Wednesday, April 25, 2012

မြန်မာအမျိုးသားကွန်ဂရက်ကြီးတရပ်ပေါ်ပေါက်ရေးအတွက်ပူးပေါင်းလက်တွဲလုပ်ကိုင်ကြပါစို့


မြန်မာအမျိုးသားကွန်ဂရက်ကြီးတရပ်ပေါ်ပေါက်ရေးအတွက်ပူးပေါင်းလက်တွဲလုပ်ကိုင်ကြပါစို့
(၃၁)ရက်၊ ဇူလိုင်လ၊ ၂၀၁၀ခှုနှစ်
စတော့ဟုန်းမြို၊ ဆွီဒင်နိုင်ငံ
(၁၅)ကြိမ်မြောက်ဥရောပရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံ

ဥရောပရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်
နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများသို့

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ(၃/၄)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်အထက်ပိုင်း၊ (Utica) မြို့၌ မြန်မာ့ဒီမိုကရေ စီအင်အားစုများ၏ ညီလာခံအား ကျင်းပခဲ့သည်။ (Utica) ညီလာခံအားဦး 
ဆောင်ကျင်းပခဲ့သူများမှာအမေရိကန်နိုင်ငံတ၀ှမ်းရှိမြန်မာ့ဒီမို ကရေစီအင်အားစုများဖြစ်ကြသော နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ (၈၈)ကျောင်းသားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ပ) မှရဲဘော်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် မြန်မာ
နိုင်ငံလုံးဆိုင် ရာသံဃာ့တပ်ပေါင်းစုမှ သံဃာ့ခေါင်းဆောင်များ၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ်(အမေရိကန်) မှခေါင်းဆောင်များ၊ရခိုင်အမျိုးသားလွတ်မြောက် ရေးပါတီမှရဲဘော်ဟောင်းများ၊ ကရင်အမျိုးသားအစည်း အရုံးမှ ခေါင်းဆောင်ဟောင်းများနှင့် တိုင်းရင်းသားအင်အားစုများမှတိုင်းရင်းသားရဲဘော်များ၊ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှရဲဘော်များ၊ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများ၊ မြန်မာပြည်လွတ်မြောက် ရေးအဖွဲ့ချုပ်မှရဲဘော်များ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမှကိုယ်စားလှယ်နှင့် တတ်သိပညာရှင်များ စသည့်အင်အားစုများမှရဲဘော် များဖြစ်ကြသည်။ ညီလာခံဖြစ်မြောက်ရေးကော်မတီကို အင်အားစုအသီးသီးမှရဲဘော်(၄၆)ဦးဖြင့်ဖွဲ့စည်း သည်။ညီလာခံသို့အမေရိကန် နိုင်ငံ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်(၈၃)ဦးတက်ရောက်သည် ။ (Web Conference)ဖြင့် အခြားနိုင်ငံများမှ ရဲဘော်များလည်း တက်ရောက်ဆွေးနွေးနိုင်စေရန် စီစဉ်ခဲ့သည်။ ညီလာခံမှ (Coordinating Committee)ကော်မတီဝင်များနှင့်လုပ်ငန်းကော်မတီဝင် (၅၄) ဦးအား ရွေး ချယ်တာဝန်ပေးအပ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် စုဖွဲ့မှုအားအကောင်းဆုံး အင်အားစုတရပ်ဖြစ်ပြီး “ စစ် အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရိကန်ပြည်ထောင်စု)”ဟူ၍စုဖွဲ့ပြီးနိုင် ငံရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့သည်။
ယူတီကာညီလာခံညီလာခံ(စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမြန်မာ့ ဒီမိုကရေစီအင်အားစုများ - အမေရိကန်ပြည်ထောင်စု)၏နိုင်ငံရေးအခြေခံမူ(၃)ချက် ။
(၁) - ၂၀၁၀ ရွေးကောက်ပွဲအား လုံးဝဆန့်ကျင်တိုက်ဖျက်ရေး ။
(၂) - စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ) ။
(၃) - ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ။

