Friday, July 20, 2012

ကျောင်း သား သ မ ဂ္ဂ ဆို တာ အ ခု ခေတ် ကျ မှ ပေါ် ပေါက် လာ တာ လား


Min Aung
 
ကျောင်း သား သ မ ဂ္ဂ ဆို တာ အ ခု ခေတ် ကျ မှ ပေါ် ပေါက် လာ တာ လား

မဟုတ် ပါ ဘူး ။ ၁၉၃၀ ခု နှစ် ၊ အ င်္ဂ လိပ် ကို လို နီ ခေတ် က တည်း က ဖွဲ့  စည်း ပေါ် ပေါက် လာ ခဲ့ တာ ပါ ။ ရန် ကုန် တ က္က သိုလ် ကျောင်း သား များ သ မ ဂ္ဂ နာ မည် နဲ့  ပ ထ မ ဆုံး ပေါ် ပေါက် လာ ခဲ့ တာ ပါ ။ ၁၉၃၆ မှာ တ က္က သိုလ် အ သီး သီး နဲ့  အ.ထ.က ကျောင်း သား တွေ ပါ ၀င် တဲ့ ဗ မာ နိုင် ငံ လုံး ဆိုင် ရာ ကျောင်း သား များ သ မ ဂ္ဂ ( ဗ .က .သ ) ပေါ် ပေါ လာ ပါ တယ် ။ ၁၉၃၈ ခု နှစ် မှာ တော့ ဗ မာ နိုင် ငံ လုံး ဆိုင် ရာ ကျောင်း သား သ မ ဂ္ဂ များ အ ဖွဲ့  ချုပ် (ဗ .က . သ များ အ ဖွဲ့  ချုပ် ) ဆို ပြီး ပေါ် ပေါက် လာ ပါ တယ် ။ အ င်္ဂ လိပ် ကို လို နီ ခေတ် က နေ လွတ် လပ် ရေး ရ ပြီး နောက် ပိုင်း ၁၉၆၂ ခု နှစ် ထိ အ စိုး ရ အ ဆက် ဆက် အ သိ မှတ် ပြု တ ရား ၀င် ဖွဲ့  စည်း လုပ် ကိုင် ခွင့် ရ ခဲ့ ပါ တယ် ။၁၉၆၂ ခု နှစ် က စ တင် ပြီး စစ် အ စိုး ရ အ ဆက် ဆက် မှာ တော့ ကျောင်း သား သ မ ဂ္ဂ တွေ ဟာ တ ရား ၀င် အ သိ မှတ် ပြု မ ခံ ရ တော့ ပါ ဘူး ။ ဒီ က နေ့ အုပ် ချုပ် နေ တဲ့ အ စိုး ရ ဟာ တ ကယ် သာ ဒီ မို က ရေ စီ အ စိုး ရ ဆိုရင် ကျောင်း သား သ မ ဂ္ဂ ဖွဲ့  စည်း တာ ကို တ ရား ၀င် ခွင့် ပြု ၊ အ သိ မှတ် ပြု ပေး မှာ အ သေ ချာ ပါ ပဲ ။ ခင် ဗျား တို့ အ ခု ချက် ချင်း သာ ကျောင်း သား သ မ ဂ္ဂ တွေ ကို ဖွဲ့  စည်း ဖြစ် အောင် ဖွဲ့  လိုက် ကြ ပါ ။ (က မ္ဘာ ပေါ် က တ က္က သိုလ် ကျောင်း တိုင်း မှာ ကျောင်း သား သ မ ဂ္ဂ ဆို တာ ရှိ ပါ တယ် ။)

Myanmar 8888 THE TRUTH (Part 4) "Fall of Ne Win's government by Student...

(20 ) Years Jubliee of 8-8-88 (Part VI)

(20 ) Years Jubliee of 8-8-88 (Part V)

(20 ) Years Jubliee of 8-8-88 (Part IV)

(20 ) Years Jubliee of 8-8-88 (Part III)

In Front of the Rangoon City Hall in 1988

(20 ) Years Jubliee of 8-8-88 (Part I)

8888 (Part6)

8888 (Part5)

(20 ) Years Jubliee of 8-8-88 (Part II)

8888 (Part1)

8888 (Part2)

8888 (Part - 4)

8888 (Part - 3)

Burma 8888

8888 Shootings

08-08-1988 in Myanmar

Burma 8888 - in memory 20 years on

8888 's memories

8888 uprising documentary Part 2

♫♫ ခွပ်ဒေါင်း အားမာန် ♫♫

8888 Songs

21 Free Burma 8888

Burma 8888 - in memory 20 years on

8888 Burma

ABSDF All Burma Students Democratic Front

Meeting with Media to form ABSFU (Upper Burma) 1-2-2012

U Thant documentary by U Aung Zaw Htet

1948 Burma celebrating day of independence

Rangoon (now Yangon) 1950s or 60s

Lu Chon Lu Gaung လူချွန်လူကောင်း

နတ်ရှင်နောင်

The Life Of The Buddha [Full BBC Documentary- HQ] with English/Greek/Cat...

