Posted: 11 Jul 2012 04:43 AM PDT
by KNG

အောင်မြင်မှု အထိမ်းအမှတ် ရိုးရာမနောအက ကနေသော အဖွဲ့ပေါင်းစုံမှ KIA စစ်သားများ
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။
ဇူလိုင် ၇ ရက်နေ့တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများနဲ့ KIA တပ်စခန်းရှိရာကို ပစ်ခတ်ခဲ့တာကြောင့် နောက်ဆုတ်ပေးရာမှ ဇူလိုင် ၈ ရက်နေ့တွင် ပြန်လာတိုက်ပြီး စခန်းကိုပြန်ရလိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။
“စခန်း ဆိုပေမယ့် စခန်းက အငယ်လေးပဲ။ KIA ပြည်သူ့စစ် ၅ ယောက်လောက်ဘဲရှိတာ။ ဘာမှတော့မရှိဘူး။ မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာမရှိဘူးဟု ဆက်ဆိုသည်။
သို့သော်တိုက်ပွဲများသည် KIA နယ်မြေတွင်း ထိပ်တိုက်တွေ့သည့်နေရာတွင် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဇူလိုင် (၅) ရက်နေ့တွင် ဒေါ့ဖုန်းယန်အနီးရှိ ဆမ်တိန်းကျန် ကျေးရွာမှ ရွာသား ၇ ဦးကို ၎င်းမြန်မာအစိုးရတပ်သည် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောသည်။
အစိုးရတပ်ဖွဲ့များသည် KIA နှင့် ဆက်စပ်သည်ဟု ယူဆထားသည့် ဒေသခံများကိုဖမ်းဆီး၍ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း အစိုးရတပ်ဖမ်းဆီးခံထားရာမှလွှတ်မြောက်သူများက ပြောဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များသည် တပ်များရုပ်သိမ်းရေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အကြိမ်ကြိမ်ပြောဆိုညှိနှိုင်းခဲ့ကြသော်လည်း အစိုးရတပ်များသည် ထပ်မံတိုးချလာသည်သာမက သာ၍ တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေသည်။

အောင်မြင်မှု အထိမ်းအမှတ် ရိုးရာမနောအက ကနေသော အဖွဲ့ပေါင်းစုံမှ KIA စစ်သားများ
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။
ဇူလိုင် ၇ ရက်နေ့တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများနဲ့ KIA တပ်စခန်းရှိရာကို ပစ်ခတ်ခဲ့တာကြောင့် နောက်ဆုတ်ပေးရာမှ ဇူလိုင် ၈ ရက်နေ့တွင် ပြန်လာတိုက်ပြီး စခန်းကိုပြန်ရလိုက်ခြင်းဖြစ်ြေ
“စခန်း ဆိုပေမယ့် စခန်းက အငယ်လေးပဲ။ KIA ပြည်သူ့စစ် ၅ ယောက်လောက်ဘဲရှိတာ။ ဘာမှတော့မရှိဘူး။ မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော
သို့သော်တိုက်ပွဲများသည် KIA နယ်မြေတွင်း ထိပ်တိုက်တွေ့သည့်နေရာတွင် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဇူလိုင် (၅) ရက်နေ့တွင် ဒေါ့ဖုန်းယန်အနီးရှိ ဆမ်တိန်းကျန် ကျေးရွာမှ ရွာသား ၇ ဦးကို ၎င်းမြန်မာအစိုးရတပ်သည် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောသည်။
အစိုးရတပ်ဖွဲ့များသည် KIA နှင့် ဆက်စပ်သည်ဟု ယူဆထားသည့် ဒေသခံများကိုဖမ်းဆီး၍ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း အစိုးရတပ်ဖမ်းဆီးခံထားရာမှလွှတ်ေ
အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များ
No comments:
Post a Comment