရသူများနှင့် စစ်ဘေးဒုက္ခသည်များအတွက်လည်းကောင်း၊ တိုင်းရင်းသားညီအကိုမောင်နှမများအချင်းချင်း

ကြေကွဲဖွယ်ရာတိုက်ခိုက်သတ်ဖြတ်နေကြသည့် စစ်ပွဲများအမြန်ဆုံး ရပ်တန့်စေရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွင်း ထာဝရငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်မျှော်မှန်း၍

ဇွန်လ ၉ရက် ၂၀၁၂ (စနေနေ့)တွင် ငြိမ်းချမ်းရေးလိုလားသူပြည်သူများအားလုံး ငြိမ်းချမ်းရေးအတွက်ရည်ရွယ်၍

အဖြူရောင်အင်္ကျီများနှင့် ကချင်ပြည်သူများကိုစာနာမှုအဖြစ် ကချင်လုံချည်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ကြပါရန်

လေးစားညွတ်နူးစွာမေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

PEACE NETWORK (ငြိမ်းချမ်းရေးကွန်ရက်)

နောက်ဆက်တွဲလှုပ်ရှားမှုအနေဖြင့် စစ်ပွဲများရပ်တန့်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတခုပြုလုပ်မည်ဖြစ်ပါသဖြင့်

တိုင်းရင်းသား၊ လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းရေးလိုလားသူများအားလုံး အင်္ကျီအဖြူနှင့် ကချင်လုံချည် ဆင်တူဝတ်ဆင်ပြီး

ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့ကွက်လပ်သို့ ဇွန်လ ၉ရက် ၂၀၁၂ (စနေနေ့) ညနေ ၄နာရီတွင်အားဖြည့်ပါဝင် ဆုတောင်းကြပါရန်လည်း လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ

မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည်ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီး ထိုအချိန် က သတ္တုတွင်းဝန်ကြီးဋ္ဌာန ၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး ရွှေကြောရှိရာ တောင်ပေါ် သို့တက်၍ ခိုးတူးခဲ့ကြရခြင်းဖြစ်ပါသည်။
အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီလီမီတက်က နိုင်ငံတော်သို့ ၅-နှစ်သက်တမ်းအတွက် ရွှေသတ္တု  ၅.၅၇၇ တန် ပေးဆောင်ရမည်ဟူသော သဘောတူညီချက်ဖြင့် ဤမိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် လိုင်စင် ကို ရရှိခဲ့ပါသည်။ ၁၆-၅-၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က တစ်တောင်လုံးရှိ အင်းပိုင်(ခ) စက်ပိုင် နှင့် အင်းသားများ လူ၅-သိန်းကို ပြောဆိုခဲ့သည်မှာ မင်းတို့လုပ်ကြ ၊ စက်တွေထောင်ကြ ၊ အင်းသား တွေမွေးကြ ၊ မင်းတို့ တဲကနေတိုက်ဖြစ်စေရမယ်။ မင်းတို့သားသမီးတွေအတွက် ကျောင်းတွေဆောက်ပေးမယ်။ ငါတို့ လုပ်ကိုင်ခွင့်သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင်မယ်။ တွဲလုပ်ကြမယ်။ ငါတို့ကုမ္ပဏီလည်း ဆက်လုပ်ခွင့်ရမယ် ၊ မင်းတို့ကလည်း အပြစ်အနာအဆာမရှိဘူးဆိုရင် လုပ်ငန်းတွေကို မရပ်ဆိုင်းဘူး။ ရိက္ခာပေးမယ်။ ဗြုံးထည့်အိပ်ပေးမယ်။ ငွေလည်းပေးမယ်။ အစစအရာရာထောက်ပံ့မယ်လို့ ပြောခဲ့တဲ့အတွက် အသေးစားရွှေလုပ်ငန်းရှင်များသည် ယုံကြည်ချက် ၊ မျှော်လင့်ချက် အပြည့်အ၀ဖြင့် ရှိစု မဲ့စု မိမိတို့ပိုင်ဆိုင်ကြ သော မွေးရပ်မြေမှ အိမ၊် ခြ၊ံ ယာ၊ မြေ၊ ကျွဲ၊ နွား ပါမကျန် ပေါင်နှံရောင်းချ၍ အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း Adit (အက်တာ) နှင့် လေးပင်အင်းများ ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တရားဝင်လုပ်ပိုင်ခွင့်ရထားတဲ့ “အမျိုးသား……” ကုမ္ပဏီက ၅-နှစ်တွဲလုပ်မယ် ၊ လုပ်ခွင့်ရမယ်ဆို တော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေရောင်းချပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်တယ်။
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ရဲ့ လက်အောက်မှာ အစုရှယ်ယာတစ်ခုကို သိန်း ၁၀၀၀ (တစ်ထောင်)နဲ့ မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီများ ရှိပါတယ်။ ကန္တာရစိမ်း ၊ အာရှအမြုတေ ၊ ရွှေပြည်အေး ၊ ကြယ်ငါးပွင့် ၊ ရွှေတောင်ကျော ၊ ဝေလင်းထိုက် ၊ မြမျိုးသက်ဦး ၊ ရွှေညီအကို ၊ ရေတော်သား ၊ ရွှေပလောင် ၊ ဓနစမ်းရေ ၊ နေခြည်ပွင့် ၊ ရဲညီနောင် ၊ မိုးရွှေဝါ ၊ မြင့်မိုရ်ရွှေတောင် ……… စသည်ဖြင့် ၂၉-ခုခန့် ရှိပါသည်။ ၎င်းမိတ်ဖက်ကုမ္ပဏီများဟာ အင်းပိုင်(ခ)စက်ပိုင်များရဲ့ တာဝန်ခံကုမ္ပဏီများလည်းဖြစ်ပါတယ်။
ထိပ်ဆုံးမှာ နိုင်ငံတော်အစိုးရထံမှ လုပ်ပိုင်ခွင့်ရထားသော “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” နှင့် ၎င်းအောက်မှာ သိန်း၁၀၀၀ဖြင့်ဝင်ထားသော မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီရှိပါတယ်။ မိတ်ဖက်ကုမ္ပဏီအောက်မှာမှ ယင်းကတာဝန်ခံထားသော အင်းပိုင်(ခ)စက်ပိုင် ၊ ၎င်းအောက်မှာမှ အင်းသားများ နှင့် ၊ အင်းသားများအောက်မှာက လက်လုပ်လက်စား ဈေးသည်များရယ်လို့ လူတန်းစားအဆင့်ဆင့်ရှိနေပါတယ်
အင်းပိုင်တစ်ချို့ဟာ အင်းသားကနေ ကြိုးစားရှာဖွေစုဆောင်းပြီး အင်းပိုင်ဖြစ်လာတာတွေလည်း ရှိပါတယ်။ အင်းပိုင်တွေဟာ လုပ်ပိုင်ခွင့်ရပြီဆိုတော့ မြေရှင်းရ ၊ ညှိရ ၊ ဘက်ဟိုးနဲ့လာထိုးပေးတာကို ဘက်ဟိုးဖိုးပေးရ ၊ နေ့စားတွေငှားပြီး ခုတ်ရ ထွင်ရ ရှင်းရတယ်။ အဆောက်အဦ  တဲတွေဆောက်ရတယ်။ စက်တွေ ၀ယ်ထောင်ရတယ်။ နောက် အင်းသားတွေကို ကျွေးမွေးပြီး (စားစရိတ် စိုက်ထုတ်ပြီး) အင်းကိုတူးရ တယ်။ အင်းတူးရတာဟာ အတောင် ၈၀ ၊ ၁၀၀ အနဲဆုံးတူးရပါတယ်။ ထွက်လာတဲ့ဗြုံးကို အင်းပိုင်ဟာ အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီကြီးကို တစ်ဝက်တိတိ ခွဲပေးရပြီး အင်းပိုင်ရဲ့ တာဝန်ခံကုမ္ပဏီကို ကျန်တစ် ၀က်ရဲ့ ၄ပုံ-၁ပုံ ပေးရပါသေးတယ်။ ကျန်တာကိုမှ ကြိတ်ခွဲ ၊ ရွှေထုတ် ၊ ကုန်ကျစရိတ် နှုပ်ပြီး အင်းပိုင်၊ အင်းသား ခွဲဝေယူရတာပါ။
