Wednesday, July 11, 2012

IFBNCမှနှစ်(၅၀)မြောက်ရွှေရတုဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်ဆန္ဒပြပွဲနယူးယောက်မြို့တွင်ကျင်းပခြင်း


နှစ်(၅၀)မြောက်ရွှေရတု
ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အထိမ်းအမှတ်ဆန္ဒပြပွဲနယူးယောက်မြို့တွင်ကျင်းပခြင်း

နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်မှကမကထပြုကာနှစ်(၅၀)မြေက်ရွှေရတုဇူလိုင် (၇)ရက်နေ့အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားဆန္ဒပြပွဲ့ကိုအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိစစ်ကောင်စစ်ဝန်ရုံးရှေ့တွင်၂၀၁၂ဇူလိုင်လ(၇)ရက်နေ့နေလည်(၂)နာရီမှာညနေ(၄)နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားသို့အမေရိကန်ပြည်ထောင်စုနယူးယောက်ဒီမိုကရေစီလိုလားသူများ၊ရဟန်ရှင်များ၊တိုင်းရင်သားများတက်ရောက်ခဲ့ကြပြီး၊ဆဲဗင်းဇူလိုင်အရေးတော်ပုံတွင်ကျဆုံးသွားခဲ့သောကျောင်းသားသူရဲကောင်းများ၊ခေတ်အဆက်တွင်အများပြည်သူလွတ်မြောက်ရေးအတွက်အနစ်နာခံ၊အသက်စတေးပေးဆပ်ခဲ့ကြသော၊စစ်အာဏာရှင်အဆက်ဆက်ကိုအံတုရင်ဆိုင်ခဲ့ကြသော၊ရင်ဆိုင်တိုက်ပွဲဝင်နေဆဲဖြစ်သောကျောင်းသားသူရဲကောင်းအပေါင်းအားဂုဏ်ပြုဦးညွတ်အလေးပြုခြင်း၊ ကျောင်းသားသမဂ္ဂသီချင်းအားသီဆိုခြင်း၊ အဖွင့်သစ္စာကဗျာ၊7July (သို့)သက်သက်မိုးကဗျာနှင့်အခြားကျောင်းသာသမဂ္ဂဆိုင်ရာကဗျာတို့ကိုရွှတ်ဆိုခြင်း၊ တက်ရောက်လာသူအသီး သီးမှဆဲဗင်းဇူလိုင်အမှတ်တရစကားပြောပြောကြားခြင်း၊ ဆဲဗင်းဇူလိုင်အရေးတော်ပုံကိုစစ်တပ်မှ လုပ်ဆောင်ခဲ့ပုံ များနှင့်တာဝန်ရှိသူများကို ဖော်ပြထားသည့်သမိုင်းရေး အထောက်အထားအချို့ကို ဖတ်ကြားမှတ်တမ်းတင်ခြင်း နှင့်ကြွေးကြော်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ကြွေးကြော်တောင်းဆိုချက်များမှာကျောင်းသားသမဂ္ဂပြန်ဆောက်ကြရန်၊လွတ်လပ်သောပညာရေးစနစ် ချက်ချင်းလုပ်ရန်၊ ဆဲဗင်းဇူလိုင်အမှုမှန်ကိုထုတ်ဖော်ပေးရန်၊ အတုအယောင်ပြောင်းလဲမှုများကို ချက်ချင်းရပ်တန့် ရန်၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုအမှန်တကယ်လုပ်ဆောင်ရန်၊စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပစ်ရန်၊ဒီမိုကရေစီ အရေးတော်ပုံမုချအောင်မြင်ဖြစ်ကြောင်းတို့ပါဝင်ကြောင်းသိရပါသည်။

No comments:

Post a Comment