ယနေ့ မိုးထိမိုးမိ ရွှေတွင်းဒေသမှ ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသော
လူများကို ၎င်းတို့ယာယီတစ်ထောက်နားရာဖြစ်သော ရမည်းသင်းမြို့နှင့် ၅
မိုင်သာဝေးကွာသော ရွှေမြင်တင်တောင် ရွှေမြင်တင်ဘုရား၏ ထွက်ပေါက်မှန်သမျှကို
လက်နက်ကိုင်ဆောင်ထားသော ရဲအယောက် ၄၀ ကျော်နှင့် လုံထိန်းများက
ပိတ်ဆို့ထားကာ ဘုရားအဝင်အထွက်အား လုံးဝခွင့်မပြုတော့ပေ ။
လက်နက်ကိုင်ဆောင်ထားသောလုံခြုံရေး
ရဲများလည်းတစ်ဖြည်းဖြည်းများလာပါသည်။ထို့ကြောင့်ဘုရားပေါ်တွင်
ချီတက်လမ်းလျှောက်ကာ ဆန္ဒပြသူများမှာ
ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေ ။ ယနေ့တွင်
မန္တလေးတိုင်း သတ္ထုတွင်းဝန်ကြီးကိုယ်တိုင်ဆင်းလာကာ
လာရောက်ဖြေရှင်းခဲ့သော်လည်းတိကျသော အာမခံချက်ပေးသော အဖြေထွက်မပေါ်လာခဲ့ပေ။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ရောက်လာမှ
တောင်းဆိုချက်များကို ချပေးမည်ပြောသော်လည်း ၎င်း
ဦးစိုးထွန်းရှိန်မှာရောက်မလာခဲ့ပေ။ ဦးစိုးထွန်းရှိန်မှာ ညနေသုံးနာရီတွင်
ရောက်လာမည်ဟုပြောသော်လည်း ည ၉နာရီ ( ယခုထိ ) တိုင်အောင်
ရောက်လာခြင်းမရှိပါ။ ယခုချီတက်လမ်းလျှောက်ဆန္ဒပြသူများသည် ၎င်း
တို့တောင်းဆိုချက်ကို မလိုက်လျှောပါက
နေပြည်တော်ထိ ဆက်လက်ချီတက် ဆန္ဒပြမည်ဖြစ်သည် ။ ၎င်းတို့မူလ
မိုးထိမိုးမိတောင်ပေါ်နေရာမှ ယခု ရွှေမြင်တင်တောင် အကွာအဝေးမှာ
မိုင်သုံးဆယ်ကွာဝေးပြီး ရမည်းသင်းနှင့် ရွှေမြင်တင်တောင်မှာ ငါးမိုင်
ကွာဝေးပါသည်။ ထို့ကြောင့် ချီတက်လမ်းလျှောက် ဆန္ဒပြသူများမှာ
မိုင်သုံးဆယ်လမ်းလျှောက်ပြီး အာဏာပိုင်အဖွဲ့အစည်းများ၏
တားဆီးပိတ်ဆို့မှုကြောင့် ၎င်း
တို့ဆုံးရှုံးနစ်နာနေသော အခွင့်ရေးများကို ငြိမ်းချမ်းစွာ
ထုတ်ဖော်ပြသခွင့်မရသည့်အပြင် ၎င်း တို့အတွက် ဆေးဝါး အစားအစာများ
သောက်သုံးရေများကိုလည်း လိုအပ်လျှက်ရှိနေပါသည်။ ယခုဆန္ဒပြသူဦးရေမှာ
သုံးထောင်နီးပါးခန့်ရှိပါသည် ။ အလုပ်သမားများသည် အကြမ်းမဖက်ဘူး
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမည်ဟုတောင်းဆိုသော်လည်း မရရှိပေ ။
ထိုချီတက်လမ်းလျှောက်ပွဲကို
ဦးဆောင်လှုပ်ရှားနေသူများမှာ ဦးသက်လွင် ၊ ဒေါ်မြင့်မြင့်အေး (
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်) ၊ ဆရာကျောင်း ၊ မောင်မောင်လတ် ( ၈၈
ကျောင်းသားဟောင်း ) နှင့်အခြားသော အလုပ်သမား လှုပ်ရှားမှုများတွင်
ဝင်ရောက်ဆောင်ရွက်နေကြသော ဒီမိုကရေစီအင်အားစုများစွာလည်းပါဝင်ပါသည်။
ထို့ကြောင့် လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ဝင်ရောက်တောင်းဆိုနေကြသော
အလုပ်သမားထုကြီးအတွက် အစားအစာ ၊ ဆေးဝါး ၊ သောက်သုံးရေများ
ဝင်ရောက်ပါဝင်အားဖြည့်ပေးလိုပါက
အောက်ပါဖုန်းနံပါတ်များသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09-450026334 ၊ 09-2059904 ၊ 09-43155796 ၊ 09-47137567 ၊ 09-401512756 ၊
No comments:
Post a Comment