ဒီ အမျိုးသား ကုမ္ပဏီရောက်လာမှ အောက်တွင်ဖေါ်ပြပါ လိုင်စင်ကိုလည်း တာဝန်ခံကုမ္ပဏီမှတဆင့် ထုတ်ပေးထားတာဖြစ်ပြီး ရွှေလုပ်ကွက်ဧရိယာတစ်ခုလုံးကို အသေးစားရွှေထုတ်လုပ်မှု ဇုန်(၁) မှ (၁၂)ထိ ခွဲခြား သတ်မှတ်ခြင်း ၊ ရွှေသတ္တုတူးဖေါ်ထုတ်လုပ်ရန် Adit (ခ) အက်တာ(တောင်ကိုဖောက်သွားတာ) နှင့် လေးပင်အင်းများကို အမှတ်စဉ်(၁) မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
စတင်ပြုလုပ်စဉ်က လမ်းများမကောင်း၍ လမ်းဖောက်လုပ်ရေးများမှာ အင်းအားလုံးက လုပ်အားပေးခဲ့ ကြရပါတယ်။ လမ်းမကောင်း၍ ဗြုံးကြိတ်စက် စသည်စက်ကရိယာများကို ဖြုတ်၍ တောင်ပေါ်သို့ထမ်းတင်ခဲ့ကြ ရပါတယ်။
အမျိုးသားကုမ္ပဏီလူကြီးများသည် စတင်ဝင်ရောက်စဉ်က နှုပ်ကတိဖြင့်ပြောဆိုခဲ့သည်များကို ဘာတစ်ခုမှ လုပ်မပေးခဲ့ပါ။ စားစရိတ်မပေး ၊ ဗြုံးထည့်အိပ် တစ်အိပ်မှမပေး (ဗြုံးအိပ် ၄အိပ်ကို ၁၀၀၀ိ/ တစ်ခါ ကို အိပ်ခွံ ၄၀၀, ၅၀၀, ၆၀၀ ၀ယ်ရပါတယ်။) အမျိုးသားကုမ္ပဏီအဖွဲ့ကရော မဲန်ဘာကရော ဘာထောက်ပံ့မှုမှမပေးဘဲ ဗြုံးထွက်လာသောအခါ ဥပမာ- ဗြုံးအိပ် ၁၀၀ဆိုလျှင် သူတို့စိတ်ကြိုက်ရွေး၍ အိပ် ၅၀ ယူပါသည်။ “သူတို့က ထိုင်ရက်က နေယူနေတာ၊ အင်းသားများမှာတော့ တွင်းထဲမှာ အန္တရာယ်အမျိုးမျိုးနဲ့ မြေပြိုမှာကြောက်ရ ၊ ဆရာကသပ်ရပ်မှ ၊ မသပ်ရပ် ရင် နောက်လိုက်တွေ ဒုက္ခရောက်ကြရ” ဟု အင်းသားများက ပြောကြပါသည်။
ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အိပ် ၁၀အိပ်မှ တစ်အိပ်လောက်အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသားကုမ္ပဏီကတော့  အိပ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ်ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိပ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူ မျိုးစစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီးလက်ပြန်ကြိုးတုပ် နေပြည်တော် နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာက ဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီးရဲစခန်းပို့လွန်းလို့ “အင်း သားခိုးတာက နဲနဲလေး ၊ မင်းတို့ခိုးတာက တိုင်းပြည်ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြော ပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။
တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး ၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်းတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့ မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။
ဒီ ပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများ က လက်အောက်ခံအင်းပိုင်များကို ရော်ကြေးပေးမည်ဆိုပါလျှင် အင်းပိုင် တစ်ဦး တစ်ဦးကို သိန်းရာနှင့်ချီ၍ ရင်းနှီးမြှပ်နှံထားရပြီး ယခုအခါမှာတော့ မဲန်ဘာများမှာ မရော်နိုင်ဘဲ ထွက်ပြေးနေကြကြောင်း ပြောပါတယ်။
အင်းပိုင် အင်းသားများဟာ ဤမိုးထိမိုးမိ ရွှေလုပ်ကွက်တောင်ကြီးပေါ်မှာ အားသွန်ခွန်စိုက်ရင်းနှီးမြှပ်နှံ ထားမှုများကို ဘာမှမရရှိဘဲ မခံစားရဘဲ လက်လွတ်ပြီး ကိုယ့်အရပ်ကိုယ်ပြန်ရမည်ဆိုလျှင်လည်း ကိုယ့်အရပ်မှာ နေစရာ လုပ်စရာ လုပ်ဖက်ကရိယာ ဘာဆိုဘာတစ်ခုမှ မကျန်ရှိတော့၍ မပြန်နိုင်ပါ။ ဤတောင်ကြီးပေါ်မှာပင် မိမိတို့ရသင့်ရထိုက်သည့် စစ်မှန်သော အခွင့်အရေးများကို မရရအောင် ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ် ကြောင်းပြောကြပါသည်။
၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ်လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
                “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်”ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံအသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ်နေကြပါကြောင်း။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(..၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778
သတင်းဗွီဒီယိုဖိုင်လင့်များ
ရွှေတွင်း လုပ်သားများတောင်းဆိုဆန္ဒပြနေသော ဗွီဒီယိုဖိုင်လင့်များ

