Monday, May 7, 2012

မဲဆောက်က မြန်မာနိုင်ငံသား အလုပ်သမားသပိတ် အောင်မြင်မှုရ


Aung Khaing Myint 3:06pm May 6
မဲဆောက်က မြန်မာနိုင်ငံသား အလုပ်သမားသပိတ် အောင်မြင်မှုရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချန်ပီယံ သိုးမွှေးစက်ရုံလို့ လူသိများတဲ့ FT Fashion အထည်ချုပ်နဲ့သိုးမွှေးစက်ဆွဲအလုပ်ရုံမှာ မေလ၂ ရက်နဲ့ ၃ ရက်နေ့တွေက အလုပ်သမားတွေ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာမှာ ဒီကနေ့ အလုပ်ရှင် နဲ့ ဆန္ဒပြအလုပ်သမားတွေ ပြေလည်မှု ရသွားပြီလို့ သိရပါတယ်။

အလုပ်သမားတွေဖက်ကတနေ့(၈)နာရီအလုပ်လုပ်ချိန်သတ်မှတ်ပြီး နေ့စဉ်လုပ်အားခ ၁၅၅ဘတ်နှုန်းတိုးပေးရေး တောင်းဆိုခဲ့ကြတာပါ။

မဲဆောက်မြို့ ချန်ပီယံခေါ် FT Fashion သိုးမွှေးစက်ရုံမှာအလုပ်လုပ်နေ တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၀၀)ကျော်က မတ်လ (၂)ရက်နေ့က စတင်ပြီး တနေ့ အလုပ်ချိန် (၈)နာရီ သတ်မှတ်ပြီး အချိန်ပိုကြေးနဲ့ လုပ်အားတိုးပေးဖို့ အလုပ်မဆင်းပဲဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက်၁၀နာရီမှာ ဆ၀ါတီကန်လို့ခေါ်တဲ့ မဲဆောက်အလုပ်သမား ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေက ရုံးမှာ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ် (၇)ဦးနဲ့ စက်ရုံလုပ်ငန်းရှင်ကို ဆင့်ခေါ်ကာ ညှိနှိုင်းပေးခဲ့လို့ အလုပ်ရှင်အလုပ်သမားပြေလည်မှုရခဲ့တာပါ။

No comments:

Post a Comment