(၄၈) နှစ်မြောက် ဇူလိုင်(ရ) အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်
ရက်စွဲ ။ ။ ဇူလိုင်လ(၇)ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၁၀ ။(၁) ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ဦးနုအစိုးရကို ဗိုလ်ချုပ်နေ၀င်းက (၁၉၆၂)ခုနှစ် မတ်(၂)ရက်နေ့တွင် တည်ဆဲ (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ချိုးဖေါက်ကာအာဏာသိမ်းခဲ့သည်။
(၂) ဗိုလ်နေ၀င်းစစ်အစိုးရကို ပထမဆုံးဗြောင်ဆန့်ကျင်၍ ဆန္ဒပြသူများမှာ (၁၉၆၂)ခုနှစ် မျိုးဆက်ကျောင်းသားများပင်ဖြစ်သည် ။ ကျောင်းသားခေါင်းဆောင် ကိုသက် ၊ ကိုဗဆွေလေးတို့မှ ဦးဆောင်၍ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ငြိမ်းချမ်းစွာဆန္ဒပြ၍ ကျောင်း သားတို့အခွင့်အရေးကို တောင်းဆိုခဲ့ကြသည် ။ လွန်ခဲ့သော(၄၈)နှစ်ကာလဖြစ်သည့် ဤဇူလိုင်(၇)ရက်နေ့သည် သမိုင်းတွင်သောနေ့ ဖြစ်သည်။
(၃) ဤနေ့၌ တက္ကသိုလ်ကျောင်းသားများက ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူကာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနှင့် ကျောင်းသားထုတရပ်လုံး၏ အခွင့်အရေးကို အပြည့်အ၀ပေးရန် တိုက်ပွဲဝင်တောင်းဆိုခဲ့ကြသည် ။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတိုက် ပွဲဝင်နေကြသော ကျောင်းသားကျောင်းသူများကို မဆလစစ်အစိုးရသည် ဂျာမဏီနိုင်ငံမှ ၀ယ်ယူထားသော (G3)သေနတ်များဖြင့် ရက် ရက်စက်စက် ပစ်သတ်ခဲ့ရာတက္ကသိုကျောင်းဝင်းအတွင်း ကျောင်းသားတို့ သွေးမြေကျခဲ့ရသည်။ ကျောင်းဆောင်များပေါ်မှ ကြည့်ရှူ နေကြသော ကျောင်းသားကျောင်းသူများမှာလည်း ပစ်ခတ်သတ်ဖြတ်ခံရသောကြောင့် တက္ကသိုလ်ကျောင်းဝင်းတခုလုံး သုဿန်တစ ပြင်လို လူသတ်ကွင်းပြင်ပမာဖြစ်သွားခဲ့ရသည် ။ ထိုနေ့တွင် ကျဆုံးသွားခဲ့သော အာဇာနည်ကျောင်းသားအပေါင်းအား မိမိတို့မှ ဦးညွှတ် ဂုဏ်ပြုလိုက်ပါသည်။
( ၄ ) ဗိုလ်နေ၀င်း၏ စစ်အာဏာရှင်စနစ်ကို တည်ထောင်သော (၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့ကစပြီး (၅)လအကြာ ဇူလိုင်(၇)ရက် နေ့တွင် ကျောင်းသားများသည် အာဏာရှင်စစ်အစိုးရအား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်အာဏာရှင်စနစ်၏ ဆိုး ၀ါးလှသော စ နစ်ကို သိရှိကြသော ကျောင်းသားများသည် မိမိတို့၏အသက်ကို ပဓါနမထားဘဲ ပထမဆုံးတိုက်ပွဲဝင်ခဲ့သည့် ဇူလိုင်(ရ )ရက်နေ့ကို မျိုး ချစ်စိတ်ရှိသူ မြန်မာနိုင်ငံသားတရပ်လုံး လေးစားတန်ဖိုးထားကာ အသက်ပေး အစတေးခံခဲ့ကြသော ကျောင်းသားအာဇာနည်တို့အား ဂုဏ်ပြုခြင်းအားဖြင့် အောက်မေ့ဘွယ် အခမ်းအနားများကျင်းပကြရန် မိမိတို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း (IFBNC)မှ၊တိုက်တွန်းနိုးဆော်လိုက်ပါသည်။
(၅) ဇူလိုင်(ရ)ရက်နေ့တွင် ကျောင်းသားများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီးသော နောက်တနေ့၌ ကိုလိုနီနယ်ချဲ့တော်လှန်ရေး၏ ဌါ နချုပ်ဖြစ်သော သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးစေခဲ့သည်။ ဤသည်မှာ ကျောင်းသားထု တရပ်လုံးအား စစ်အာဏာရှင်စနစ်ကို စုစည်းညီညွတ်စွာ မတော်လှန်နိုင်ရန် သမဂ္ဂအဆောက်အဦးအား ဖြိုခွဲဖျက်ဆီးလိုက်ခြင်းဖြစ် သည် ။ ကျောင်းသားထု၏ နိုးကြားတက်ကြွသော တော်လှန်ရေးစိတ်ဓါတ်ကို ဖျက်စီးစေခြင်းပင်ဖြစ်သည် ၊ သို့သော် ကျောင်းသားများ ၏ တော်လှန်ရေးစိတ်ဓါတ်ကား မပျက်စီးမတိမ်ကော ပိုလို့ပင်ရှင်သန်နေလျက်ရှိသည်မှာ၊ယနေ့ထိတိုင်ဖြစ်သည်။
(၆) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ၊ စစ်အုပ်စု၊ စစ်အစိုးရ တည်ရှိအုပ်ချုပ်နေသမျှ ကာလပတ်လုံး ကျောင်းသားတို့၏ အခွင့်အ ရေးများအပါအ၀င် ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု၏ရပိုင်ခွင့်များ ၊ ငြိမ်းချမ်းသာယာမှူဘ၀များ ၊ အမျိုးသားပြည်လည်သင့် မြတ်ရေးနှင့် စစ်မှန်သော ပြည်ထောင်စုစနစ်တည်ဆောက်မှူများ ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေသည့် အခွင့်အလမ်းများ ရရှိနိုင်လိမ့် မည်မဟုတ်ချေ ။ ထို့ကြောင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး ၊ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများ အားလုံး စုစည်းညီညွှတ်စွာလက်တွဲ၍ စစ်အုပ်စု ၊ စစ်အာဏာရှင်အစိုးရအား တော်လှန်တိုက်ထုတ်ကြပါရန် နိုးဆော်လိုက်ပါသည်။
Executive Committee
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation For Burma National Congress ( IFBNC) <ifbncexecutive@gmail.com>
No comments:
Post a Comment