အပိုင်း - ၁
http://www.youtube.com/watch?v=S8ey0lwxFz0

အပိုင်း - ၂
http://www.youtube.com/watch?v=EGY2X5Wj4WY

အပိုင်း - ၃
http://www.youtube.com/watch?v=5epVmQVuutE

အပိုင်း - ၎
http://www.youtube.com/watch?v=Gp0Q4VcUkbE

အပိုင်း - ၅
http://www.youtube.com/watch?v=f-ZKveALTaw

အပိုင်း - ၆
http://www.youtube.com/watch?v=FellON7-UzQ

အပိုင်း - ၇
http://www.youtube.com/watch?v=WyX0C-Nw2e8

အပိုင်း - ၈
http://www.youtube.com/watch?v=K_4JlhQbbEY

အပိုင်း - ၉
http://www.youtube.com/watch?v=PMMMeHw0_V8

အပိုင်း - ၁၀
http://www.youtube.com/watch?v=KiIivGzMUCw

အပိုင်း - ၁၁
http://www.youtube.com/watch?v=eDD70Mg1TfI

အပိုင်း - ၁၂
http://www.youtube.com/watch?v=ciNViG5rRmk

အပိုင်း - ၁၃
http://www.youtube.com/watch?v=2eOllc9Xn7c

အပိုင်း - ၁၄
http://www.youtube.com/watch?v=Dy1T0wgNMEk

အပိုင်း - ၁၅
http://www.youtube.com/watch?v=wMjqBQGJFJ4

အပိုင်း - ၁၆
http://www.youtube.com/watch?v=WFIhMfXECJE

အပိုင်း - ၁၇
http://www.youtube.com/watch?v=66CU2r55Chk

အပိုင်း - ၁၈
http://www.youtube.com/watch?v=z0ys_84SLWw

အပိုင်း - ၁၉
http://www.youtube.com/watch?v=Xc8xt-HyTtI

အပိုင်း - ၂၀
http://www.youtube.com/watch?v=LOCHy8LWNew

အပိုင်း- ၂၁
http://www.youtube.com/watch?v=7hoWTAHlT8I

အပိုင်း - ၂၂
http://www.youtube.com/watch?v=HrMjGRoOWTM

အပိုင်း - ၂၃
http://www.youtube.com/watch?v=WArxLZ3ZI-U

အပိုင်း ၂၄
http://www.youtube.com/watch?v=klSpqQUJKH4

အပိုင်း - ၂၅
http://www.youtube.com/watch?v=CxX_aXzubU4

အပိုင်း - ၂၆
http://www.youtube.com/watch?v=s1HJ4fzWAP0

အပိုငိး- ၂၇
http://www.youtube.com/watch?v=EFe_AXTbqjI

အပိုင်း - ၂၈
http://www.youtube.com/watch?v=AtxD91ZDMxY

အပိုင်း- ၂၉
http://www.youtube.com/watch?v=Bl_xJrZNyOE

အပိုင်း - ၃၀
http://www.youtube.com/watch?v=cKBXaz3kbsI

အပိုင်း - ၃၁
http://www.youtube.com/watch?v=RG8NNl_y3uU

အပိုင်း - ၃၂
http://www.youtube.com/watch?v=pCG9hi5pfGs

မြန်မာနိင်ငံတွင်းဖြစ်ပွားနေသောမငြိမ်သက်မှုများအပေါ် မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏ သဘောထားထုတ်ပြန်ကြေငြာချက်


          
                                မြန်မာနိင်ငံတွင်းဖြစ်ပွားနေသောမငြိမ်သက်မှုများအပေါ်
                      မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏ သဘောထားထုတ်ပြန်ကြေငြာချက်
                                                                      
