Khin Maung Htun | 6:52pm Jul 6 |
ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဗကသ အထက်မြန်မာပြည်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်မိုင်းဆန်း၊ ကိုမိုးထက်နေ နဲ့ ကိုသန်းထိုက်တို့လည်း ဖမ်းဆီးခံထားရကြောင်း ဗကသ - အထက်မြန်မာပြည် ပေါ်ထွန်းရေး ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။
“ည ၈ နာရီလောက်က ကိုအောင်မိုင်းဆန်းအိမ်ကို ၀င်ဖမ်းပါတယ်။ တချိန်တည်းမှာပဲ သိရတာက ကိုမိုးထက်နေ ပါသွားပါတယ်။ ကိုသန်းထိုက် လည်း ပါသွားပါတယ်။ ၈ နာရီခွဲလောက်မှာနော်။ ည ၁၀ နာရီလောက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြ၀တီမင်းကြီး တိုက်ထဲကို မြို့နယ်မှူးလို့ ပြောတဲ့ ၁၃ ယောက်လောက်အင်အားရှိတဲ့ အဖွဲ့ ရောက်လာပြီး မကျင်းပဖို့ လာရောက်တားဆီးတယ်။ ဆရာတော်နဲ့ ပြောတဲ့အခါမှာတော့ ပထမကတော့ မြို့နယ်က ဆွမ်းကပ်တဲ့အဆင့်လောက် ခွင့်ပြုမယ့်အနေအထားရှိတယ်။ အခမ်းအနားမလုပ်ဘဲနဲ့ပေါ့နော်။ နောက် သိပ်မကြာဘူး။ နာရီဝက်ကျော်ကျော်လောက်ကြာတဲ့အခါကျတော့ ဒီ့ပြင် နောက်ထပ် တဖွဲ့ရောက်လာတယ်။ သူတို့က တိုင်းကလို့ ပြောတယ်။ ပြီးတော့ ရွှေဘိုက လူကြီးတွေပါတယ်။ ရွှေဘိုကကျောင်းသားတွေကို သူတို့ မြို့နယ်က
ခေါ်ခိုင်းလိုက်လို့ဆိုပြီး ကျောင်းသား ၃ ယောက်၊ ကျောင်းသူ ၁ ယောက်။ လေးယောက်ကို ဖမ်းသွားတယ်။ ၁၀ နာရီခွဲလောက်ကနော်။”
သူကိုယ်တိုင် လက်ရှိ ရှောင်တိမ်းနေရတဲ့ ကိုရဲရင့်ကျော်က အခုလို ၀င်ရောက်ဖမ်းဆီးတဲ့အပေါ် အခုလို ပြောပါတယ်။
“အခုလို ရုပ်ပျက်ဆင်းပျက် ဒီဟာကြီးကို ခါးခါးသီးသီး ဘာကြောင့်
ငြင်းပယ်နေတာလဲဆိုတာ ကျနော်တို့ မစဉ်းစားတတ်ဘူး။ အခုလို ပုံစံမျိုး လုပ်နေတာက သမိုင်းတရားခံတွေနဲ့ သူတို့ဘာတော်စပ်လို့ အနာပေါ် ဒုတ်ကျ ဖြစ်နေရတာလဲဆိုတာ ကျနော် တော်တော်ကြီးကို စိတ်ဝင်စားတယ်။”
နောက်ထပ် ရောက်လာမယ့် နယ်မြို့တွေကနေ ကိုယ်စားလှယ် လာရောက်တဲ့ ကျောင်းသားတွေကို မိမိအစီအစဉ်နဲ့ ပြန်ကြဖို့ ပြောထားတယ် လို့ ကိုရဲရင့်ကျော်က ဆက်ပြောပါတယ်။ ဖုန်းဆက်သွယ်မှုတွေ ခက်ခဲနေပြီး နောက်ထပ် ဘယ်သူတွေခေါ်ဆောင်ခံရသလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး
No comments:
Post a Comment