Monday, May 28, 2012

ဗိုလ်သိန်းစိန် ပုံရိပ်ကောင်းအောင် ဘယ်သူတွေက မီးမောင်းထိုးနေကြသလဲ

ဗိုလ်သိန်းစိန် ပုံရိပ်ကောင်းအောင် ဘယ်သူတွေက မီးမောင်းထိုးနေကြသလဲ

Thursday, 09 February 2012 
သမ္မတ ဦးသိန်းစိန် တစ်ယောက် ခေတ်စကားအရ ပြောရရင် Image ကောင်းလာတယ်လို့ နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆို နေကြရာ စစ်ဖက်နီးစပ်သူများက အဲဒီ Image ပုံရိပ်ကောင်းအောင် နောက်ကွယ်မှာ ဘယ်သူတွေက စွမ်းဆောင်နေလို့ ဖြစ်လာတယ် ဆိုတာကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးသိန်းစိန်အား “မင်း လူဟောင်းတွေကို ကြိုက်မှ ပြန်သုံးပါလို့” အခွင့်အရေး ပေးခဲ့တယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ မဖွဲ့မှီကာလက သူ့အား အထောက်အကူပြုမဲ့ လူတော်များကို စိတ်ကြိုက် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ DSA – 16 ကျောင်းဆင်း Best Cadet ဖြစ်ပြီး သင်တန်းတိုင်းမှာ ပထမရရှိအောင် ထူးချွန်ထက်မြက်သူ ဖြစ်ပါတယ်။ အင်္ဂလိပ်စာတော်ပြီး ရာထူး တက်ဖို့ မျှော်မှန်းခဲ့ပေမဲ့ မမျှော်လင့်ဘဲ အသည်းရောင် ရောဂါပိုး ဘီပိုးတွေ့ရှိခဲ့လို့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာ ၀န်ကြီးဌာန လက်အောက်ခံ ဦးစီးဌာန တစ်ခုမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သွားပြီ ကန်တော်ကြီး ဟိုတယ် မျက်စောင်းထိုးရှိ အစိုးရအိမ်မှာ မထင်မရှား နေခဲ့ရသူ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးများ ထိုင်ခုံ လှုပ်ချိန်မှာ သံအမတ်ကြီးများ အရွေ့အပြောင်း ဖြစ်ကုန်ကြပြီ အချိန်ကာလမှာ ကံထချင်လို့ သူ့အား ဥရောပတိုက်ရှိ ဂျီနီဗာမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်ပါတယ်။ သူဟာ ဥရောပတိုက် နိုင်ငံများအား မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံဖို့ စဉ်ဆက်မပြတ် တိုက်တွန်းစည်းရုံးနိုင်ခဲ့ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ နော်ဝေးနိုင်ငံကဲ့သို့ ဥရောပနိုင်ငံများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် နိုင်ဖို့ စည်းရုံးကြိုးစားဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ UN အပါအ၀င် အနောက် နိုင်ငံများနှင့် သံတမန်ရေးရာ အတွေ့အကြုံ ရှိတာမို့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဥာဏ်ဝင်းထက်ပင် တော်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အား သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရေး ၀န်ကြီး အဖြစ် ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးဝဏ္ဏမောင်လွင် (DSA - 16)
သမ္မတရဲ့ အဓိက နိုင်ငံရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ကက (ကြည်း) သုတေသနတွင် စစ်ဦးစီးမှူး ပထမတန်း ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင် DSA – 18 အား ရွေးချယ်ခဲ့ပါတယ်။ န၀တ၊ နအဖခေတ် တစ်လျှောက်လုံး ဒုဗိုလ်မှူးကြီး ကိုကိုလှိုင်ဟာ ကကကြည်း သုတေသနတွင် တာဝန်ထမ်းဆောင်ခဲ့သူမို့ လူကြီးများနဲ့ ထိတွေ့ ဆက်ဆံရာမှာ ညက်ညောင်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန်ဟာ နိုင်ငံတကာရေးရာ ဖြစ်ပျက် ပြောင်းလဲမှုများ၊ တနိုင်ငံချင်းရဲ့ နိုင်ငံရေး/ စီးပွားရေး/ စစ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ မူဝါဒ၊ စစ်အင်အား၊ ဒီမိုကရေစီ ရေးရာများနှင့် စစ်အာဏာရှင်များ ဇာတ်သိမ်းမလှပုံတွေကို သုတေသနပြုရကာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရာများကိုလည်း သုံးသပ် ကောက်နှုတ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြရသူ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဆိုင်ရာ ပေါ်လစီများ ချမှတ်ရာမှာ ဦးကိုကိုလှိုင်နှင့် အကြံပေးချက်များ ပါဝင်နေတာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့သစ် ဖွဲ့ထားပြီး နောက်ပိုင်းတွင် အမေရိကန်သို့ သွားရောက် ထိုးဖောက် စည်းရုံးခဲ့ပြီး အပြန်မှာ အင်ဒိုးနီးရှားကို ၀င်ရောက် လည်ပတ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဦးကိုကိုလှိုင် (DSA - 18)

No comments:

Post a Comment