Thursday, April 26, 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့၏ နိုင်ငံရေးလှုပ်ရှားမှုအား ထောက်ခံပါကြောင်း နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း၏ ထုတ်ပြန်ကြေညာချက်


နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့၏ နိုင်ငံရေးလှုပ်ရှားမှုအား ထောက်ခံပါကြောင်း နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း၏ ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။     ။ဇန္န၀ါရီလ(၈)ရက်၊၂၀၁၂
စာအမှတ်( IFBNC -၂ /၂၀၁၂ )

(၁) ဇန်န၀ါရီလ(၇)ရက်၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီတွင် “နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှု”အဖွဲ့၏ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအိမ်သို့ သွားရောက်အားပေးသည့်လှုပ်ရှားမှုအား စတင်လိုက်ကြောင်းကြားသိရ ပါသည်။ ထိုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစုများကွန်ယက်၊ New Generation Wave ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ဗကသ တို့မှ ပူးပေါင်းပါဝင်၍ လှုပ်ရှားမှုကို စတင်လိုက်ခြင်းဖြစ်ပါ သည်။ ထိုလှုပ်ရှားမှုအား မိမိတို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)မှ အပြည့်အ၀ထောက် ခံပါကြောင်းနှင့် နိုင်ငံတကာတွင်လည်း ထိုလှုပ်ရှားမှုအား ပူးပေါင်းပါဝင်ထောက်ခံကြပါရန် တိုက်တွန်းနိုးဆော်သွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာလိုက်ပါသည်။
(၂) ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲသို့ နိုင်ငံရေးအင်အားစုများအားလုံးဝင်လာအောင်  ကြံ့ဖွံ့အစိုးရမှ အတင်းအကျပ်လုပ် နေပါက ရေရှည်တည်တံ့သည့် နိုင်ငံရေးတည်ငြိမ်မှုမရနိုင်ကြောင်း ဤကဲ့သို့ နိုင်ငံရေးလှုပ်ရှားမှုများက ဖေါ်ပြနေခြင်း ဖြစ်သည်။ စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်တည်တံ့ရေးအတွက် တဖက်သတ်ရေးဆွဲအတည်ပြုထားသည့် (၂၀၀၈) ဖွဲ့ စည်းပုံသည် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ရေးဆွဲထားခြင်းမဟုတ်ချေ။ ကြံ့ဖွံ့အစိုးရ၏ ဖွဲ့စည်းပုံ အ ရ နိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(အကလ)သည်သာ အဓိက အခရာဖြစ်သည်။ ထို ကောင် စီသည် စစ်ကောင်စီသာဖြစ်၍ စစ်အုပ်စုကသာ တိုင်းပြည်အား ဆက်လက်အုပ်ချုပ်နေသည်ကို သတိချပ်ရန်လိုအပ်ပါ သည်။
(၃) မကြာမီက ထုတ်ပြန်လိုက်သည့် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် နှစ်ရှည် မတရားဖမ်းဆီး ထောင်ချထားသည့် ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်နိုင်မည့် အခြေ အနေမရှိချေ။ ဤလုပ်ရပ်သည် ပြည်သူအားလုံးအား လိမ်ညာလှည့်စားသည့်လုပ်ရပ်ဖြစ်သည်။ အလားတူ တိုင်းရင်း သား တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင်လည်း တဖက်တွင် အပစ်ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေးနေသလို အခြားတဖက်တွင် ထိုးစစ်များဆက်လက်ပြုလုပ်နေသည့်လုပ်ဟန်ဖြစ်သည်။ ဤသည်မှာ ဟန် ပြ ငြိမ်းချမ်းရေးသာဖြစ်ပြီး ထာဝရတည်ငြိမ်အေးချမ်းတည်တံ့သည့် ပြည်တွင်းငြိမ်းချမ်းရေးမဖြစ်နိုင်ချေ။
(၄) ထိုအခြေအနေများကြောင့် မိမိတို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများအနေဖြင့် ၂၀၀၈ - ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ နိုင်ငံရေးအင်အားစုများအားလုံးစုစည်း၍ အမျိုးသားညီညွှတ်ရေးတပ် ပေါင်းစုကြီးဖွဲ့စည်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒုတိယ-ပင်လုံညီလာခံကြီးပေါ်ပေါက်ရေး ဆိုသည့် နိုင်ငံရေးဦးတည်ချက်များအောက်တွင် စုစည်းညီညွှတ်စွာ ပူးပေါင်းတိုက်ပွဲဝင်ကြပါရန် ပြည်တွင်း ၊ ပြည်ပရှိ နိုင်ငံရေး အင်အားစုများအား တိုက်တွန်းနိုးဆော်လိုက်ရပါသည်။
အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com  / http://www.ifbnc.org  , http://www.ifbnc.org/bur

No comments:

Post a Comment