Court of Mandalay Konbaung Dynasty

Royal Burma

history of myanmar

Court of Mandalay Konbaung Dynasty

The Last Queen Supayalat

မြန်မာ့ ရာဇ၀င် သမိုင်း အပိုင်း ၎

မြန်မာ. ရာဇ၀င် သမိုင်း အပိုင်း ၁

Bo Aung San ဗိုလ်အောင်ဆန်း

88 Generation Students Leader Ko Min Ko Naing talked about 7 July.mp4

အဖေ ဗိုလ်ချုပ်အောင်ဆန်း သို့

Universal Declaration of Human Rights (UDHR)

Reunion

Detail of 19July Martyr's day ( Myanmar)

who is Aung San? What is his Speech? part 1

19 July at New York with Dr Sein Win.wmv

0716TV First legally protest

0716TV Irrawaddy seminar

ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှ

၃-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သည့် ညီညွတ်ရေးအဆို မိန့်ခွန်းမှကောက်နုတ်ချက်--

ကျနော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ်ကတိပေးထားပါတယ်။ အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ညီညွတ်ရေးအဆိုကို တင်သွင်း ရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကာလွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာတတိုင်းတပြည်လုံး သွေး စည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေး မရဘူး။မရဘူးဆို လို့ရှိရင် တိုင်းပြည်နဲ့လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိရင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့သူတွေ၊ ကျနော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိရင် ခုနတိုင်းပြည်အတွက် လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ သူတွေကို သစ္စာဖောက်ရာမလေးစားရာကျမှာမိုလို့ ဒီညီညွတ်ရေးအဆိုကို ကျနော်တင်သွင်းခြင်း ဖြစ်ပါတယ်။ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲဆိုလို့ရှိရင် ညီညွတ်ရေး လိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျနော်တို့ ဗမာပြည်ဟာအာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ)
လွတ်လပ်ရေးရအောင်ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျနော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုရင်တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးက လွတ်လပ်တဲ့တိုင်းနိုင်ငံ ထူထောင်တဲ့အခါကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား။ ဘယ်စနစ်နဲ့
အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့မှလွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။ဒီတော့ကာ ညီညွတ်ရေးဟာ အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့်လက်နက်ကြီး ဖြစ်နေ တယ်။ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာညီညွတ်ရေး ဆိုတဲ့ အကြောင်း သရုပ်ဖော်ပြထားတယ်။တူညီသောအကျိုး၊တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရ မယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရ မှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။
ဘာအတွက် ညီညွတ်ရမှာလဲ။ အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံးလူ တ မျိုးလုံးရဲ့ လွတ်လပ်ရေး၊လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ် အဲဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုးတိုင်းသူပြည်သားရအောင်၊ တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်၊ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ ရည်ရွယ်ချက်လည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်