                                                                                              ကြေငြာချက်အမှတ်၃/၂၀၁၂

                       ပြီးခဲ့ သောမေလ၂၈ရက်နေ့က ရခိုင်ပြည်နယ်တွင်ရခိုင်အမျိုးသမီးငယ် မသီတာထွေးအားလူ
သုံးဦးမှ အလိုမတူအနိင်အထက်ပြုကျင့် ပြီးရက်စက်စွာသတ်ဖြတ်ခဲ့သည်။
                      ထိုအမှုဖြစ်ပွားသည်မှအစပြုလျှက်ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးအချို့သည်မခံမရပ်နိင်အောင်ဖြစ်ပြီး
တရားခံအစစ်အမှန်ချက်ခြင်းဖေါ်ထုတ်ပေးရန်သက်ဆိုင်ရာအာဏာပိုင်များထံချက်ခြင်းအကြောင်းကြားတောင်းဆိုခဲ့ ကြသည် မည်သည့်အကြမ်းဖက်မှုမျိုးမှပေါ်ပေါက်ခြင်းမရှိခဲ့ပါ၊သို့ ရာတွင်ထိုအမှုအခင်း၏ကွင်းဆက်ပြဿနာဟုယူဆ
ရသောရခိုင်ပြည်နယ်တောင်ကုတ်မြို့ နယ်တွင်မူဆလင်ဘာသာရေးတက်ကြွသူရှစ်ဦးနှင့် အခြားမူဆလင်နှစ်ဦးတို့
အား ရက်စက်စွာဝိုင်းဝန်းသတ်ဖြတ်မှုကြီးပေါ်ပေါက်လာခဲ့ သည်။
            ထိုသတ်ဖြတ်မှုကြီးအပေါ်မူတည်လျှက်ရန်ကုန်မြို့ အပါအ၀င်မြို့ ကြီးများတွင်ဘာသာအယူကွဲပြားသူအချင်း
ချင်းအကြားနှင့် ပြည်သူနှင့်တည်ဆဲအစိုးရတို့အတွင်းမပြေလည်မှုများရန်လိုမင်းထက်ပြုလိုမှုများပေါ်ပေါက်လျှက်ရှိ
သည်ကိုစိတ်မချမ်းမြေ့ ဘွယ် အထူးစိုးရိမ်ဘွယ်မငြိမ်သက်မှုများအဖြစ်ကြုံတွေ့ လျှက်ရှိကြပါသည်၊မည်သည့်ဘာ
သာတရားကိုကိုးကွယ်ကြသည်ဖြစ်စေပြည်ထောင်စုမြန်မာနိင်ငံဘွားလူများစုကြီးမှာငြိမ်းချမ်းရေး တရားမျှတရေးအ
ချင်းချင်းချစ်ကြည်ရေးကိုသာ အစဉ်ရှေ့ ရှုလျှက်အေးအတူပူအမျှလက်တွဲနေထိုင်ခဲ့ ကြသည်မှာထောင်စုနှစ်တိုင်ခဲ့ပြီ
ဖြစ်ပါသည်။
             လက်ရှိတိုင်းပြည်၏အခြေအနေမှာအဖက်ဖက်မှစိတ်ချရသောအခြေအနေမရှိသေးသည်ကိုတွေ့ရှိနေကြ
မည်ဖြစ်ပါသည် ဒီမိုကရေစီနိင်ငံသစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနေသည်ဟု အစိုးရကရောနိင်ငံရေးပါတီအသီးသီးနှင့်
လူမှုအဖွဲ့ အစည်းအသီးသီးမှဇောင်းပေးဖေါ်ပြပြောဆိုနေကြပါသော်လည်းပြည်သူလူထုထံသို့မူ မည်သည့်ထင်ရှား
သောတိုးတက်သည့် ပြောင်းလဲချက်တစုံတရာရောက်ရှိလာခြင်းမရှိသေးပါ ပြည်သူလူထုအပေါင်းမှာဆင်းရဲတွင်းနက်
ဆဲ အဂတိလိုက်စားခံရဆဲ တရားမျှတမှုကင်းဝေးနေဆဲဖြစ်ပါသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှအပ ရှမ်းပြည်
နယ် ကချင်ပြည်နယ်တွင်လက်နက်ကိုင်တိုက်ပွဲများရှိနေဆဲဖြစ်ပါသည်။
      တဖက်တွင်လည်းအလုပ်သမားများ၏အခြေခံရပိုင်ခွင့်တောင်းဆိုမှုများလည်းစဉ်ဆက်မပြတ်ဖြစ်ပေါ်လျှက်ရှိနေ
ပါသည်ယခုလိုအခြေအနေမျိုးတွင်အလွန်စိတ်မချမ်းမြေ့ ဘွယ်ရာရခိုင်ပြည်နယ်အရေးအခင်းများပေါ်ပေါက်လာရပါ
၏ သက်ဆိုင်ရာဘာသာအသီးသီးမှ လူအချို့ ကလည်းနာကျည်းမှုများ မကျေနပ်မှုများကိုထုတ်ဖေါ်လျှက် ရန်ဘက်
အသွင်ဆောင်သောပြောဆိုမှုများရေးသားမှုများတုံ့ ပြန်မှုများကိုလုပ်ဆောင်လျက် ရှိသည်ကိုစိုးရိမ်ပူပန်ဘွယ်စိတ်
မချမ်းမြေ့ဘွယ် တွေ့ ကြံနေရပါသည်။
               ယခုဖြစ်ပေါ်နေသောပြသနာသည်ဗူးလေးရာဖရုံဆင့်ဆိုသကဲ့ သို့ ဆင်းရဲတွင်းနက်နေသောပြည်
သူများအတွက် ပိုမိုဆိုးဝါးသောအခြေအနေသို့ အချိန်မရွေးကူးပြောင်းသွားနိင်သောအခြေအနေဆိုးတရပ်ဖြစ်
သည်ဟုမြန်မာနိင်ငံရေးအကျဉ်းသားသမဂ္ဂမှရှုမြင်ပါသည်၊မည်သို့ သောအကြောင်းကြောင့်ဖြစ်စေယခုအခါ
တွင်လူမျိုးရေးပြဿနာ ဘာသာရေးအဓိကရုဏ်းတို့ ဖြစ်ပေါ်လာရန်လုံးဝမသင့်လျှော်သောာအခြေအနေဖြစ်
သည်ဟုလည်း ရှုမြင်သုံးသပ်ပါသည်၊မြန်မာတို့ တန်ဘိုးထားစွာယုံကြည်လက်ခံကျင့်သုံးခဲ့ကြသော ရန်လိုလို့ 
ရန်မပြို ရန်မလိုမှရန်ပြိုသည်ဟူသောခံယူချက်အတိုင်း စိတ်သဘောထားကြီးစွာထားလျက်နှစ်ဦးနှစ်ဖက်ပြေ
လည်အောင်ဖြေရှင်းကြမှသာလျှင်ရန်မီးငြိမ်းလိမ့် မည်ဟုသုံးသပ်ရှုမြင်ပါသည်။
           သို့ ဖြစ်ပါသောကြောင့် မြန်မာနိင်ငံတည်ဆဲအစိုးရအပါအ၀င် နိင်ငံရေးခေါင်းဆောင်များ နိင်ငံရေးပါတီ
များ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင်များရပ်မိရပ်ဖများနှင့် ကိုးကွယ်ရာဘာသာအသီးသီးမှဆရာတော်အ
ရှင်သူမြတ်များ မူဆလင်ဆရာကြီးများ ခရစ်ယာန်သင်းအုပ်/သင်းချုပ်အမှုတော်ဆောင်များ ဟိန္ဒူဘာသာရေး
ခေါင်းဆေါင်ကြီးများစုစည်းလျှက် ဘာသာသာသနာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေးကော်မတီတရပ်အလျှင်အမြန်
ဖွဲ့ စည်းလျှက် ဖြစ်ပွားနေသောပြဿနာရန်ခိုက်သတ်ဖြတ်မှုများကိုအမြန်ဆုံးထိန်းသိမ်းကာကွယ်ပေးကြပါရန် မြန်မာ့နိင်ငံရေးအကျဉ်းသားသမဂ္ဂမှ အလေးအနက်တိုက်တွန်းလျှက် ယခုသဘောထားထုတ်ပြန်ကြေငြာချက်ကို
ထုတ်ပြန်အပ်ပါသည်။

                                                                                                 လေးစားစွာဖြင့် 
                                                                                      ဗတိုအလုပ်အမှုဆောင်ကော်မတီ

