Friday, April 20, 2012

IFBNC မှ၆၅ နှစ်မြောက် မြန်မာနိုင်ငံဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းမူနှင့် ပါတ်သက်၍ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်းနှင့် နယူးယောက်မြို့  မြန်မာသံရုံးမှ သံအရာတဦးအား ရှုတ်ချကြောင်း ကြေညာချက်

၆၅ နှစ်မြောက် မြန်မာနိုင်ငံဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် International Foundation for Burma National Congress (IFBNC) မှ မွေးနေ့ဆုတောင်းမူနှင့် ပါတ်သက်၍ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်နှင့် နယူးယောက်မြို့  မြန်မာသံရုံးမှ သံအရာတဦးအား ရှုတ်ချကြောင်း ကြေညာချက်
( ၁ )             ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယကို ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပြည်တွင်း တွင်လည်း ကျင်းပကြသည်။ အမေရိကန်သမ္မတ မစ္စတာအိုဘားမားက အဖမ်းဆီးခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံးလွှတ်ပေးရေးနှင့် မြန်မာနိုင်ငံရေးတွင် အမျိုးသားပြန်လည်သင့်ရေးကို မရှိမဖြစ်သောခြေလှမ်းတရပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ  တွေ့ဆုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ရန်တိုက်တွန်းကြောင်း မွေးနေ့ ဆုတောင်းကြေညာချက်မှာ ထုတ်ပြန်ထားပါသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ၊ တိဘက်န်းတော်ကြီး ဒလိုင်းလားမား ၊ နိုဗယ်ငြိမ်းချမ်းဆုရှင် အမျိုးသမီးများအဖွဲ့။ ကုသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်နှင့် လက်ရှိကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာထိပ်သီးခေါင်းဆောင်များအပြင် ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုးကုတ်မဲဆန္ဒနယ် မှ ဒေါ်မေနှင်း ကြည်နေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။
( ၂ )          အမေရိကန်အခြေစိုက် နိုင်ငံတကာမြန်မာအမျိုးသား ကွန်ဂရက်ဖေါင်းဒေးရှင်း INTERNATIONAL FOUNDATION FOR BURMA  NATIONAL CONGRESS – (IFBNC ) မှ နယူးယောက်မြို့ Buffalo မြို့ တွင် ၁၈-၆-၂၀၁၀ နေ့၌ ကျင်းပခဲ့ရာ Buffalo မြို့ တော်ဝန် Mr Byron W-Brown က တက်ရောက်ချီးမြှောက်ခဲ့သည်။ မြို့ တော်ဝန်မှ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အခါသမယတွင် ဆုတောင်း ပေးရ၍ အထူးဝမ်းမြောက်ကြောင်း။ မတရားဖမ်းဆီး ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွပ်မြောက်ပါရန် ဆုတောင်းပေးပါကြောင်းနှင့် မြန်မာနိုင်ငံ ဒီမို ကရေစီရရှိရေးအတွက် အဖက်ဖက်မှ အစွမ်းကုန် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ဟောပြောသွားသည်။ IFBNC မှ  Board of Director  ဥက္ကဌ ဦးထွန်းအောင်ကျော် ( ယခင် ABSDF ဥက္ကဌ ) မှလည်း မတရားဖမ်းဆီးခံနေရသော ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရမှ အမြန်ဆုံးလွှတ်ပေးရန်  တောင်းဆိုကြောင်းနှင့် ၆၅ နှစ်မြောက် မွေးနေ့အခါသမယတွင် ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာချမ်းသာ ရှိစေရန် ဆုတောင်းမေတ္တာပို့သခဲ့သည်။
( ၃ )          တချိန်တည်းတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အထူးလေးစားချစ်ခင်သော မတရားဖမ်းဆီးခံနေရသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်မြို့ မြန်မာသံရုံးရှေ့တွင် မွေးနေ့အခါသမယ ဆုတောင်းပွဲနှင့် စစ်အစိုးရအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုဆန္ဒပြနေကြစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကားချပ်အား ခြေထောက်နှင့် နင်းခြေကြေမွသူ မြန်မာနိုင်ငံသားသံရုံးအမူထမ်းတဦးအား ပြင်းထန်စွာ ရှုတ်    ချလိုက်သည်။ လူမျိုးခြားမျာအနေဖြင့် ဂုဏ်ပြုချီးမွှမ်းခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံသားတဦး၏ ခြေထောက်ဖြင့် ရိုင်းပြစွာနင်းခြေကန်ကျောက် ကြေမွအောင်လုပ်ခြင်းခံရမူသည်  ခွင့်လွှတ် နိုင်သော သည်းခံခြင်းတရား၏ အတိုင်းအတာ တခုကို ကျော်လွန်ခြင်းဖြစ်သည်။၊ သံခင်းတမံခင်းအရ အောက်တန်းကျလှသော ယင်းသို့အပြုအမူမျိုးသည် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတကာသံတမန် ဥပဒေများနှင့် အထူး ဆန့်ကျင်သွေဖီနေသည်။ သို့ဖြစ်၍ ဂုဏ်သရေမဲ့လှစွာသော စစ်အစိုးရ၏ သံရုံးဝန်တဦးလုပ်ရပ်အား  IFBNC မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
နိုင်ငံတကာ မြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း
သတင်းပြန်ကြားရေးနှင့် စည်းရုံးရေးဌာန
International Foundation For Burma National Congress (IFBNC)

No comments:

Post a Comment