နိုင်ငံရေးလုပ်ငန်းစဉ် (၆)ရပ်
(၁) မြန်မာအမျိုးသားကွန်ဂရက် ဖွဲ့စည်းမှူရေးရာလုပ်ငန်းကော်မတီ
(၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးရာ လုပ်ငန်းကော်မတီ
(၃) ဘဏ္ဍာရေးရာ လုပ်ငန်းကော်မတီ
(၄) ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှူရေးရာ လုပ်ငန်းကော်မတီ
(၅) ပြည်ပနိုင်ငံရေးလှုပ်ရှားမှူရေးရာ လုပ်ငန်းကော်မတီ
(၆) နိုင်ငံရေးလှုံ့ဆော်မှူရေးရာ လုပ်ငန်းကော်မတီ ဟူ၍လုပ်ငန်းစဉ်(၆)ရပ်ချမှတ်ခဲ့သည် ။
အထက်ပါ လုပ်ငန်းစဉ်(၆)ရပ်အား အကောင်အထည်ဖေါ်ဆောင်နိုင်ရန်ကြိုးစားလုပ်ဆောင်ခဲ့သည်။ ပြည်
ပရှိမြန်မာ့ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုစုစည်းခဲ့သည်။လုပ်ငန်းများဖေါ် 
ဆောင်နိုင်မှုအခြေအနေမှာ မြန်မာ့အမျိုးသား ကွန်ဂ ရက်(Burma National Congress)ကြေညာ စာ တမ်းပြုစုဖြန့်ဝေခြင်း၊ (BNC)ပေါ်ပေါက်ရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းစာဖြန့်ဝေခြင်းနှင့် မိမိတို့အင်အားစု ကိုယ်စား ၊ ဂျပန်/ဂျာမဏီညီလာခံများသို့ ကိုယ်စားလှယ်စေလွှတ်၍ ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည် ။ (BNC)ပေါ် ပေါက်ရေးဆိုင်ရာ (Lobby team)ကိုလည်း အဖွဲ့ဝင်(၁၈)ဦးဖြင့်စုဖွဲ့နိုင်ခဲ့သည် ။အဓိက ရည် ရွယ်ချက်မှာ အာဖရိကန်အမျိုးသားကွန်ကရက်(ANC)ကဲ့သို့ တမျိုးသားလုံးလက္ခဏာဆောင်သည့် စုဖွဲ့ မှုမျိုးပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော်လည်း ကျယ်ပြန့်သောတပ်ပေါင်း စုကြီး ဖွဲ့စည်းနိုင်ရန် အချိန်နှင့်စုစည်းမှု၊စည်းရုံးမှုများ လို အပ်နေသည့်အတွက် (Utica)ညီလာခံမှချမှတ် ခဲ့သော နိုင်ငံရေးလုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်နိုင်ရန် ၊ ပြင် ဆင်ဖြည့်စွက်နိုင်ရန် နှင့်ပိုမိုစု စည်းနိုင် သည့်အင်အားစုတရပ် ပေါ်ပေါက်နိုင်ရန်အတွက် ညီလာခံတရပ်အားကျင်းပရန်ဆွေးနွေးခဲ့ကြသည်။ဤ သည် မှာလည်း (Utica)ညီလာခံ၏ ဆုံးဖြတ်ချက်ဖြစ်သော ညီလာခံတရပ်အား (၆)လ သို့မဟုတ် တနှစ် အတွင်းတွင် ကျင်းပရန်ဟူသည့် ဆုံးဖြတ်ချက် နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည် ။
ညီလာခံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်အထက်ပိုင်း၊ (Buffalo)မြို့တွင် ၂၀၁၀ ခုနှစ်မေလ(၂၂__________/၂၃)၌ကျင်းပရန်ဆုံးဖြတ်ခဲ့သည်။ညီလာခံကျင်းပရေးအကြိုညှိနှိုင်းဆွေးနွေး ပွဲများကိုလည်း မတ်လ(၂၀)ရက်နေ့တွင် စတင်စီစဉ်ကျင်းပရန်ဆွေးနွေးခဲ့ကြသည်။ ဤဆုံးဖြတ် ချက် များနှင့်အညီ ညီလာခံကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပခဲ့သည်။နိုင်ငံတကာမှ ဒီမို ကရေစီအင်အားစုများကို ဖိတ်ခေါ်၍ ဆွေးနွေးညှိနှိုင်းခဲ့သည် ။ ဆွေးနွေးပွဲများတွင်ဥရောပ၊မြောက် အမေ ရိက၊အာရှနှင့် သြစတြေးလျ နိုင်ငံများမှ မြန်မာ့ဒီမိုကရေစီအင်အားစုများမှရဲဘော်များတက်ရောက်ဆွေးနွေး
