Monday, July 9, 2012

နှစ်(၅၀)မြောက်ရွှေရတု (၇)ဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေငြာချက်


I    F    B    N    C
INTERNATIONAL FOUNDATION FOR BURMA NATIONAL CONGRESS

     နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း

နှစ်(၅၀)မြောက်ရွှေရတု (၇)ဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်သဘောထားထုတ်ပြန်ကြေငြာချက်
ရက်စွဲ။  ။ဇူလိုင်လ(၆)ရက်၊၂၀၁၂ ခုနှစ်
၁။၂၀၁၂ခုနှစ်၊ဇူလိုင်လ(၇)ရက်နေ့သည်မတရားအာဏာလုယူခဲ့သည့်ဗိုလ်နေ၀င်းဦးဆောင်သည့်စစ်အစိုးရကရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းဆောင်စည်းကမ်းများတင်းကျပ်ချုပ်ချယ်မှုအတွက်ငြိမ်းချမ်းစွာစီ
တန်းလှည့်လည်ဆန္ဒပြခဲ့ကြသည့်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများကိုစစ်တပ်အင်အားအလုံးအရင်း ဖြင့်စစ်မြေပြင်ကဲ့သို့ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးဆင်နွှဲကျူးလွန်ခဲ့ပြီး၊နောက်တနေ့ (ဇူလိုင်လ-၈-ရက်အာရုံတက်ချိန်)တွင်သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးအားဖေါက်ခွဲ ဖျက် ဆီးခြင်းခံခဲ့ရသည့်နှစ်(၅၀)မြောက်ဝမ်းနည်းဖွယ်အမှတ်တရနေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။
၂။ဖေါက်ခွဲဖျက်ဆီးခြင်းခံလိုက်ရသည့်ကျောင်းသားသမဂ္ဂအဆောက်အဦး(တကသ အဆောက်အဦး)သည် မြန်မာနိုင်ငံကိုဗြိတိသှအုပ်စိုးသည့်ခေတ်ကာလ (၁၉၃၁) ခုနှစ်ကပင်တည်ဆောက်ခဲ့သည့်အဆောက်အဦး ကြီးဖြစ်ပြီး၊ထိုသမဂ္ဂအဆောက်အဦးကြီးမှာအင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် အာဏာရှင်စစ်စံနစ်တော်လှန်ရေးစသောမြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်တွင်ပြည်သူလူထုကိုတပ်ဦးမှအလံကိုင်ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့်ကျောင်းသားအာဇာနည်များ၊တော်လှန်ရေးနိုင်ငံရေးခေါင်းဆောင်များ စွာ ကိုမွေးထုတ်ပေးခဲ့သောသမိုင်းဝင်နေရာဖြစ်သောကြောင့် ဤကဲ့သို့တက္ကသိုလ်မြေသွေးစွန်းပေခြင်း နှင့် ကျောင်းသားသမဂ္ဂဖျက်ဆီးခံရခြင်းသည်မြန်မာ့နိုင်ငံရေးသမိုင်းတွင်မေ့ပျောက်မရနိုင်သည့်အလွန်ကြီး မား သည့် သမိုင်းရေးနစ်နာဆုံးရှုံးမှုကြီးဖြစ်ပေသည်။
၃။မြန်မာ့နိုင်ငံရေးသမိုင်းတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အခန်းကဏ္ဍသည် ခမ်းနားပြောင် မြောက်လှပြီး၊နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး၊ဖက်ဆစ်ဂျပန်တော်လှန်ရေး၊စစ်အာဏာရှင်စံနစ်တော်လှန်ရေးစသည့်တော်လှန်ရေးအဆက်ဆက်တွင်ပြည်သူလူထုကိုထိပ်ဆုံးမှစေ့ဆော်စည်းရုံးကာတပ်ဦးမှာအလံကိုင်၍စည်းလုံးညီညာသည့်သမဂ္ဂစိတ်ဓာတ်၊မည်သည့်ဖိနှိပ်မှုကိုမျှ ခေါင်းငုံမခံ၊တန်ပြန်တော်လှန်သည့်ခွပ်ဒေါင်း
စိတ်ဓာတ်ဖြင့်စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့သည်မှာယနေ့ထိတိုင်ဖြစ်ပေသည်။
၎။စစ်အာဏာရှင်စံနစ်၏လမ်းပြရှေ့ဆောင်စစ်ဘီလူးကြီးဗိုလ်နေ၀င်း၏ ၁၉၆၂ခုနှစ်ဇူလိုင်(၇)ရက်ပွဲဦးထွက် ကျောင်းသားလူသတ်ပွဲကြီးမှသည် ယနေ့အထိနှစ်ပေါင်း(၅၀)အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးကျောင်း
သားလှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှုမြောက်များစွာပေါ်ပေါက်ခဲ့ပြီး၊ထိုလှုပ်ရှားမှုအားလုံးကိုစစ်အာဏာရှင် အဆက်ဆက်သည် ၎င်းတို့၏ဆရာကြီးဗိုလ်နေ၀င်း၏ခြေရာနင်းပြီး၊ ကျောင်းသားများကို ထောင်သွင်းအ ကျဉ်းချခြင်း၊ စစ်တပ်သုံးပြီးပစ်ခတ်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်နည်းလမ်းများဖြင့်သာ ဖြေရှင်းခဲ့ကြ သည်မှာနှစ်ပေါင်း(၅၀)ရှိပြီဖြစ်လေသည်။
၅။စစ်အာဏာရှင်စစ်ဘီလူးကြီးဦးနေ၀င်းမှသည်စစ်အာဏာရှင်အဆက်ဆက်၏ကျောင်းသားနှင့် လူထုအပေါ်သတ်ဖြတ် ကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများကိုကျောင်းသားများကစုံစမ်းဖေါ်ထုတ်အရေးယူပေးရန်တောင်းဆိုခဲ့ကြသော်လည်းခေတ်အဆက်ဆက်စစ်အာဏာရှင်တို့သည်အရေးယူခြင်းလုံးဝမရှိသည့်အပြင်၊၀မ်းနည်းဖွယ်ကျောင်းသားတို့၏သမိုင်းအထိမ်းအမှတ်နေ့များကျင်းပခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးပြီး၊ သမိုင်းဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့ကြသည်မှာယနေ့လက် သစ်စစ်အာဏာရှင်ဗိုလ်သိန်းစိန်အစိုးရတိုင်အောင်ဖြစ်ပေသည်။
၆။မည်သို့ပင်ဖြစ်စေ၊သမိုင်းဟူသည်လိမ်၍မရ။ပိတ်ပင်တားဆီး၍ရသည့်အချင်းအရာမဟုတ်ပါ။စစ်အာဏာရှင်တို့ကသူတို့ကျူးလွန်သည့်သမိုင်းဝင်ရာဇ၀တ်မှုများအား ဆင်သေကိုဆိတ်ရေဖြင့် ဖုံးသလိုဖုံးကွယ်ရန်ကြိုးစားနေသော်ငြားလည်းသ မိုင်းပေးတာဝန်ကျေပွန်သည့်ကျောင်းသားမျိုးဆက်တို့၏တာဝန်သိသိ၊လက်ဆင့်ကမ်းသယ်ဆောင်လာမှုကြောင့်စစ်အာဏာရှင်တို့၏သမိုင်းအမဲစက်ကြီးများသည်မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာများတွင်ယနေ့ထိတိုင်ထင်းထင်းကြီးပေါ်လွင်လျှက်တည်ရှိနေပေသည်။
၇။ထို့ကြောင့်ကျွန်ုပ်တို့IFBNCအနေဖြင့် နှစ်(၅၀)မြောက်(၇)ဇူလိုင်ဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့တွင်နောင်လာနောက် သား၊မျိုးဆက်သစ်ကျောင်းသားကျောင်းသူများကိုအထူးပြောကြားလိုသည်မှာ၁၉၆၂ခုနှစ်(၇)ရက်ဇူလိုင်ကျောင်းသားလူသတ်ပွဲကြီးအပါအ၀င် စစ်အာဏာရှင်ခောတ်အဆက်ဆက်မှာစစ်အာဏာရှင်စစ်ဘီလူးတို့ရေးထိုးခဲ့သည့်သမိုင်းဆိုးမှတ် တမ်းများကိုအာဏာရှင်တို့မည်သို့ပင်ပိတ်ပင်တားဆီးပြီးဖျောက်ဖျက်ရန်ကြိုးပမ်းသည်ဖြစ်စေ၊ထိုသမိုင်းဆိုးမှတ်တမ်းများ၊ရာဇ၀တ်မှုများအားမှန်ကန်စွာဖေါ်ထုတ်အရေးယူနိုင်သည့်နေ့အထိကျောင်းသားမျိုးဆက်၊တဆက်ပြီးတဆက်၊လက်ဆင့်ကမ်းသယ်ဆောင်သွားရန်မှာကျောင်းသားတိုင်းသမိုင်းပေးတာဝန်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာလိုက်ပါသည်။
*အသက်စတေးခဲ့ကြသည့်နောင်တော်၊အမတော်ကျောင်းသားခေါင်းဆောင်များအားအလေးပြုကြ။
*ဖိနှိပ်ရက်စက်မှုမှန်သမျှကိုခေါင်းငုံမခံ၊ တော်လှန်သည့် ခွပ်ဒေါင်းစိတ်ဓာတ်မွေးမြူကြ။
*စည်းလုံးညီညာသည့်သမဂ္ဂစိတ်ဓာတ်မွေးမြူကြ။
*သမဂ္ဂအဆောက်အဦးကိုပြန်လည်တည်ဆောက်ကြ။
*(၇)ရက်ဇူလိုင်စိတ်ဓါတ် ကမ္ဘာတည်သရွေ့ ခိုင်မြဲစေရမည်။

အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com, http://ifncblog.blogspot.com/, http://www.ifbnc.org  , http://www.ifbnc.org/bur

No comments:

Post a Comment