ဦးအောင်ဆန်း၏နောက်ဆုံးနေ့၊ ရေး - ဒဂုန်တာရာ

ဦးအောင်ဆန်း၏နောက်ဆုံးနေ့၊ ရေး - ဒဂုန်တာရာ
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာ မမြင်ရ။မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်း လွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။
ဒီကနေ့အတွင်းဝန်များရုံးသို့သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိဦးသိန်းဟန် (ဇော်ဂျီ) ကစနေနေ့ နေ့လယ်တွင်ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲဗိုလ်ထွန်းလှထံမှ လည်းခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ်စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည် ဟုစိတ်ကူးထားသည်။၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကားမစဲနိုင်။ သို့နှင့်စားပွဲတွင်ထိုင်ကာအပြီးမသတ်သေးသောကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားေ လပြီ။ မိုးကားမတိတ်သေးပေ။နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီဝတ်ကာ လမ်းမကြီးသို့ထွက်ခဲ့သည်။ အဆင်သင့် တွေ့ သောဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကိုတက်စီးလိုက် သည်။ကားထဲတွင်ကြည့်မြင်တိုင်ဘက်မှလိုက်ပါလာမည်ထင်ရသော တောသား၃ ယောက်နှင့်တရုတ်မ၂ ဦး ကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကားတိတ်ဆိတ်စွာလိုက်ပါလာ ကြ သည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသောရန်ကုန် ကားလမ်းကား
စိုစွတ်လှသည်။ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည်အဆင်း အတက်သိပ်မရှိလှ။ သို့နှင့်စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက် သည်။ လမ်းဘေးတွင် မော်တော်ကားများသည်ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။
သူရိယတိုက်ရှေ့အ၀င်တံခါးမပေါက်ကြီးတွင်ကားလူများသည်အတွင်းသိုမျှော်လိုက်။စကားပြောလိုက်နှင့်နေ ကြသည်ကိုတွေ့မြင်ရသည်။ကျနော်ကား ရုံးဆင်းချိန်မို့လူတွေရှုပ်နေတာထင်ပါရဲ့ဟုသာသာမန်အောက်မေ့ မိသည်။ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင်ရဲရဲ တင်းတင်း တံခါး ပေါက်မှ အတွင်းသို့ဝင်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့် ကျပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟုထင်လိုက်မိသည်။ ကျနော်သည် အ တွင်းဝန်ရုံးကိုသွားခဲလှပေသည်။ညှိုးလျော်သော မျက်နှာနှင့်လုံချည်အပြာဝတ်ထားသော စာရေးမ နှစ်ဦး သည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှထွက်လာသည်။သို့နှင့် အလယ်ဆင်ဝင်အောက်ကားဆိုက်သည့်နေ ရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကိုအလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။ဗိုလ်ထွန်းလှအခန်းသို့တက်ရန် လှေကားထစ်တထစ် နှစ်ထစ်တက်မိပြီးမှတိတ်ဆိတ် ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန်လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာတဘက်ရှိတိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲဝင်တော့မည်လေ၊လွှတ်တော်ရုံးဝင်ဝင်ခြင်း
သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်းဆွဲ ပိတ်၍ထားသည်။သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာလည်းတံခါး ပိတ်ထားပြီးခန်းဆီးအစိမ်းပုတ်ကြီးလည်းဆွဲ၍ထားသည်။ရုံးစေ နှစ်ယောက်မှာနံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက် သည်။ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာသာအေးအေးဖြေသည်။သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။တံခါးစေ့ထားသဖြင့် အတွင်းသို့ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။
ရုံးစေသည်ဘာမှမပြောဘဲ အသာတယာ စေ့ထားသောတံခါးကိုဖွင့်ပေးသည်။လှမ်းကြည့်လိုက်ရာသူ၏စား ပွဲတွင်ထိုင်နေသောဇော်ဂျီကိုတွေ့မှထီးကိုထောင်ပြီးအတွင်းသို့ဝင်လိုက်သည်။ရုံးခန်းကား တိတ်ဆိတ်ငြိမ် သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည်စိမ်းစိမ်း ပြာပြာ
ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော်အကြံပေးအရာရှိဝတ်လုံဦးချန် ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။ ဇော်ဂျီသည်ကျနော်ဝင်လာသည်ကို မြင်သောအခါဆိတ် ဆိတ်ပင်၊စကားမဟဘဲထိုင်ရန်ကုလားထိုင်ကိုသာလက်ဖြင့်ညွှန်ပြသည်။သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကားခါတိုင်းလှုပ်ရှားဆူညံ၍ နေတတ်သောအတွင်းဝန်များရုံး သည်ဘာကြောင့်ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ဆိတ်ငြိမ်၍ နေသည်ကိုအံ့သြလျက်ရှိသည်။အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီကတိုးတိုးညည်းလေသည်။ကျနော်ကားဘာမှန်း မသိသေးသဖြင့် ကြောင်နေရာသူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော် သည်ထိက်ကနဲဖြစ်သွားသည်။‘‘လက်ဖက်ရည်ဆိုင်သွားရအောင်’’မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီ   လမ်းကလေးပေါ်ရောက်မှ ကျနော်ကမနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။‘‘မင်း မကြားသေးဘူး လား’’ဟု ဇော်ဂျီကအံ့သြနေသည်။‘‘ဟင့်အင်း … ကျနော်အခုပဲဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာ တာ’’သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ်စစ်ယူနီဖေါင်းကိုဝတ်ထားသောလက်နက် ကိုင် လူ ၄ ယောက်သည်ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်းအတွင်းသို့ အတင်းတွန်းဝင်၍အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအားစတင်း ဂန်းဖြင့်ပစ်ခတ်ကြပြီးမည်သူမျှဖမ်းဆီးခြင်းမခံရဘဲဂျစ်ကားဖြင့်ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာသည်။ အတွင်းဝန်ရုံးလက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍နေကြသည် ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန်ကိုကျော်မြင့်ကလေးကလှမ်း၍ နှုတ်ဆက်လိုက် သည်။ သူသည်ခပ်အေးအေး ခပ်တွေတွေပင်လက်ဖက်ရည်ကို သောက်နေသည်။‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီးရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေးလုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွား လျက်ရှိကြသည်။ ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟုတသသပြောသည်။‘‘ကျနော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက်အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။
‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံ ကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါးအားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာတုန်နေ၍မျက်နှာမှာဖြူဖတ်ဖြူရော်
ဖြစ်နေသည်။ ‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’
ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင် ဘက်လမ်းသို့ ထွက်ခဲ့သည်။မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင်ထီးဆောင်း၍၊ တချို့ ထီးမပါဘဲ၊ အချို့ပလက်ဖောင်းပေါ်တွင်ရပ်ကာအတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်…ခုနက၀န်ကြီးတွေသေ နတ်ပစ်ခံရတယ် ကြားတယ်၊ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေ လိမ့်မည်။‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီးတဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကား ကိုတက်စီးလိုက် သည်။ ကားသည်လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။ကားထဲတွင်လူမနည်းလှပေ။ ခရီး သည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော်ဖြစ်မှဖြစ် ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။ယခုမှပင်သိရသောမိန်းမတယောက်က မေးမြန်း သည် ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍တီးတိုးတားမြစ်သည်။သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍
ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့်ဘတ်စ်ကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။သတင်း သည်တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။
ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင်လူတို့သည်မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေ သည်ကို တွေ့မြင်ရသည်။လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။လူတို့သည် ဖြစ် မှဖြစ် ရလေ၊ ဖြစ်မှဖြစ်ရလေဟု တတွတ်တွတ် မြည်တမ်းရင်းပင်ညနေစောင်းလာတော့သည်။ဗိုလ်ချုပ်ဆုံးကြောင်း ကားညနေထုတ် သတင်းစာများမှ ကြားရလေပြီ။မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်းမချက်တော့ဘူး၊ စားချင်စိတ် လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။နေ၀င်မီးငြိမ်း အမိန့်ထုတ် ထား သဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ
ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာ ၀င်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟုမိန်းမများက ဆုတောင်း ကြသည်။ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊လူးလွန့်သံတို့သည်ဆက်၍နေသည်။ရှဲခနဲမီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသ သနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇ သြဂုတ်လ
“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ

0718TV_Copper_mine_health

0718TV Gas PipeLine Local villages

DVB TV news 1 (19-7-2012)

Not missing the wood for the gold

Not missing the wood for the gold
Shyam Saran July 19, 2012
 
India should keep out of the unseemly race for Myanmar’s resources and focus instead on its long-term interests in that country
In ancient Indian chronicles, Myanmar was known as Suvarnabhumi or the “golden land”' already famous for its boundless riches. Its fabled wealth of gold, silver, precious gems and much more, attracted invaders and traders from around the world. There is now a 21st century version of a “gold rush” beginning to take hold as Myanmar opens its doors to the world. Nothing demonstrates this more starkly than the U.S. government decision to lift the prohibition on new American investment in Myanmar including doing business with state owned oil companies. This is despite the public plea from the leader of the country’s democracy movement, Aung San Suu Kyi, that such deals should be avoided until these entities embrace transparent practices and remove corruption.
Lure of opportunities
At the U.S.-Asean meeting at Siem Reap, Cambodia, which concluded on July 13, U.S. Secretary of State Hillary Clinton had her second meeting with Myanmar President Thein Sein and the two later addressed the strong business contingent accompanying Ms Clinton. It was announced that a 70-member U.S. business delegation would soon visit Myanmar to explore trade and investment opportunities. Other western and Asian states are likely to follow. Clearly the lure of commercial opportunities and profit has triumphed over the hitherto careful alignment with the pace set by Ms Suu Kyi. As this trend gains strength, Ms Suu Kyi will lose one of the more potent bargaining chips she has in dealing with the military dominated government, that is her ability to calibrate the dismantling of western sanctions that have been in place for the past two-and-a-half decades. This may well lead to opinion in India that we, too, should join this rush or face further marginalisation in a key neighbouring country.
This may not be the best strategy to pursue.
In Siem Reap, Mr. Thein Sein spelt out three reforms which were on the top of his agenda. The first, he said, was to consolidate democracy, build strong democratic institutions and restore the fundamental rights of people, including the freedom of speech and assembly. The second was to achieve lasting peace in the country by reaching out to the various ethnic groups and bringing them into the national mainstream. And the third was to transform an essentially centralised economy into a market oriented one, open to foreign investment and commercial exchanges. In each of these areas India can offer itself as a significant and long-term partner, relevant to Myanmar’s own identified priority areas. India should avoid falling victim to a herd mentality but instead focus on establishing a long-term and sustainable presence in the country, encompassing political, security and economic fields. Myanmar may currently be the flavour of the month. For India, it must remain on the menu as a key foreign policy and security challenge in a rapidly changing environment.
Why is Myanmar important to India? Here is a neighbour with whom we share a 1,600 km long land boundary. Four of our sensitive northeastern States — Arunachal Pradesh, Nagaland, Manipur and Mizoram — lie along this border. In dealing with the complex security situation prevailing in this region, Myanmar's cooperation is often critical. The two countries also share the strategic waters of the Bay of Bengal. Any hostile or inimical presence along the Myanmarese coast or on its off-shore islands facing India would be of great concern. Myanmar is also critical to the success of India’s Look East policy. It is India’s gateway to Asean and a transit country for trade and economic exchanges with southern China. The sub-regional organisation of BIMSTEC, which straddles both South and South-East Asia, gives a pivotal role to Myanmar as a regional hub. India has long standing historical, cultural and religious links with Myanmar which underpin a broad-based relationship. There are cross-border ethnic links, too, with Naga and Mizo tribes inhabiting both sides of the India-Myanmar border. The prospects for an enhanced economic partnership, in particular, in the energy sector will add to this substantive and comprehensive relationship, but only as a significant component, not as a singular rationale for engagement.
Significant presence
India’s interests require a significant, but not a dominant presence in Myanmar. Countervailing China’s hitherto overweening presence in Myanmar could not be an Indian preoccupation alone. Our interests are served as Myanmar’s foreign relations become more diversified, lowering the salience of Chinese influence.
In this context, Prime Minister Manmohan Singh’s visit to Myanmar in the last week of May was a major initiative. India tried to align itself with the priorities set by the Myanmar leadership itself, including Ms Suu Kyi. The Prime Minister offered Indian expertise and support in the setting up of strong democratic institutions and build capacity in parliamentary practice and procedures. India’s own experience in managing a multi-ethnic, multicultural and plural democracy is a useful point of reference as Myanmar seeks to pursue reconciliation and accommodation with its several ethnic minorities. On the economic side, the visit resulted in a number of important agreements, the most notable being the extension of a $500 million credit line to finance several projects. The two sides agreed to launch a Border Area Development Programme, which will seek to establish development corridors along the ambitious cross-border transport links that are being put in place. This will be of considerable relevance to the development of our own northeast.
The Prime Minister met Ms Suu Kyi in Yangon and extended her an invitation to visit India which she accepted. This will take place later this year. The meeting was warm and friendly with both sides eager to dispel the sense of disappointment which had resulted from India’s engagement with the Myanmar generals while she was languishing under house arrest.
Ms Suu Kyi focussed on the development challenges facing her country, particularly the alleviation of poverty among her people and was keenly interested in India’s own experience in this regard. As member of Parliament, she has declared her intention to work hard for the betterment of the lives of people, promote inter-ethnic harmony and national reconciliation and contribute to the consolidation of democracy in her country. She recognises that the way ahead is full of risks and uncertainties. One cannot say that the reform process is irreversible. Ms Suu Kyi has also been careful in her statements on the ethnic issue, which could erupt in dangerous ways. The Kachin insurgency lingers on and the recent violence in the Rakhine province involving the Rohingyas has confronted her with difficult political challenges which are not easy to resolve. In the initiatives that Ms Suu Kyi may adopt to take a leadership role in addressing these challenges, India could be a friendly and supportive partner.
India should, therefore, avoid being distracted by the gold rush and remain focussed on the long term. It has a unique opportunity to align itself with the priorities set by the leaders of Myanmar and make its own contribution to enabling a successful political and economic transition in a strategic neighbouring country.
This is a more sensible way of ensuring India’s political, economic and security interests in its strategic neighbourhood than joining the unseemly grab for resources that appears to have gripped Myanmar’s erstwhile detractors.
(Shyam Saran is a former Foreign Secretary. He is currently Chairman, Research and Information System for Developing Countries and Senior Fellow, Centre for Policy Research.)