           ဆက်သွယ်ရန်
ဦးဇော်ငြိမ်းလတ်(ဥက္ကဋ္ဌ)0805079745-မဲဆောက်
ဦးဇော်ဝင်း(ဒု-ဥက္ကဋ္ဌ)47+99402149-နော်ဝေး
                                                                                                                                                                          

တစ်ခုတည်းသောသမဂ္ဂ၊ ကျောင်းသားတွေရဲ့တစ်ခုတည်းသောဗဟို


တစ်ခုတည်းသောသမဂ္ဂ၊ ကျောင်းသားတွေရဲ့တစ်ခုတည်းသောဗဟို
တစ်ခုတည်းသောသမဂ္ဂ၊ ကျောင်းသားတွေရဲ့တစ်ခုတည်းသောဗဟို ။
 
ရေးသူ - ကျောင်းသားခေါင်းဆောင်ဟောင်းတဦး
 
 
[ရဲဘော်တယောက်က အီးမေလ်ကနေပို့လို့ ကြိုက်တာနဲ့ facebook မိတ်ဆွေတို့ ဖတ်ရအောင် တင်ပေးပါတယ်]
 
(Aye Win facebook ကနေ ပြန်ကူးယူတင်ပေးတာဖြစ်ပါတယ်။)
 
           တစ်ခေတ်တစ်ချိန်က ဗမာပြည်မှာ တစည်းတလုံးနဲ့ ကျောက်ဆောင်ကျောက်သား ပမာ ကြံ့ခိုင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို အပြိုင်အဆိုင်တွေ၊ အကွဲအပြဲတွေနဲ့ တွေ့ရတော့မလိုလို အခြေအနေတွေ တွေ့မြင်နေရတာ စိုးရိမ်စိတ်မကောင်း စရာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တချိန်က ကျောင်းသားသမဂ္ဂရယ်လို့ ဗမာနိုင်ငံမှာ ထီးထီးမားမားတည်ရှိပြီး ကျောင်းသားအရေး၊ မိဘပြည်သူများအရေးကို ဆောငရွက်ခဲ့တာတွေ ကို တွေ့မြင်သိရှိသူတွေ အဖို့ အသဲနင့်မျှ ခံစားရပါတယ်။
 
            ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဆိုတာဟာ တိုက်ပွဲတွင်းမှာ မွေးဖွား၊ တိုက်ပွဲတွင်းမှာ ရှင်သန်၊ တိုက်ပွဲထဲမှာ ကြီးထွား ခဲ့တာပါ။ ကိုလိုနီခေတ်ကစလို့ ကနေ့အထိ တိုင်းပြည်ကို ဖိနှိပ်သူတွေကအုပ်စိုးနေတဲ့ နှစ်ပေါင်း၆ဝကျော်ကြာ ကာလတလျှောက်မှာ ကျောင်းသားသမဂ္ဂတိုက်ပွဲလို့ ဆိုရမလိုတောင် ဖြစ်နေခဲ့ပါတယ်။ သမဂ္ဂခေါင်းဆောင် တဖြစ်လဲ သခင်တွေဟာ သခင်ပေါက်စ ထောင် ခြောက်လခေတ်မှာ ထောင်ထဲဝင်ခဲ့ကြရသလို လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာကျတော့ သမဂ္ဂခေါင်းဆောင်တွေအဖို့ ထောင်နဲ့ အိမ်ဟာ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်ခဲ့ရပါတယ်။ မလိုသူတွေက ကွယ်ရာမှာ သူတို့ကို "ထောင်စာလေးတွေ" လို့ခေါ်တာတောင် ရှိခဲ့ပါတယ်။
 
            ဒီတော့ ကျောင်းသားထုနဲ့ ပြည်သူလူထုဟာ ကျောင်းသားသမဂ္ဂတွေကို သူတို့အတွက် တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းလို့ မြင်ထားကြသလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖွဲ့ကျူးခဲ့တဲ့ 'ထဆင်ထူးကို တမြည်မြည်သင်ခဲ့တဲ့ ထီမထင်' တိုက်ပွဲဝင်တဲ့ လူတွေ (တနည်း တိုက်ပွဲကို မရှောင်တဲ့ လူတွေ) နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေချင်ကြပါတယ်။ ဒါနဲ့ ပြောင်းပြန် ဖိနှိပ်သူ အာဏာပိုင်တွေကတော့ ကျောင်းသားသမဂ္ဂဆိုတာကို မတတ်သာလို့ တညရှိနေစေ ရတယ်ဆိုရင် သူတို့ကို ဆန့်ကျင်တာတွေ မလုပ်တဲ့ ရပ်ကွက်ဓမ္မာရုံအသင်း၊ သဟာယနဲ့စာဖတ် အဖွဲ့အစည်းလေးလောက် ဖြစ်စေချင်တာပါ။ ဒီနေ့ ဗမာပြည်အနှံ့အပြားမှာ ဖွဲ့စည်းဖို့ လုံးပမ်းနေကြတဲ့ ကျောင်းသား သမဂ္ဂတွေကသာ "စစ်အာဏာရှင်ဆန့်ကျင်ရေး မပြောပါဘူး၊ ဗမာပြည်ရဲ့ ကမောက်ကမ ပညာရေး အခြေအနေကို ပြစ်တင်ဝေဘန်တာ မလုပ်ပါဘူး၊ ကျောင်းသားအခွင့်အရေးတွေအတွက် တိုက်ပွဲမဝင်ပါဘူး၊ အင်န်ဂျီအိုတွေရဲ့ အစီအစဉ်တွေ ကိုသာ လုပ်နေပါမယ်" လို့ ကတိပေးခဲ့ရင်း ဗိုလ်သန်းစိန်အစိုးရက ဝမ်းမြောက်ဝမ်းသာ ချက်ခြင်းပဲ တည်ထောင်ခွင့် ပေးမှာပါ။ သမဂ္ဂ အဆောက်အဦတွေကိုလည်း သူတို့ကတောင် ဆောက်ပေးပါလိမ့်ဦးမယ်။
 
