ကျွန်တော်မှတ်မိသမျှ
1970တက္ကသိုလ် ရွှေရတုကျောင်းသားသမဂ္ဂလှုပ်ရှားမှု(မော်လမြိုင်ကောလိပ်)
by Rahul Kyaw Ko Ko on Wednesday, May 30, 2012 at
5:40pm ·
ကျွန်တော်တို့ဟာ
မော်လမြိုင်ကောလိပ်တက္ကသိုလ်ကျော
င်းသားသမဂ္ဂကို 1968ထဲက
စပြီးလျှို့ဝှက်ဖွဲ့စည်းထားနို
င်ခဲ့ပါတယ်။ 62မျိုးဆက်များရဲ့
လမ်းညွှန်မှုနဲ့ ဖွဲ့စည်းနိုင်ခဲ့တာပါ။
1968ကစပြီး
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၊
စနစ်သစ်ပညာရေးဆိုတဲ့ အနှစ်မရှိတဲ့ပညာရေးကို
ဆန့်ကျင်ရေး၊
ကျောင်းသားသမဂ္ဂ
တရားဝင်ဖွဲ့စည်းနိုင်ရေးတို့ကို ဦးထိပ်ထားပြီး
လျှို့ဝှက်စာစောင်များ ကဗျာများကို
တက္ကသိုလ်အသီးသီးမှာ
ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နည်းတူ
ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်
၊စီးပွားရေး ၊
စက်မှုတက္ကသိုလ်များမှာလည်း
လျှို့ဝှက်ကျောင်းသားသမဂ္ဂလေးတွေ ရှိခဲ့ပါတယ်။
အပြန်အလှန်ဆက်သွယ်မှုတွေလည်း
လုပ်နိုင်ခဲ့ပါတယ်။
1970
ဒီဇင်ဘာ(၅)ရက်မှာတော့ စစ်အစိုးရက
ရန်ကုန်တက္ကသိုလ်ရွှေရတုဆိုပြီး
ကပွဲခုန်ပွဲတွေ
လုပ်ဖို့စီစဉ်ပါတယ်။ကျွန်တော်တိ
ု့ကလည်း ထိုနေ့မှာပဲ
တက္ကသိုလ်ပေါင်းစုံ
ဆန္ဒပြပွဲလုပ်ဖို့
ညှိနှိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေး အခြေအနေအရ
ကျွန်တော်တို့ မော်လမြိုင်ကောလိပ်က 4
ရက်နေ့မှာ စလိုက်ရပါတယ်။ စစ်အစိုးရက
လက်ဦးမှုယူပြီး
ရန်ကုန်ရွှေရတုသဘင်ပွဲကို ဖျက်လိုက်တဲ့ အတွက် ရန်ကုန်မှာ
လှုပ်ရှားမှု မလုပ်ဖြစ်ကြပါဘူး။
ကျွန်တော်တို့ဟာ
မော်လမြိုင်ကောလိပ်မှာ
ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံကို
လွှင့်ထူပြီး 4ရက်5ရက်၊ 6ရက်
သုံးရက်တိုင်တိုင်
ဆန္ဒပြနိုင်ခဲ့ပါတယ်။ မော်လမြိုင်မြို့တွင်းမှာတော့
သောင်းချီတဲ့ အ.ထ.ကကျောင်းသားတွေ
ပါဝင်ဆန္ဒပြနိုင်ခဲ့ပါတယ်။ စစ်အစိုးရက
အ.ထ.ကကျောင်းသားတွေနဲ့ ကျွန်တော်တို့
သွားရောက်ပူးပေါင်းမှာကို
ကြိုတင်ကာကွယ်ပြီး ကောလိပ်ကို
စစ်တပ်နဲ့
ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ဒါေ
ကြာင့် မော်လမြိုင်ကောလိပ်
မိန်းအဆောက်အဦးကြီးထဲမှာပဲ
သုံးရက်တိုင်ဆန္ဒပြနိုင်ခဲ့ပါတယ်
။
ကောလိပ်အသီးသီးက ကျောင်းသူကျောင်းသား
အားလုံးလိုလိုပဲ ပါဝင်ခဲ့ပါတယ်။
ကျောင်းသားအများစုဆန္ဒနဲ့
မော်လမြိုင်ကောလိပ်ကျောင်းသား
သမဂ္ဂကို
ရွေးချယ်ဖွဲ့စည်းခဲ့ကြပါတယ်။
(၅)ရက်နေ့မှာတော့
ကျွန်တော်တို့ကျောင်းသားသမဂ္ဂ
ကိုယ်စားလှယ်များနှင့် ဒုဗိုလ်မှုးကြီး
သိုးထိမ်း ၊ကျောင်းအုပ်ကြီး
ဒေါက်တာ မန်းသက်စံ ပါဝင်တဲ့ အဖွဲ့တို့
သံတိုင်ခြားပြီး
ဆွေးနွေးပွဲထိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့
ကြွေးကြော်သံဖြစ်တဲ့ (၁) လွပ်လပ်စွာ
ပညာသင်ကြားရေး(၂) ငြိမ်းချမ်းစွာ
ပညာသင်ကြားရေး (၃)
ကျောင်းသားသမဂ္ဂတရားဝင်
ဖွဲ့စည်းခွင့်ရရှိရေး (၄)
မိဘပြည်သူများအရေးတို့ကို
ဆွေးနွေးပါတယ်။ စစ်အစိုးရ ဒုဗိုလ်မှုးကြီးဆိုသူက