မြန်မာပြည်သို့ အိန္ဒိယတိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ်

အဖနိုင်ငံတော်အတွက်အနာဂတ်ကိုပါထိပါးလာနိုင်တဲ့အနောက်မြောက်နယ်ခြားကမီးလျှံများအ ကြောင်း လေ့လာတဲ့အခါ ခေတ်တိုင်းမှသူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းခဲ့ကြတာကို တွေ့ရပါတယ်။အစော ဆုံးတွေ့မိတာက ၁၉၄၁ ခုနှစ်မှာပါ။ အဲဒီအချိန်က နန်းရင်းဝန်ဖြစ်တဲ့ ဂဠုန်ဦးစောဟာ အိန္ဒိယ ကိုယ်စား လှယ် တွေနဲ့အကြေအလည် ဆွေးနွေးပြီးသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။မြန်မာဘက်ကကူးသန်း ရောင်း ၀ယ် ရေး ၀န်ကြီး ဦးဘသန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ အလုပ်သမားဝန်ကြီး ဦးဘအုန်း၊ ၀န်ရှင်တော် မင်းကြီး ဦးတင်ထွဋ်( အိုင်စီအက်စ်) တို့ပါဝင်ပြီး အတွင်းဝန်ဦးကျော်မင်းက အတွင်းရေး မှူးတာဝန် ယူပါတယ်။ အိန္ဒိယ ဘက်ကတော့ ခေါင်းဆောင်အဖြစ် ဆာဂီရ်ဂျာရှန် ကာဘာ့ဂ်ျပိုင် ( K.B.E; C.I.E)၊ မစ္စတာ ဂျီအက်စ် ဘောဇ်မင်း(C.I.E; I.C.S)၊ မစ္စတာ ဗီ ဗစ်ဇ၀ါနာသံ(I.C.S) တို့ပါဝင်ကြ ပါ တယ်။အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်ကို ၁၇ ဇွန် ၁၉၄၁ မှာဆိုက်ရောက်လာပြီး ၁၈ ရက်မှစတင် လို့ ဆွေးနွေးကြရာမှာ နှစ်ဦးနှစ်ဖက် တင်းမာ မှုများရှိခဲ့ပြီး ၂၄ ဇွန်ထိ သဘော တူညီချက် မရသေး ပါ။နောက် ဆုံး ၂၈ ရက်ရောက်မှသာသဘော တူစာချုပ်ချုပ် ဆို နိုင်ခဲ့ပြီး အိန္ဒိယကိုယ်စား လှယ်အ ဖွဲ့ဟာ ၂၉ ဇွန် မှာ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။၁၈ ဇွန် နှစ်ဖက်ကိုယ်စား လှယ်များ ပထမဆုံးတွေ့ဆုံပွဲမှာ ဂဠုန် ဦးစောပြောခဲ့တာတွေထဲကတစ်ချို့ကို ကောက်နှုတ်ပြရရင်........မြန်မာလူမျိုးသည်မြန်မာပြည်တွင်းသို့နိုင် ငံခြားသားများဝင်လာခြင်းကိစ္စကို ဂရုပြုလာ သည်မှာကြာ ပြီဖြစ်ကြောင်း၊ယခင်ကမြန်မာနိုင်ငံ အောက် ပိုင်း တွင် မြေရိုင်းများပေါများ၊ လူနေနည်းပါး၊ လုပ်သားရှားပါးလျက် စက်မှုလက်မှု လုပ် ငန်းများတွင် မြန်မာ လူမျိုးမဟုတ်သော လုပ်သားများစွာ လိုအပ်ပါကြောင်း၊ယခုမူမြေယာရှားပါးသဖြင့် ကူလီ လုပ်သားအဖြစ် အ သက်မွေးရေ သာ မြန်မာ လူမျိုးများ စွာပင်ရှိနေပြီဖြစ်ကြောင်း၊မြန်မာအချို့မှာ လယ်ယာ လုပ်ငန်းတွင်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်၎င်းမြန်မာမဟုတ်သူများကယှဉ်ပြိုင်လုပ်ကိုင်နေ၍အလုပ်လက်မဲ့ဘ၀ေ ရာက်နေ ကြကြောင်း၊အခြားနိုင်ငံများ၌တွေ့ကြုံခဲ့ရပုံများကိုထောက်လျှင်ယခုအခြေအနေသို့မြန်မာ ပြည် တွင်အခြား တိုင်းပြည်များမှလာရောက်ကြသောလုပ်သားများကိုစည်းကမ်းမထားပဲအရှည်သဖြင့် ဆက်လက် ၀င်ရောက် ခွင့်မပြုနိုင်သည်မှာထင်ရှားပါကြောင်း၊ဓမ္မတာအားဖြင့်ကိုယ်ရေးလုံခြုံမှုသာပဓါနဖြစ်ပါကြောင်း၊မြန်မာပြည်၌လာရောက်နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့သည်နိုင်ငံရေး၌၎င်း၊မြို့ပြရေး၌၎င်း၊ မြန်မာပြည်သူ ပြည်သားတို့နှင့်ထပ်တူအခွင့်ရသည်ကိုထောက်၍ မြန်မာလူမျိုးတို့သည် အိန္ဒိယမှလာသူများအား မေတ္တာထား ကြောင်းထင်ရှားပါကြောင်း၊ပြဿနာကိုဖြေရှင်းရန်မှာ မြန်မာတိုင်းရင်းသားတို့၏ အကျိုးသာမက မြန်မာပြည်သို့ လာရောက် နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့၏ အကျိုးစီးပွား အတွက် လည်းဖြစ်ကြောင်း......ဒီလိုနဲ့ပဲ၂၈ဇွန်မှာတော့သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတော့တယ်၊စာချုပ်အစအဆုံးက ရှည်လျားတာမို့ အရေးကြီးတဲ့ အချက်များကိုသာ ဖေါ်ပြရရင်ဖြင့်....