            ပြန်စဉ်းစားလိုက်ရင် ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပါတီအဖွဲ့အစည်းတွေ ကွဲ ပြဲခဲ့တာ မနည်းပါဘူး။ ဒါပေမဲ့ ဗကသ ကွဲတယ်။ ကျောင်းသားသမဂ္ဂ ကွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျောင်းသားလောကထဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ဒီအက်စ်အို၊ တပ်ဦးသစ်၊ အင်အားစသဖြင့် မတူတဲ့ အင်အားတွေ ပြိုင်ဆိုင်ခဲ့ကြပေမဲ့ ဘယ်သူကမှ ကိုယ့်ဟာကိုယ် သမဂ္ဂ ထထောင်တယ်လို့ မလုပ်ဝံ့၊ မလုပ်ခဲ့ပါဘူး။ သမဂ္ဂရဲ့ အရှိန်အစော်က ကြီးလွန်းလို့ အားလုံးပဲ ကျောင်းသား ထုရဲ့ဆန္ဒကို လေးစားရပါတယ်။ နောက်ပြီး လူထုကလည်း ဒါမျိုးကို မကြံကောင်းမစည်ရာဆိုပြီး နှာခေါင်းရှုံ့ကြမှာပါ။
 
            နောက်ထောက်ပြသင့်တယ်ထင်တဲ့ အချက်တချက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော် စသူတွေ တည်ထောင်ခဲ့တဲ့၊ သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို နာမည်ပြောင်းဖို့ ဆိုတာမျိုးလည်း ဘယ်သူမှ မတွေးဝံ့၊ မကြံစည် ဝံ့ခဲ့ကြပါဘူး။ ဗိုလ်နေဝင်းနဲ့ စစ်အာဏာရှင်အဆက်ဆက်က သမဂ္ဂတွေနဲ့ သမဂ္ဂ အစဉ်အလာတို့ကို သမိုင်းစာမျက်ပေါ်က ပျောက်သွားအောင် ရာစုနှစ်တဝက်လောက် လုပ်လာတော့ သမိုင်းကိုမသိ၊ သမိုင်းကို ထိုက်တန်စွာတန်ဘိုး မထားတတ်သူတွေက ဒါတွေကို မလောက်လေး မလောက်စားများ လုပ်လာသလားလို့ စဉ်းစားစရာဖြစ်နေပါတယ်။ ဗိုလ်နေဝင်းဟာ ဗမာစကားဝေါဟာရ၊ သတ်ပုံတွေနဲ့ နိုင်ငံရေးအမြတ်ထုတ်လေ့ ရှိတယ် ဆိုတာကိုလည်း မမေ့သင့်ပါတူး။
 
            ကျောင်းသားသမဂ္ဂတွေ မကွဲခဲ့။ စင်ပြိုင်တွေ မပေါ်ခဲ့တာရဲ့ အဓိက အကြောင်းရင်း တခုကတော့ သမဂ္ဂတွေရဲ့ သမိုင်းမှာ ဘယ် သံရုံး၊ ဘယ်နိုင်ငံရဲ့ (အင်န်ဂျီအို ဆိုတာ အဲဒီတုန်းက မပေါ်သေးပါ)၊ ဘယ်ပြင်ပ အင်အားစုရဲ့ အကူအညီ အထောက်အပံ့ကိုမှ မယူခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂတွေဟာ ပြည်သူလူထုနဲ့ ကျောင်းသားထုဆီက အလှူခံပြီး အသက်ရှင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဖောက်ပြန်တဲ့ အာဏာပိုင်တွေက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကို ကိုယ့်လူအဖြစ် မွေးဖို့၊ ဝယ်ယူဖို့ကြိုးစားရာမှာ ရာထူးပေး၊ ငွေပေးလုပ်တဲ့ နည်းတွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ထောင်ထဲမှာ ဖမ်းထားပြီး အလုပ်အကိုင်ပေးမယ်၊ ရာထူးပေးမယ်၊ လက်နက်ချလို့ အကြပ်ကိုင်တာမျိုးတွေလည်း ရှိပါတယ်။
 
            ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားလှုပ်ရှားမှုတွေအပြင် စာပေပညာရှင် တွေကို ဖိတ်ခေါ် ဟောပြောစေတာနဲ့ ပညာရေး နှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုသဘင်ပွဲ စတာတွေ ကျင်းပခဲ့ပေမဲ့ ဈေးရောင်းပွဲနဲ့ ငွေရှာတာမျိုး မလုပ်ပါဘူး။ ရပ်ကွက်ထဲ၊ ဈေးထဲ၊ အလှူခံထွက်တာတော့လုပ်ပါတယ်။ ကျောင်းသားသမဂ္ဂ၊ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေကို နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့တဲ့ အစဉ်အလာ ကို ဗြိတိသျှကိုလိုနီအစိုးရက သူတို့နိုင်ငံမှာနည်းတူ စနစ်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကို လွတ်လပ်ရေး နောက်ပိုင်း အစိုးရများကလည်း လိုက်နာကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းက အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ သမဂ္ဂတွေလည်း ဥပဒေဘောင် အပြင်ဘက်ရောက်၊ ဒီ အစဉ်အလာလည်း ပျောက်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အစိုးရကပေးတယ် ဆိုတဲ့ငွေဟာ စာသင်နှစ်အစမှာ ကျောင်းသားတွေဆီက ကောက်ခံထားတဲ့ ငွေတွေဖြစ်လို့ ကျောင်းသားတွေကပေးတဲ့ ငွေလို့ဆိုမှ ပိုမှန်မှာပါ။ ဒါပေမဲ့ ဒီငွေဟာသမဂ္ဂရဲ့ တနှစ်စာ အသုံးအတွက် မလုံလောက်ပါဘူး။ ဒါကြောင့် အခါအား လျော်စွာ ကျောင်းသားတွေဆီမှာ ခွက်ထိုးအလှူခံတာ၊ လူထုဆီမှာ ဖြတ်ပိုင်းဖြတ်အ လှူခံတာတွေ လုပ်ရပါတယ်။ သမဂ္ဂဆိုတာဟာ ဒီလိုနည်းနဲ့ ရံပုံငွေတွေရခဲ့တာ ဖြစ်လေတော့ ကျောင်းသားထုမျက်နှာနဲ့ ပြည်သူ လူထုမျက်နှာကလွဲလို့ ဘာမှထောက်ထားစရာ မလိုတော့ပါဘူး။
 
            ဒီလို အကြောင်းရင်းတွေကြောင့်ပဲ ဗမာပြည် နောက်ပိုင်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့သမားရော စစ်အာဏာရှင်တွေအပါ ဖိနှိပ်တဲ့ အစိုးရတွေအဖို့ ကျောင်းသား သမဂ္ဂတွေဟာ အကြီးမားဆုံး ပစ်မှတ်တခု အဖြတ်တည်ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ကျောင်းသားသမဂ္ဂကို နည်းမျိုးပေါင်းစုံနဲ့ သူတို့ အပိုင်ဖြစ်ဖို့ လုံးပမ်းခဲ့ကြပါတယ်။ ဒါကို ဖဆပလအစိုးရ လက်ထက်တုန်းက ဆိုရှယ်လစ်ပါတီက နည်းမျိုးပေါင်းစုံနဲ့ ညစ်တီးညစ်ပတ် လုပ်ခဲ့သလို ရှစ်လေးလုံး နောက်ပိုင်းမှာ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးကလည်း ငွေပုံပေးတာ အပါ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပါတယ်။ ဒီလိုအခါမှာ တချိန်တုန်းက တခုတည်းသော ကျောင်းသားသမဂ္ဂဆိုတဲ့မူ အပေါ်မှာ မားမားရပ်ပြီး အနာခံခဲ့တဲ့ သမဂ္ဂခေါင်းဆောင်နဲ့ ကျောင်းသားအဆက်ဆက်ကို သတိရမိပါတယ်။
 
            တပါတည်းမှာပဲ ဒီနေ့ခေတ် ကျောင်းသားမဂ္ဂဖော်ထုတ်ရေး၊ သမဂ္ဂ အလံတော်အောက်မှာ တိုက်ပွဲဝင်ရေး တို့အတွက်လုံးပမ်းနေ သူအားလုံးကိုလည်း ကျောင်းသားသမဂ္ဂကို စတင် တည်ထောင်ခဲ့သူနဲ့ သယ်ဆောင်ခဲ့သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို သတိရကြပါ၊ ကျောင်းသားတွေရဲ့ ၁၉၃၆ခုနှစ် ကစလို့ ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်အရေးတော်ပုံအလယ် ရှစ်လေးလုံးအရေးတော်ပုံအထိ ဖြစ်တဲ့ ဂုဏ်ပြောင်လှတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲကြီးတွေနဲ့ အဲဒီတုန်းက စိတ်ဓာတ်တွေကို သတိရကြပါလို့ သတိပေးလိုပါတယ်။ သူတို့တွေဟာ ကျောင်းသားသမဂ္ဂတွေ တည်တံ့ရေးအတွက် အသက်တောင် ပေးခဲ့ကြတာပါ။ တကယ်တော့ ဒီနေ့အထိ အသက်ဝင်တည်ရှိနေတဲ့ ကျောင်းသားသမဂ္ဂဟာ ဗမာပြည်သမိုင်းမှာ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းဖြစ်မယ် ဆိုတာ ကိုလည်း မမေ့သင့်ပါဘူး။
 
ကျောင်းသားခေါင်းဆောင်ဟောင်းတဦး။