နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄
ခုနှစ်၊ နတ်တော်လဆုပ် ၆ ရက်နေ့
(
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၀) ရက် )
မိုးထိမိုးမိဒေသမှ
ရွှေတွင်းလုပ်သားများ၏ ကုန်ကျစရိတ်ကိုသာတောင်းဆိုမှု
ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသတွင် အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေရသော ရွှေတွင်းလုပ်သားများ၏
ဆန္ဒပြတောင်းဆိုမှုမှာ(၁၀)ရက်မြောက်ခဲ့ပြီဖြစ်သည်။ သတ္တုတွင်းဝန်ကြီးဌာနနှင့်
အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော အမျိုးသားကြီးပွား တိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက်
ဘက်မှရွှေတွင်းလုပ်သားများကို ရွှေတွင်း(အင်းအက်တာ)တူးဖော်ရေး
ပြန်လည်လုပ်ကိုင်ခွင့် လိုက်လျောမှုတစ်စုံတစ်ရာမှမရှိခဲ့ပါ။
ယခင်ရွှေတွင်းတူစဉ်အချိန်က ရွှေတွင်းလုပ်သားများမှာ
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏ်ီကို (၅၀-၅၀)အချိုးပေး၍ လုပ်ကိုင်ခဲ့ရသည့်အပြင်
ကုမ္ပဏီ၏ မန်ဘာဝင်များကိုလည်း အင်း-အက်တာတစ်ခုစီမှ ၁၀ရာခိုင်နှုန်းထပ်မံပေး၍
ရွှေတွင်းတူးဖော်ခွင့်ရရှိခဲ့ကြသည်။ ထိုအချိုးအတိုင်းဆက်လက်ပေးဆောင်၍
လုပ်ကိုင်ချင်သော်လည်း ကုမ္ပဏီ ဘက်မှ ရွှေတွင်းလုပ်သားများကိုမောင်းထုတ်ခဲ့သည်။
ဆန္ဒပြတောင်းဆိုနေသော ရွှေတွင်းလုပ်သားများကိုခေါ်ယူ၍ ၇.၆.၂၀၁၂ရက်နေ့တွင်
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီ နှင့် ရွှေတွင်းလုပ်သား ခေါင်းဆောင်များညှိနှိုင်းမှု
ထပ်မံပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံညှိနှိုင်းမှုတွင် ရွှေတွင်းလုပ်သားများဘက်မှ မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ
ဒေါ်မြင့်မြင့်အေး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (၈၈ကျောင်းသားဟောင်း)
ကိုမောင်မောင်လတ်၊ ILOနှင့် ချိတ်ဆက်၍လုပ်ဆောင်နေသော ကိုအေးသိန်းတို့က
စေ့စပ်ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်၊၊
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီဘက်မှ ဗိုလ်ကြီးဟောင်းဦးရွှေမိုးက
စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့သည်။ ထိုသို့ညှိင်းနှိုင်း မှုပြုလုပ်ရာတွင်လည်း
ဗိုလ်ကြီးဟောင်းဦးရွှေမိုးက လူနည်းစုအကျိုးစီးပွားကိုသာ ရှေးရှု၍
ရွှေတွင်းလုပ်သားများ၏ အင်း-အက်တာပြန်လည်လုပ်ကိုင်ခွင့်ကို
မတင်မကျသောစကားများဖြင့်သာ တွေဆုံမှုပြုခဲ့သည်။
ရွှေတွင်း လုပ်သားများက အင်း-အက်တာများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိလိုသည်။
ကုမ္ပဏီမှပေးသော နစ်နာကြေးကိုမယူလိုဘဲ၎င်းတို့
အင်း-အက်တာများပြန်လည်လုပ်ကိုင်ခွင့်ကိုသာ တောင်းဆိုထားခြင်းဖြစ်သည်။
ရွှေတွင်းလုပ်သားများက တွေ့ဆုံညှိနှိုင်းမှုတွင် တောင်းဆိုချက်(၆)ချက်ကို ဆက်လက်တောင်းဆိုထားသည်။
ယနေ့အထိ ထိုတောင်းဆိုချက်(၆)ချက်ကို ကုမ္ပဏီဘက်မှ လိုက်လျောခြင်းမရှိသေးပါ။
ရွှေတွင်းလုပ်သာများမှာ ၎င်းတို့တောင်း ဆိုချက်(၆)ချက်
အပေါ်တွင်သာရပ်တည်သွားမည်ဖြစ်သည်။
မှတ်ချက်။
။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့်
ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁၀.၆.၂၀၁၂)
No comments:
Post a Comment