၁။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါလျှင်မြန်မာပြည်သို့မည်သူမျှမလာရ။(ပုဒ်မ ၄) ၂။အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ရစေကာမူ မြန်မာပြည်အစိုးရထံမှ ပြည်ဝင်ခွင့်အမိန့်မရလျှင်မည်သူမျှ မြန်မာပြည်သို့လာခွင့်မရှိ၊ နေခွင့်မရ။ (ပုဒ်မ ၅)
၃။မြန်မာပြည်သို့လာလိုသူသည် ပြည်ဝင်မိန့်ရရန် အနည်းဆုံး ၁ကျပ်တန်ခေါင်းကပ်၍လျှောက် လွှာတင် ရမည်။ (ပုဒ်မ ၁၈)
၎။ မြန်မာပြည်တွင်ရက်အကန့်အသတ်မရှိ နေလိုသူသည် မြန်မာပြည်အစိုးရသို့ ငွေ ၅၀၀ ကျပ်ပေး ၍နေထိုင်ခွင့်လက်မှတ် တောင်းခံရမည်။၎င်း၏ မယား၊ သား၊ သမီးများမှာ တစ်ယောက်လျှင်၂၅၀ကျ ပ်ေ ပး ရမည်။ (ပုဒ်မ ၁၅)
၅။ မြန်မာပြည်တွင် သုံးနှစ်နေရန်လာသူတစ်ဦးသည် ပြည်ဝင်ကြေး ၁၂ ကျပ်ပေး၇မည့်အပြင် တစ်နှစ်လျှင် အခွန် ၅ ကျပ်လည်းဆောင်ရမည်။ (ပုဒ်မ ၁၅)
၆။ မြန်မာပြည်သို့ လာခွင့်ရသူတစ်ယောက်သည် သာမန်အားဖြင့် သုံးနှစ်ထက်ပိုမနေရ။ (ပုဒ်မ ၇/၂)
၇။မြန်မာပြည်တွင်နေစဉ်မြန်မာတိုင်းရင်းသူတစ်ဦးနှင့်လက်ထပ်လျှင်သော်၎င်း၊အတူပေါင်းသင်း လျှင်သော် ၎င်းမြန်မာပြည်တွင်နေထိုင်ခွင့်လက်မှတ်ကိုဖျက်သိမ်းပြစ်လိမ့်မည်၊ဖျက်သိမ်းသည်နှင့်တပြိုင်နက်မြန်မာပြည် တွင် ဆက်နေထိုင်ခွင့်မရ။ (ပုဒ်မ ၁၄)
၈။ မြန်မာပြည်တွင်လာရောက်နေထိုင်သူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးသောအခါသူ့စရိတ်နှင့်သူပြန်နိုင် ရန်မြန်မာပြည်သို့မလာမီကပင်ပြန်စရိတ် ၂၀ ကျပ်ကို မြန်မာပြည်အစိုးရထံကြိုတင်သွင်းထားရမည်။ (ပုဒ်မ ၁၇)
၉။မြန်မာပြည်အစိုးရကလူဝင်ရေးအကြံပေးအဖွဲ့တစ်ခုဖွဲ့မပြီးမခြင်း၊၎င်းပြင်ထိုအဖွဲ့ကမြန် မာပြည်အကျိုးအ တွက်အလုပ်သမားမည်မျှလာသင့်သည်ဟုပေးသောအကြံများကိုမြန်မာအစိုးရက ဆုံးဖြတ်မပြီးမခြင်း ၂၁ ဇူလိုင် ၁၉၄၁ မှစ၍ အိန္ဒိယပြည်မှ အလုပ်ကြမ်းသမားဟူ၍ တစုံတယောက်မျှ မြန်မာပြည်သို့မလာရ။ (ပုဒ်မ ၂၄)
၁၀။ လူဝင်ရေးဥပဒေ၊ သို့မဟုတ် မြန်မာပြည်အစိုးရက သတ်မှတ်ထားသော စည်းမျဉ်းတစုံကို ကျူး လွန်လျှင် ဖြစ်စေ၊ အထူးအခွင့်ရလိုသည်နှင့် မြန်မာပြည်အစိုးရသို့ လိမ်ပြောသည်ဖြစ်စေ ထောင်ဒဏ် ၆ လ၊သို့မဟုတ် ဒဏ်ငွေ ၁၀၀၀ ကျပ်၊ သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံး အပြစ်ပေးခြင်း ခံရမည်။(ပုဒ်မ ၁၂).......
မြန်မာ့သမိုင်းကိုရိုင်းစေခဲ့တဲ့သူတစ်ဦးဖြစ်ပေမယ့်သူ့ခေတ်သူ့အချိန်ကလုပ်ဆောင်ချက်တချို့ကိုသိသာလေ့ လာနိုင်ရန် တင်ပြလိုက်ရပါတယ်။
ညွှန်း -မြန်မာနိုင်ငံတော်သို့ အိန္ဒိယ တိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ် (၂၈ ဇွန် ၁၉၄၁)
ရာဇာ Facebook
http://www.facebook.com/yar.zar.39


