ရမည်းသင်းခရိုင် လူထုချီတက် ဆန္ဒပြပွဲ နောက်ဆုံးရသတင်းမူဗွီဖိုင်များ ( ဆက်လက်ဖြန့်ဝေရန်)
ယနေ့
မိုးထိမိုးမိ ရွှေတွင်းဒေသမှ ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသော
လူများကို ၎င်းတို့ယာယီတစ်ထောက်နားရာဖြစ်သော ရမည်းသင်းမြို့နှင့် ၅
မိုင်သာဝေးကွာသော ရွှေမြင်တင်တောင် ရွှေမြင်တင်ဘုရား၏ ထွက်ပေါက်မှန်သမျှကို
လက်နက်ကိုင်ဆောင်ထားသော ရဲအယောက် ၄၀ ကျော်နှင့် လုံထိန်းများက
ပိတ်ဆို့ထားကာ ဘုရားအဝင်အထွက်အား လုံးဝခွင့်မပြုတော့ပေ ။
လက်နက်ကိုင်ဆောင်ထားသောလုံခြုံရေး
ရဲများလည်းတစ်ဖြည်းဖြည်းများလာပါသည်။ထို့ကြောင့်ဘုရားပေါ်တွင်
ချီတက်လမ်းလျှောက်ကာ ဆန္ဒပြသူများမှာ
ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေ ။ ယနေ့တွင်
မန္တလေးတိုင်း သတ္ထုတွင်းဝန်ကြီးကိုယ်တိုင်ဆင်းလာကာ
လာရောက်ဖြေရှင်းခဲ့သော်လည်းတိကျသော အာမခံချက်ပေးသော အဖြေထွက်မပေါ်လာခဲ့ပေ။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ရောက်လာမှ
တောင်းဆိုချက်များကို ချပေးမည်ပြောသော်လည်း ၎င်း
ဦးစိုးထွန်းရှိန်မှာရောက်မလာခဲ့ပေ။ ဦးစိုးထွန်းရှိန်မှာ ညနေသုံးနာရီတွင်
ရောက်လာမည်ဟုပြောသော်လည်း ည ၉နာရီ ( ယခုထိ ) တိုင်အောင်
ရောက်လာခြင်းမရှိပါ။ ယခုချီတက်လမ်းလျှောက်ဆန္ဒပြသူများသည် ၎င်း
တို့တောင်းဆိုချက်ကို မလိုက်လျှောပါက နေပြည်တော်ထိ ဆက်လက်ချီတက်
ဆန္ဒပြမည်ဖြစ်သည် ။ ၎င်းတို့မူလ မိုးထိမိုးမိတောင်ပေါ်နေရာမှ ယခု
ရွှေမြင်တင်တောင် အကွာအဝေးမှာ မိုင်သုံးဆယ်ကွာဝေးပြီး ရမည်းသင်းနှင့်
ရွှေမြင်တင်တောင်မှာ ငါးမိုင် ကွာဝေးပါသည်။ ထို့ကြောင့် ချီတက်လမ်းလျှောက်
ဆန္ဒပြသူများမှာ မိုင်သုံးဆယ်လမ်းလျှောက်ပြီး အာဏာပိုင်အဖွဲ့အစည်းများ၏
တားဆီးပိတ်ဆို့မှုကြောင့် ၎င်း တို့ဆုံးရှုံးနစ်နာနေသော အခွင့်ရေးများကို
ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့်မရသည့်အပြင် ၎င်း တို့အတွက် ဆေးဝါး
အစားအစာများ သောက်သုံးရေများကိုလည်း လိုအပ်လျှက်ရှိနေပါသည်။
ယခုဆန္ဒပြသူဦးရေမှာ သုံးထောင်နီးပါးခန့်ရှိပါသည် ။ အလုပ်သမားများသည်
အကြမ်းမဖက်ဘူး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမည်ဟုတောင်းဆိုသော်လည်း မရရှိပေ
။ ထိုချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်လှုပ်ရှားနေသူများမှာ ဦးသက်လွင် ၊
ဒေါ်မြင့်မြင့်အေး ( မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်) ၊ ဆရာကျောင်း ၊
မောင်မောင်လတ် ( ၈၈ ကျောင်းသားဟောင်း ) နှင့်အခြားသော အလုပ်သမား
လှုပ်ရှားမှုများတွင် ဝင်ရောက်ဆောင်ရွက်နေကြသော
ဒီမိုကရေစီအင်အားစုများစွာလည်းပါဝင်ပါသည်။ ထို့ကြောင့်
လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ဝင်ရောက်တောင်းဆိုနေကြသော
အလုပ်သမားထုကြီးအတွက် အစားအစာ ၊ ဆေးဝါး ၊ သောက်သုံးရေများ
ဝင်ရောက်ပါဝင်အားဖြည့်ပေးလိုပါက
အောက်ပါဖုန်းနံပါတ်များသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09-450026334 ၊ 09-2059904 ၊ 09-43155796 ၊ 09-47137567 ၊ 09-401512756 ၊
maythanmyint@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
နောက်ဆုံးရဗွီဒီယိုဖိုင်လင့်ခ်များ
http://youtu.be/ciNViG5rRmk
http://youtu.be/LLjS_Yb84MY
http://youtu.be/80SpQSSVK-E
http://youtu.be/iA6ahwGXz04
http://youtu.be/Xc8xt-HyTtI
http://youtu.be/RxaaE4ZDvCU
http://youtu.be/z0ys_84SLWw
http://youtu.be/EglHDlLrgRk
http://youtu.be/z0Rpzw_TCxM
No comments:
Post a Comment