၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကို စပြင်မှဖြစ်လိမ့်မယ်။
ဘယ်ဟာကိုပြင်မှာလဲ?
လွှတ်တော်အမတ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ် ဆိုတဲ့အချက်ကို ပြင်ရမှာဖြစ်ပါတယ်။
ဘယ်လိုပြင်ဆင်မှာလဲ ?
လွှတ်တော်ရဲ့
၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ် ဆိုတဲ့အချက်ကို စဉ်းစားမယ်ဆိုရင်
ဖွဲ့စည်းပုံကို
ရေးဆွဲခဲ့တာကနေစပြီး စဉ်းစားဖို့လိုတယ်။ ဖွဲ့စည်းပုံက ၁၉၉၃ ခုနှစ် ကတည်းက
အမျိုးသားညီလာခံ တံဆိပ်တပ်ပြီး ဆွဲလာခဲ့တာ။ အမျိုးသားညီလာခံ ဆိုတာကလည်း
၁၉၉၀ ရွေးကောက်ပွဲမှာ ကွင်းလုံးကျွတ် အနိုင်ရခဲ့တဲ့ NLD ကို
အာဏာလွှဲမပေးချင်လို့ ပြည်သူ့လွှတ်တော် အစား
တိုင်းပြုပြည်ပြုလွှတ်တော်မျိုးလုပ်ပြီး ဖွဲ့စည်းပုံရေးခိုင်းတာပဲ။
ဖွဲ့စည်းပုံရေးတော့ ပြည်သူလူထုဆန္ဒ၊
ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ မပါခဲ့ဘူး။ ရဟန်းရှင်လူ
ကျောင်းသားပြည်သူတရပ်လုံး နည်းအမျိုးမျိုးနဲ့
အကြိမ်ကြိမ်ကန့်ကွက်နေတဲ့ကြားထဲကပဲ စစ်အုပ်စုက ဖွဲ့စည်းပုံကို သူ့လူနဲ့သူ
ရေးဆွဲခဲ့တယ်။ ပြည်သူ့ကိုယ်စားလှယ် (လွှတ်တော်အမတ်) တမတ်သားတောင် မပါခဲ့ဘူး။
အဲဒီလို လွှတ်တော်အမတ် တမတ်သား (၄ ပုံ ၁ ပုံ) တောင် မပါပဲ ရေးဆွဲခဲ့တဲ့
ဖွဲ့စည်းပုံ (တနည်းအားဖြင့်)
ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ လွှတ်တော်အမတ် ၇၅
ရာခိုင်နှုန်း ကျော် ထောက်ခံရမယ်ဆိုတဲ့ ပြဌာန်းချက်က
ရယ်စရာကောင်းမနေဘူးလား။ ၇၅ ရာခိုင်နှုန်းကျော် (၄ ပုံ ၃ ပုံ) ထောက်ခံရမယ်
ဆိုတဲ့ ပြဌာန်းချက်က ဖွဲ့စည်းပုံ ပြင်လို့မရအောင် ခက်ခဲအောင်
မူလီကြပ်ထားတာပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဖို့ဆိုတာ
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ တခြားဟာတွေထက်ကို ပိုခက်တယ်။ ဒါပေမယ့် နအဖ
ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံလောက်တော့ မခက်ဘူး။ ကျနော့်အမြင်က
ဖွဲ့စည်းပုံမှာပြဌာန်းထားတဲ့ ၇၅ ရာခိုင်နှုန်းကျော် (၄ ပုံ ၃ ပုံ) ကို (၃
ပုံ ၂ ပုံ) နဲ့ အစားထိုး ပြင်ဆင်ပြောင်းလဲသင့်တယ်လို့ မြင်ပါတယ်။ လူတရာမှာ
၎ ပုံ ၃ ပုံ ဆိုရင် ၇၅ ယောက်ဖြစ်မယ်၊ ၃ ပုံ ၂ ပုံ ဆိုရင် ၆၆
ယောက်ဖြစ်တယ်။
ဖွဲ့စည်းပုံပြင်ဖို့ ၇၅ ယောက်မလိုပါဘူး၊ ၆၆ ယောက် ဆိုရင် ဖြစ်ပါတယ်။
ထက်ဝက်ကျော်နေတာပဲ။
ဒုတိယအဆင့် ဖြစ်တဲ့ -
တပြည်လုံးဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့ ထက်ဝက်ကျော်က
ထောက်ခံ ရမယ် ဆိုတဲ့ ပြဌာန်းချက်ကိုတော့ ကန့်ကွက်စရာမရှိပါ။
နိုင်ငံရေးအာဏာဟာ ပြည်သူလူထုထံက ဆင်းသက် တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံသဘောအရ
အာဏာဆိုတာ ပြည်သူလူထုရဲ့
လက်ထဲမှာရှိကိုရှိရမှာဖြစ်တယ်။ နိုင်ငံတခုရဲ့ ကောင်းမှု/ဆိုးမှုကို
သူ့နိုင်ငံရဲ့ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကြောင့် ဆန္ဒခံယူပွဲ
ဆိုတာကို ဒီမိုကရေစီအခြေခံမူအရ လက်မခံနိုင်စရာမရှိဘူးလို့ မြင်ပါတယ်။
သို့သော် လုပ်နည်းလုပ်ဟန်ပိုင်းမှာ ၂၀၀၈ မှာ လုပ်သွားသလိုမျိုးမဖြစ်ဖို့
နဲ့ ဒီမိုကရေစီနည်းလမ်း ကျကျ လုပ်သွားဖို့ပဲလိုတယ်လို့
မြင်ပါတယ်။
ထပ်ပြီး ဖြည့်စွက်ရမှာက ပြည်သူလူထုလက်ထဲ
အာဏာခွဲဝေပေးတဲ့အချက်၊ အဲဒါက ဘာဖြစ်သင့်လဲဆိုတော့ ဆန္ဒသဘောထားတခုကို
မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၅ သိန်းပြည့်ခဲ့ရင် လွှတ်တော်ကို
တိုက်ရိုက်တင်သွင်းနိုင်တယ်၊ လွှတ်တော်က
ကိုင်တွယ်ဖြေရှင်းပေးရမယ်ဆိုတဲ့အချက်ပါပဲ။
(သားဆွေ)
No comments:
Post a Comment