မင်းကျင့်တရား ၁၀-ပါး


5:00am Jul 13
မင်းကျင့်တရား ၁၀-ပါး
(10) Obligations of King or President
-------------------------------------------

၁။ ဒါန- လှူဒါန်းခြင်း။
1. Generosity

၂။ သီလ- ၅ ပါး၊ ၁၀ ပါး သီလ ဆောက်တည်ခြင်း။
2. High moral character

၃။ ပရိစ္စာဂ- ပေးကမ်းချီးမြောက် ထောက်ပံ့ခြင်း။
3. Sacrificing everything for the good of the people

၎။ အဇ္ဖ၀- စိတ်နှလုံး ဖြောင့်မတ်ခြင်း။
4. Honesty and integrity

၅။ မဒ္ဒ၀- ကိုယ်နှုတ် နူးညံ့ သိမ်မွေ့ခြင်း။
5. Kindness and gentleness

၆။ တပ- ဥပုသ်သီလ ဆောက်တည်ခြင်း။
6. Austerity in habits

၇။ အက္ကောဓန- ဒေါသမထွက်ခြင်း။
7. Freedom from hatred, ill-will, enmity

၈။ အ၀ိဟိံသ- တိုင်းသူပြည်သားများကို မညဉ်းဆဲခြင်း။
8. Non-violence

၉။ ခန္တီ- တိုင်းသူပြည်သားတို့အပေါ်၌ သီးခံခြင်း။
9. Patience, forbearance, tolerance

၁၀။ အ၀ိရောဓန- တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။
10. Non-opposition, Non-obstruction

(ဇာတက၊ ၂၊ ၉၇။ Buddha: Jataka 2: Pg.97

Friday, July 13, 2012

၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
by Burma Ter Tee on Thursday, July 12, 2012 at 8:01pm ·
။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင်
မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ နှင့်
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော
ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
 
( ဗိုလ်ဥတ္တမကျော် )
 
*****************************************************************************
 
 
ရဲဘော်တို့----
 
 
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။
 
 
ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
 
 
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ
ရတာနဲ့ တပြိုင်နက်ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။
ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ
ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
 
 
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်
။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို
ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
 
 
ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထား တာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
 
