ခွပ်ဒေါင်းကျူးရင့်သံ
၁။
ဓါးဆိုတာ မီးထဲမှာ အကြိမ်ကြိမ်အမြိုက်ခံရမှ၊ပေတုံးမှာ အကြိမ်ကြိမ် အထုအနှက်ခံရမှသာ
ဓါးကောင်းတလက်မည်ပါသည်။
၂။
ခွပ်ဒေါင်းတွေကတော့ သံကွန်ချာအထပ်ထပ်အောက်မှာ နှောင်ကြိုးများကို မကြောက်မရွံ့ ပဲ
ပကတိ ဖိနှိပ်မှုအရှိတရားများကို ကျူးရင့်နေပါသည်။
၃။
ထို့ ကြောင့်လည်း ဒေါင်းပျိုထိုးဆွတ်၊ဘယ်ညာခွပ်၍၊လွတ်လပ်ရလေ ဒို့ 
တတွေသည်၊အိုးဝေကျေးဇူးပါတကား ဆိုသောကဗျာကို ဘဘမင်းသုဝဏ်ရေးခဲ့တာဖြစ်သည်။
၎။
ခွပ်ဒေါင်းမှန်ရင်၊ ခတ်ကွင်းပြင်ရမယ်၊ တိုက်ပွဲဝင်ရမယ်၊ လူထုတိုက်ပွဲဆင်နွဲရမယ်
ဆိုသောအသိစိတ်ဓါတ်များဖြင့် တပြည်လုံးအတိုင်းအတာဆောင်သော
ပြည်တွင်းငြိမ်းချမ်းရေလှုပ်ရှားမှုနှင့်စစ်ဖိနပ်အောက်မှ ပြည်သူဘ၀လွတ်လပ်ခွင့်ရရန်
ကြိုးစားအားထုတ်နေသော ခွပ်ဒေါင်းတို့ ၏ ကျူးရင့်သံများကို အားရှိစရာ
ကြားသိနေရပါသည်။
ခွပ်ဒေါင်းစိတ်ဓါတ်နှင့်
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူနိုင်ပါစေ။
စစ်အောင်
မန်မာအစိုးရရဲ့ ပြည်တွင်းပိတ်ဆို့မှု ၈၈ ကျောင်းသားများ ထောက်ပြ
2012-04-30
မြန်မာအစိုးရဟာ
ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတာကို ထောက်ပြ ဝေဖန်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်က
မြန်မာပြည်သူတွေကို ပိတ်ဆို့ အရေးယူထားကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက
ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
၂၀၁၂
ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက တေးဂီတပညာရှင်များနှင့် ပူးပေါင်းပြုလုပ်သော HIV
ဝေဒနာသည်များအတွက် ရန်ပုံငွေရှာပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
ဖြစ်သည့် မင်းကိုနိုင် (၀ဲ)နှင့် ကိုကိုကြီး (ယာ) တို့ကို တွေ့ရစဉ်။
မြန်မာနိုင်ငံကို
ရောက်နေတဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က နိုင်ငံရေးနဲ့ လူထုအဖွဲ့အစည်း
ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ Chatrium Hotel မှာ ဖိတ်ကြားဆွေးနွေးချိန်
အဲဒီလို ပြောကြားလိုက်တာပါလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA
ကို ပြောပါတယ်။
ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအလိုက် အကူအညီတွေ ပေးသွားဖို့ ရှိတယ်လို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ကိုကိုကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံပေါ် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းရေးဟာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်မြန်ဆန်အောင် လုပ်မလဲ ဆိုတဲ့ပေါ်မှာ မူတည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သုံးသပ်တယ်လို့ ကိုကိုကြီးက ပြောပါတယ်။
ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အခြားသူတွေလည်း တက်ရောက်ကြောင်း သိရပါတယ်။

No comments:
Post a Comment