၁၉၈၈-ခုနှစ်၊လူထုအရေးတော်ပုံကြီးမှ
မည့်ကဲ့သို့သော-တော်လှန်ရေးမျိုးဆက်များကို
မွေးထုတ်ပေးခဲ့ပြီးမည်သည့်တော်လှန်းရေး
အမျိုးအစားများဆက်လက်ထားရှိခဲ့မည်လဲ?။
ငါတို့တွေဟာ-အတိတ်ကိုပဲပြန်အန်ထုတ်တဲ့
ရာဇ၀င်ပြန်ပြောနေရတဲ့ခေတ်နေပြီလား။
ငါတို့ဟာ-ငါတို့သမိုင်းကိုပြန်သတ်နေတာလား။
ငါတို့သမိုင်းကိုငါတို့ထဲကပဲပြန်သတ်နေကြတာလား။
ငါတို့ရဲ့ကျဆုံးမှုတွေကိုငါတို့ထဲကပဲလုပ်နေကြတာလား။
ငါတို့ရဲ့တိုက်ပွတွေဟာ-
(၁)မိမိကိုယ်ကိုတည်ဆောက်မှု
(၂)အတွေးအခေါ်အရတည်ဆောက်မှု
(၃)သစ္စာတရားအပေါ်ယုံကြည်မှု။
(၄)အပြန်အလှန်လေးစားအသိအမှတ်ပြုမှု။
စစ်သည်(၃)သိန်းကျော်ရှိတဲ့-ဒီစစ်တပ်ကြီးကို
စိတ်ဓါတ်တွေနဲ့ရင်းနှီးပြီးမှဆယ်စုနှစ်(၂)ခုကျော်အထိ
တော်လှန်နေတာကိုကကြီးမြတ်မှုကြီးဖြစ်တယ်။
တော်လှန်ရေးလုပ်တဲ့အခါမယ်-ပန်းခင်းလမ်းကိုလျှောက်တောမဟုတ်ဘူး။
ခေတ်တခုပြောင်းအောင်ကာယကံအရ၊၀ဇီကံအရပြင်းထန်တဲ့တိုက်ပွဲဝင်မှုဖြစ်တယ်။
လရောင်အောက်မှာဂစ်တာတီးဘို့ထွက်လာခဲ့တာမဟုတ်ဘူး။
ခက်ထန်တယ်၊ကြမ်းတမ်းတယ်။
ဒီအတွက်-
ငါသည်တော်လှန်သမားဖြစ်သည်။
တော်လှန်ရေးကိုယုံကြည်သောသူအပေါင်းတို့သည်-ပရမ္မတများဖြစ်ကြကုန်၏။
အို- လူထုအပေါင်းတို့
အတွင်း၌ခက်ထန်ကြမ်းသော-မိဆ္ဆာစစ်ဘီလူးတို့
သင်တို့အားလိမ်လည်နေကြပြီ
သတိနှင့်ဆင်ခြင်တုံ့ပြန်ကြလော့။
လင်းထက်။

No comments:
Post a Comment