Wednesday, May 9, 2012

တနင်္သာရီ တိုင်းသား


11:01am May 8
mpt မြန်မာ့ဆက်သွယ်ရေး၏ နယ်စပ်ဒေသ တွင်သုံးပြုသော တချို့ gsm.cdma တယ်လီဖုံးများ လိုင်းပိတ်ထားမှုအပေါ်ပြန်လည်သုံးသပ်ပြီး လိုင်းပြန်ဖွင့်ပေးစေလိုပါတယ်။ နယ်စစ်ဒေသမှာ နေထိုင်သူတွေဟာ တနည်းမဟုတ်တနည်း တဖက်နိင်ငံနှင့် စီးပွားေ၇း လူမှုရေး ဆက်စပ်နေကြတာချည်းပါ။ တဖက်နှင့်တဖက် ထိုင်းဖုံးပြောလိုက် မြန်မာဖုံးပြောလိုက်နဲ အလုပ်လုပ်နေကြတာချည်းဘဲ၊ အခုက ဆက်သွယ်ရေးက နည်းပညာအရသိပါတယ်လို့ ပြောပြီး ဖြတ်ထားတဲ့ ဖုံးတွေထဲမှာ ပုံမှာ ပြထားတဲ့အတိုင်း မြန်မာပြည်မှာနေတဲ့သူနဲ ထိုင်းမှာနေတဲ့သူတိုက်ရိုက်ကြားစေလို လျှင် စပီကာဖွင့်ပြီး ပေးနားထောင်လိုက်ရုံနဲ လိုင်းဖြတ်ထားတဲ့ဖုန်းအလုံးရေမနည်းတာ မြန်မာဆက်သွယ်ရေးသိမှာပါ။ဒါဟာ သုံးစွဲသူရဲ လုပ်ပိုင်ခွင့်ဘဲ၊ ဘာဥပဒမှချိုးဖောက်တာမဟုတ်ဘူး၊ တမီနစ်၅၀ကျပ်သုံးစွဲခပေးပြီး သုံးတာဘဲ၊ ဒါကို 0versea ခေါ်တယ်လို့ ပြောလို့ ရမလား။ two waycalling စက်သုံးထားတာလဲမဟုတ်ဘူး၊ ဆက်သွယ်ရေးဟာ လုပ်လို့ ရတယ်ဆိုတိုင်း မဆင်မခြင်လိုင်းမဖြတ်စေချင်ပါ၊ မိုဘိုင်းဖုန်းတစ်လုံး ၁၅ သိန်း ၅ သိန်း (အရင်ချထားတဲ့ဖုန်းများ) ဆိုတာ တခြားနိုင်ငံများမှာ မကြားဘူးတဲ့ဈေးနုန်းပါ၊မြန်မာ တယ်လီဖုန်းတစ်လုံး ပိုင်ဆိုင်ဖို့ ရာ မြေတကွက်ဝယ်ဖို့ ကြိုးစားရတာနဲအတူတူပါ၊သုံးစွဲသူအတွက်အရမ်းကိုနစ်နာပါတယ်။ ၂၅.၁၀.၂၀၁၁ ကတည်းက ကော့သောင်း၊ မြ၀တီ၊ တာချီလိတ်၊ နယ်စပ်သုံး တစ်ချို့ ဖုံးတွေ လိုင်းဖြတ်ပြီး ပြန်မဖွင့်ပေးတာအခုထိဘဲ။ ခေတ်မှီတိုးတက်နိင်ငံတစ်ခုမှာ မိုဘိုင်းဖုံးဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး လိုအပ်ချက်တစ်ခုပါဘဲ ဒါဟာနောက်တစ်ခေတ်ကျ ရင် မြန်မာဆက်သွယ်ရေးဟာ ပြည်သူတွေ အပေါ်ထားတဲ့စိတ်ဓါတ် ဘယ်လိုဆိုတာ အမည်းစက်အဖြစ်မခံပါနဲ။ နောင်လာနောင်သား တွေကိုဆက်သွယ်ရေးသမိုင်းမှာ ပြောစရာဖြစ်အောင်မလုပ်ပါနဲ၊ တစ်နေ့ ကျရင်မိုဘိုင်းဆင်းကပ်ဆိုတာ အလကားတောင်ပေးရမယ့် အဖြစ်ကိုရောက်မှာပါ။two waycalling စက်သုံးလို့ ဖြတ်ခံရတယ်ဆိုရင် ဥပဒေချိုးဖောက်လို့ ဖြတ်တယ်ဆိုပြီးလက်ရှိအချိန်ခါနဲလက်ခံစရာနဲနဲရှိပါသေးတယ်၊ အခုက စပီကာအကျယ်ဖွင့်ပြီးပေးနားထောင် ရုံနဲ လိုင်းဖြတ်တယ်ဆိုတာ တော်တော့ကို မတရား ရာကျပါ တယ်၊ မြန်မာ့ဆက်သွယ်ရေး သေသေချာချာ ပြန်ပြီး စဉ်းစားသုံးသပ်စေလိုပါတယ်။ ကျနော်ကိုယ်တိုင် ၁၅ သိန်း gsm ဖုန်းလိုင်းဖြတ်ခံထားရတာပါ၊ တခြားသုံးစွဲသူတွေလည်း ဒီလိုအဖြစ်မျိုး တော်တော်များများ ဖြစ်ထားကြလို့ သတင်းအားလုံးစုဆောင်းပြီး ဆက်သွယ်ရေးကို ရည်ရွယ်ပြီး တင်လိုက်တာပါ။

No comments:

Post a Comment