 
တကယ့်သစ္စာဖြစ်ရမယ်
 
 
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ် ။အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
 
 
တော်အောင်ကြိုးစားကြပါ
 
 
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။
 
 
ရာထူးအဆင့်အတန်း
 
 
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက် တစ်နေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစ၇ာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာ ခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှတတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
 
 
တန်ခိုးပြဘို့မဟုတ်
 
 
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေ တွေဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
 
 
မှန်ကန်သော လူမျိုးရေးတရား
 
 
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။
 
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။
 
 
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။
 
 
လူကြီးဆိုတာ ဘာလဲ
 
 
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့--- ဘာကြီးရဲ့--- နဲ့လာမျှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
 
 
ဘယ်တော့မှ သစ္စာမဖောက်
 
 
နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာရာဇဝင်သမိုင်းတွေက
ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်း လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။
 
 
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။
 
 
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ
 
 
နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။
 
 
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။
 
 
 
 
 
 
Share via . .
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉) by Ernesto Kee Ling on Sunda
 
 
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည် ) 
 

Thursday, July 12, 2012

Posted: 11 Jul 2012 04:43 AM PDT
by KNG


အောင်မြင်မှု အထိမ်းအမှတ် ရိုးရာမနောအက ကနေသော အဖွဲ့ပေါင်းစုံမှ KIA စစ်သားများ

ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။

ဇူလိုင် ၇ ရက်နေ့တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများနဲ့ KIA တပ်စခန်းရှိရာကို ပစ်ခတ်ခဲ့တာကြောင့် နောက်ဆုတ်ပေးရာမှ ဇူလိုင် ၈ ရက်နေ့တွင် ပြန်လာတိုက်ပြီး စခန်းကိုပြန်ရလိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။

“စခန်း ဆိုပေမယ့် စခန်းက အငယ်လေးပဲ။ KIA ပြည်သူ့စစ် ၅ ယောက်လောက်ဘဲရှိတာ။ ဘာမှတော့မရှိဘူး။ မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။

တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာမရှိဘူးဟု ဆက်ဆိုသည်။
သို့သော်တိုက်ပွဲများသည် KIA နယ်မြေတွင်း ထိပ်တိုက်တွေ့သည့်နေရာတွင် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ဇူလိုင် (၅) ရက်နေ့တွင် ဒေါ့ဖုန်းယန်အနီးရှိ ဆမ်တိန်းကျန် ကျေးရွာမှ ရွာသား ၇ ဦးကို ၎င်းမြန်မာအစိုးရတပ်သည် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်ဖွဲ့များသည် KIA နှင့် ဆက်စပ်သည်ဟု ယူဆထားသည့် ဒေသခံများကိုဖမ်းဆီး၍ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း အစိုးရတပ်ဖမ်းဆီးခံထားရာမှလွှတ်မြောက်သူများက ပြောဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များသည် တပ်များရုပ်သိမ်းရေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အကြိမ်ကြိမ်ပြောဆိုညှိနှိုင်းခဲ့ကြသော်လည်း အစိုးရတပ်များသည် ထပ်မံတိုးချလာသည်သာမက သာ၍ တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေသည်

Wednesday, July 11, 2012

*ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်း*

*ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်း*

မိတ္ထီလာမြို့  ရှမ်းတဲတိုက်နယ်  ကံကောင်းကျေးရွာ ၊ ဝမ်းတွင်းမြို့နယ်အိုးပြွန်ကန်ကျေးရွာ ၊ မလှိုင်မြို့နယ် ဘုံတော ကျေးရွာ ၊ မလှိုင်မြို့နယ် သရက်ကန်ကျေးရွာ ၊ သာစည်မြို့နယ် ကျွဲတပ်ဆုံ အစရှိသောနေရာများ တွင် ရှိသောလယ်သမား များသည်ယနေ့ (၁၀.၇.၂၀၁၂) မနက် ၇ နာရီမှစတင်ကာ၎င်းတို့မတရားသဖြင့် ဆုံးရှုံးနေသော လယ်ယာမြေများပေါ်တွင် ငြိမ်းချမ်းစွာဖြင့်ထွန်ယက်စိုက်ပျိုးမှု များ ပြန်လည်စတင်နေပြီ
ဖြစ်သည် ။ထိုသို့ထွန်ယက်စိုက်ပျိုးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ရဲများကလည်း အင်အား အလုံးအရင်းဖြင့်စောင့်ကြည့်လျှက်ရှိကြောင်းသိရှိရသည်။ တောင်သူများကလည်း တရားမျှတသော
အဖြေတစ်ရပ်ရသည်အထိ ပြည်သူလူထုကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလယ်သမားများ ဘက်မှစာ နာနားလည်စွာဖြင့် ဝိုင်းဝန်းစေ့စပ်ဖြေရှင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံတောင်းဆိုထားပါသည် ။

ဆက်သွယ်စုံစမ်းမေးမြန်းရန် - 092059904 ကိုရဲတင့် (သာစည်ကျွဲတပ်ဆုံ) -
096521385  *မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
_သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ_*
ဆက်လက်ဖြန့်ဝေပေးပါရန်………………………..