Wednesday, May 9, 2012

နို့စို့ကလေး ခန္ဓာကိုယ် ပူနေလျှင်

3:49am May 8
khinelulu
khinelulu wrote on May 6
အူးအူး အူးမင်းမင်းဇော် ညီလေးတိုးအကောင့်မှာ မြန်မာဆေးမီးတို လင့်မရှိလို့ ဒိမှာဘဲ တင်သွားတယ် ပြောင်းပြီးတင်ပေးနော်

နို့စို့ကလေး ခန္ဓာကိုယ် ပူနေလျှင်
လေး,ငါးလအရွယ် နို့စို့ကလေး အပူလွန်ကဲ၍ ဖျားနေလျှင် ခန္ဓာကိုယ်ပူနေသောကြောင့် ကလေးမှာ ငို၍ ချော့မရ ဖြစ်နေတတ်သည်။
ဤကဲ့သို့ ပူပြီးဖျားနေသော ကလေးအား ကျောက်ပျဉ်တွင် နံ့သာဖြူအား အကြမ်းပန်းကန်လုံး တစ်ဝက်ရအောင်သွေး၍ ကလေး၏ ခန္ဓာကိုယ်ကို လိမ်းပေးပြီး စောင်ဖြင့် ထွေးထားပေးပါ။
(၁၅)မိနစ်ခန့် အကြာတွင် ကလေး ကိုယ်ပူကျသွားပါလိမ့်မယ်။
အပူကျလျှင် ကလေးအား နံ့သာဖြူ အနည်းငယ် ဝမ်းထဲသို့ဝင်အောင် တိုက်ပေးရပါမည်။ ဤသို့ တိုက်ပေးမှသာလျှင် ပို၍ စိတ်ချရမည် ဖြစ်ပါသည်။

(မဟူရာ-ဧရာဝတီ-ကသာ)

No comments:

Post a Comment