နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဒီမိုကရေစီအင်အားစုများ၏
နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများထံ တိုက်တွန်းနိုးဆော်ချက်
နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများခင်ဗျား
ယနေ့မြန်မာနိုင်ငံတွင်အလုပ်သမားလူတန်းစား၊ တောင်သူလယ်သမားလူတန်းစားများနှင့် လျှပ်စစ်မီးရရှိရန်
တောင်းဆိုဆန္ဒထုတ်ဖော်ပြသနေသည့် လူထုလူတန်းစားအလွှာအသီးသီး၏ အထွေထွေအခြေခံ
အကျပ်အတည်းကြီးများဖြင့် ရင်ဆိုင် ကြုံတွေ့နေရပါသည်။
အလုပ်သမားလူတန်းစားများသည် လူနေမှုစရိတ်နဲ့အညီ အချိန်ပိုလုပ်အားခနှင့်
လုပ်အားခတိုးမြှင့်ရရှိရေး၊ အလုပ်ချိန်သတ်မှတ်ပေးရေးတို့ကို ငြိမ်းချမ်းစွာ
တောင်းဆိုဆန္ဒပြတိုက်ပွဲဝင်ကြနေသလို၊ တောင်သူလယ်သမားများကလည်း မတရား
အဓမ္မသိမ်းဆည်းထားသော လယ်ယာမြေပြန်ရရှိရေးတို့အတွက်
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသနေကြပါသည်။ အလားတူပင် မန္တလေးမှအစပြု၍
လျှပ်စစ်မီးရရှိရေးအတွက် ဖရောင်းတိုင်မီးများထွန်းညှိကာ
ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြရာမှ တစ်နိုင်ငံလုံးရှိ
အမြို့မြို့အနယ်နယ်တို့ ကူးစက်ပြန့်ပွားလာပါသည်။ ထို့ကြောင့်
ပြည်ပတွင်ရောက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုမျာ
းမှ ၎င်းတို့နှင့်အတူ တစ်သားတည်း ရှိကြောင်း ပြသထောက်ခံမှုပြုသည့်အနေနှင့်
မိမိတို့ ရောက်ရှိနေသည့် သက်ဆိုင်ရာနိုင်ငံများ၏ မြန်မာသံရုံးများရှေ့ တွင်
ဖရောင်းတိုင်မီးများထွန်းညှိကာ ဆန္ဒထုတ်ဖော်ပြသကြပါရန် ကျွန်ူတို့
နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ
ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ မှ နိုင်ငံတကာတွင်ရောက်ရှိနေကြသည့်
ဒီမိုကရေစီအင်အားစုများထံ အသိပေး နှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံသားတိုင်းနှင့်
နိုင်ငံရေးအဖွဲ့  အစည်းများအားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ် ပူးပေါင်း
ပါဝင်ကြရန် လေးစားစွာဖိတ်ခေါ် အပ်ပါသည်။
စုရုံးရန်နေရာ။ ။ မြန်မာသံရုံး ၊ ၀ါရှင်တန်ဒီစီ
အချိန်နေ့ ရက်။ မေလ ၂၆ ရက် ၊ စနေနေ့ ည ၇နာရီ ၊
(Embassy,2300SStNW,Washington,DC)
တိုက်တွန်းအကြံပြုချက် ။ ။ သက်ဆိုင်ရာ နိုင်ငံများတွင်အလားတူလှုပ်ရှားမှုများပြုလုပ်ကြပါရန်။
No comments:
Post a Comment