3:02pm May 6
|
အဘ ဥက္ကာကိုကို
ရှစ်လုံးကြီးနားပြီဆိုတဲ့သတင်းကြားတော့ သိပ်မအံ့သြမိပါဘူး။
သုံးယောက်ထဲက တစ်ယောက်ယောက်နားလိမ့်မယ်လို့ စိတ်ထဲက ထင်နေတယ်။
ထင်တာပဲရှိတာပါ။ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ရပ်ပါပဲ။
တကယ်ဖြစ်လာမယ်ဆိုရင်တော့ ခုတလောတွေးမိနေတဲ့ အတွေးတစ်ခုက မှန်နေတယ်လို့ သတ်မှတ်ရမှာပေါ့။ အဲဒါကတော့ -
““မြန်မာ့နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတာတွေပဲ ရွေးဖြစ် တတ်တယ်”” ဆိုတာပါ။
၁။ ဦးသိန်းစိန်ဟာ လက်ရှိတာဝန်ကို မပျော်ပိုက်ဘဲ ၂၀၁၅ မှာ နားတော့မယ်လို့ သိရပါတယ်။ (သေချာဖွယ် ရာနှုန်း ၈၀)
၂။ ဒေါက်တာစိုင်းမောက်ခမ်းဟာ တိုင်းရင်းသားထဲက တစ်ဦးပါရမယ်ဆိုတဲ့ ဥပဒေအရ တင်မြှောက်ထားတဲ့ ဒုသမ္မတ ဖြစ်တယ်။ (လက်သင့်ခံရဖွယ်အချက်)
၃။ ဦးသီဟသူရတင်အောင်မြင့်ဦးဟာ သဘောထားတင်းမာသူတွေအဖွဲ့ရဲ့ ဦးဆောင်တစ်ဦးဖြစ်လို့
သူနှုတ်ထွက်မယ်ဆိုတာ အိပ်မက်တောင်မမက်မိဘူး။ (ကျနော့်အိပ်မက်)
တကယ်လို့....
၎။ ရှစ်လုံးကြီး (ဦးသီဟသူရတင်အောင်မြင့်ဦး) နှုတ်ထွက်ခဲ့ရင် ယခင်သမ္မတရွေးချယ်စဉ်က လျာထားခြင်းခံခဲ့ကြရသူတွေထဲက တစ်ဦးသာ လုပ်ထုံးလုပ်နည်းအတိုင်းတက်လာဖွယ်များတယ်။ (လုပ်ထုံးလုပ်နည်းအရသာဖြစ်)
၅။ ဒေါ်စုဟာ ပြည်သူ့လွှတ်တော်အမတ်နေရာနဲ့ အဖွဲ့ချုပ်ကို စွန့်ခွာပြီး အစိုးရရာထူးတာဝန်ကို ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ် ထင်တယ်။ ( သေချာဖွယ် ရာနှုန်း ၆၀)
၆။ ဒေါက်တာစိုင်းမောက်ခမ်း အနားယူသွားရင် တက်လာမယ့် တိုင်းရင်းသားက ဒေါက်တာအေးမောင်ဖြစ်ဖွယ်များတယ်။ တကယ်လို့ ရှစ်လုံးကြီးသာ ကျန်းမာရေးအကြောင်းပြပြီး အနားယူသွားခဲ့ရင် ဘယ်သူတက်လာနိုင်မလဲ....။
ဘယ်အရာကိုမှ တရားသေမပြောရဲပါ။ ဖြစ်ရပ်အမှန်ကို တရားဝင်ဖော်ထုတ်ကြေငြာဖို့ နှောင့်နှေး လွန်းတဲ့နိုင်ငံမှာ ကောလဟာလတွေ ထွက်တတ်တာ မဆန်းပါဘူး။ ပြီးတော့.....
မြန်မာ့နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးထင်တာတွေ ရွေးဖြစ်တတ်တာလည်း....
.... မဆန်းပါဘူး။

No comments:
Post a Comment