လူစုခွဲရေးကိုသာ ပြောနေပါတယ်။
မျက်ရည်တွေဝဲနေတဲ့ ကျွန်တော်တို့
ဆရာကြီးကတော့ ထုံးစံအတိုင်း
ဘာမှမပြောနိုင်ရှာပါဘူး။ ဒါကြောင့်
ဆွေးနွေးပွဲ ပျက်ပြီး ကျွန်တော်တို့
ဆက်လက် ဆန္ဒပြကြပါတယ်။
(၆)ရက်နေ့မှာတော့
အစာရေစာပြတ်လပ် ရေပါ ငတ်နေတဲ့ ကျွန်တော်တို့ေ
ကျာင်းသားကျောင်းသူတွေဟာ
အစိုးရစစ်သားတွေရဲ့ ဆွဲချ ဖြိုခွဲတာ
ခံလိုက်ရပါတယ်။ ကျွန်တော်တို့
ကျောင်းသားကျောင်းသူနှစ်ရာကျော်
ဖမ်းခံရပါတယ်။ ထောင်နဲ့ချီပြီး
ဝမ်နင်ပေးတာ ၊ကျောင်းထုတ်တာ ခံကြရပါတယ်။
မော်လမြိုင်ထောင်က
ကျွန်တော်တို့ လွတ်လာတဲ့အခါ တချို့က
ဗမာပြည်ကွန်မြူနစ်ပါတီထဲ တချို့က KNU၊
တစ်ချို့က မွန်ပြည်သစ်ပါတီထဲ
တချို့ကပြည်ပ စသည်ဖြင့်
ရောက်သွားကြပါတယ်။ အများစုကြီးကတော့ လယ်သမား
အလုပ်သမား ကုန်သည်ပွဲစား ၀န်ထမ်းဘ၀တွေ
ရောက်သွားကြပါတယ်။ ထူးခြားတာကတော့
ဘယ်ဘ၀ပဲရောက်သွားကြသည်ဖြစ်စေ
ကျွန်တော်တို့ အဖိုးကြီးအဖွားကြီးတွေ ဘဝ
ပြန်ဆုံကြတဲ့အခါမှာ လူတိုင်းဟာ
ငယ်စဉ်က နှလုံးသားနဲ့ ရင်းပြီး
လှုပ်ရှားပါဝင်ခဲ့ကြဖူးတဲ့
ရွှေရတုသပိတ်ကြီးကို သတိရ ဂုဏ်ယူနေကြ သူတွေချည်း
ဖြစ်နေတာ တွေ့ရပါတယ် ။
ယနေ့ခေတ်လို မီဒီယာတွေ
မထွန်းကား မ.ဆ.လတွေ ကြီးစိုးနေတဲ့
နှစ်ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့
နောက်လူသူသားတွေဟာ ဒီလှုပ်ရှားမှုကြီးကို
မသိကြတော့တာကို ၀မ်းနည်းမိပါတယ်။
တချို့လည်း တောထဲတောင်ထဲမှာ မထင်မရှား
ကျဆုံးသွားခဲ့ကြပါပြီ။
ငြိမ်းချမ်းညီညွတ်တဲ့
ဥာဏ်ပညာကြီးစိုးတဲ့ ကာလလေးတွေ
ဖြစ်တည်လာတဲ့တစ်နေ့မှာ ကျွန်တော်တို့
ရွှေရတုကျောင်းသားသမဂ္ဂ၀င်
အဘိုးကြီးအဘွားကြီးတွေ
ပြန်လည်ဆုံတွေ့ချင်ကြပါသေးတယ်။
လွန်ခဲ့တဲ့
42နှစ်တာကာလ ကျွန်တော်မှတ်မိသမျှကို
အကျဉ်းချုံးပြီးရေးရတာပါ။
ကျွန်တော်တို့ တူသားလေးများကလည်း
ကျွန်တော်တို့ပြန်လည်ဆုံဆည်းနို
င်ရေး
တတ်နိုင်သမျှ
ဆက်သွယ်ဝိုင်းဝန်းပေးကြစေလိုပါတယ် ခင်ဗျား။
1970တ.က.သ အဖွဲ့ဝင်တစ်ဦး
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ့ချုပ်သို့ အထက်ပါ
အကြောင်းအရာဖြင့် စာတစ်စောင်
ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်တို့
အနေဖြင့် သမိုင်းမှတ်တမ်းများတွင်
ပြည့်ပြည့်စုံစုံ မပါဝင်သေးသော
မော်လမြိုင်ကောလိပ် ရွှေရတုသပိတ်
အကြောင်းစုံကို ယခုထက်ပိုမို
သိရှိလိုပါသေးသည်။ အထက်ပါ စာရေးသူ 1970
တ.က.သ အဖွဲ့ဝင်တစ်ဦး၏ ဆန္ဒနှင့် အညီ
လူဟောင်းကြီးများ
ပြန်လည်ဆုံတွေ့ရေးကို ကျွန်တော်တို့
ဗကသများ အဖွဲ့ချုပ်မှ တတ်အားရှိသရွေ့
ဝိုင်းဝန်းကူညီချင်ပါသည်။ယင်းလှု
ပ်ရှားမှုတွင်ပါဝင်ခဲ့သူများ
ဗကသများအဖွဲ့ချုပ်၏ အီးမေးလ်
abfsucoc2012@gmail.com
,သို့ဆက်သွယ်နိုင်ပါသည်။
ph- 09 43201041သို့လည်း
ဆက်သွယ်နိုင်ပါသည်။ တစ်နိုင်ငံလုံးရှိ
ဗကသအဖွဲ့ဝင်များကလည်း
ဝိုင်းဝန်းကြိုးပမ်း ရှာဖွေ ပေးကြပါဟု
တိုက်တွန်းလိုက်ရပါသည်။
No comments:
Post a Comment