ခဲ့သည်။ ညီလာခံကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီနှင့် ညီလာခံကျင်းပရေးကော်မ တီကို ဖွဲ့စည်းသည် ။ ထို့အပြင် ညီလာခံဖိတ်ကြားရေးဆပ်ကော်မတီ ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ဘဏ္ဍာ
ရေး ဆပ်ကော်မတီ စသည့် ညီလာခံနှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့သည် ။
ဘတ်ဖဲ လိုးညီလာခံကျင်းပရခြင်းရည်ရွယ်ချက်
(၁) ၂၀၀၈ ဖ့စွဲ ည်းပုံဥပဒေအား အခြေခံကျင်းပသည့် နအဖ စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ရေးတွင် ပြည်
တွင်း ပြည်ပရှိ နိုင်ငံရေးအင်အားစုများအားလုံး တစုတစည်းတည်း စုစည်း၍ တော်လှန်သည့် ဘုံနိုင်ငံရေး လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ။
(၂) စစ်အာဏာရှင်စနစ်အား နည်းလမ်းပေါင်းစုံဖြင့် ဖျက်သိမ်းနိုင်ရေးအတွက် နိုင်ငံတကာရှိ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများအားလုံး စုစည်းတွေ့ဆုံညှိနှိုင်း၍ ထိရောက်သည့် လုပ်ငန်းစဉ် မူပေါ်လစီများ၊ တညီတညွှတ်တည်း လိုက်ပါဆောင်ရွက်နိုင်သည့်နည်းလမ်းများ ချမှတ်ဖေါ်ဆောင်နိုင်ရန် ။
(၃) အမျိုးသားတန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖေါ်ဆောင်ရွက် ရန် ။
(၄) ခိုင်မာကျစ်လစ်သည့် အမျိုးသားရေးလက္ခဏာဆောင်သော စုဖွဲ့မှုမျိုးပေါ်ပေါက်လာရေးအတွက် ၀ိုင်း ၀န်ပြင်ဆင်ရန် ။
(၅) ၂၀၀၉ ခုနှစ် ဇူလိုင်(၃/၄)ရက်နေ့တွင်ကျင်းပခဲ့သည့်“စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမြန်မာ့ဒီမိုကရေ
စီအင်အားစုများမဟာဗျူဟာညီလာခံ”မှ ချမှတ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်(၆)ရပ်အား ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် ၊ ပြင်ဆင်ဖြည့်စွက်နိုင်ရန် ။ ထိုနိုင်ငံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်လုပ်ဆောင်နိုင်ရန် ။
(၆) ရည်မှန်းချက်များ ထမြောက်အောင်မြင်နိုင်ရေးနှင့် နိုင်ငံရေးလမ်းစဉ် မူပေါ်လစီများအား မှန်ကန်စွာဦး 
ဆောင်နိုင်သည့် နိုင်ငံရေးအရစွမ်းဆောင်မှုရှိသည့် ခေါင်းဆောင်များ၊စုဖွဲ့မှုအင်အားစုများ ပေါ်ပေါက်လာစေ ရန် ၊စသည့်ရည်ရွယ်/ဦးတည်ချက်များဖြင့် “စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင် ရာ မြန် မာ့ဒီမိုကရေစီအင်အားစုများညီလာခံ”တရပ်အားကျင်းပပြုလုပ်ခဲ့သည်။ဘတ်ဖဲလိုးညီလာခံတွင် မြောက်အမေ ရိကတိုက်ရှိ နိုင်ငံရေးအင်အားစုအသီးသီးမှ ညီလာခံကိုယ်စားလှယ်များ တသီးပုဂ္ဂလရဲဘော်များ (၁၀၀)ခန့် တက်ရောက်ခဲ့သည်။
ညီလာခံတွင်လည်း(WebConference)ဖြင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများမှရဲ ဘော်များတက် ရောက်ဆွေးနွေးခဲ့သည်။ညီလာခံမှ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်
ဒေးရှင်း (InternationalFoundation for Burma National Congress – IFBNC )ဟူသည့် အမည်နှင့်စုဖွဲ့
မှုအား ညီလာခံကိုယ်စားလှယ်များ၏သဘောတူညီမှုဖြင့် ဖွဲ့စည်းတည် ထောင်ခဲ့သည်။ အဖွဲ့၏ ဖွဲ့စည်းပုံအ
ခြေခံဥပဒေမူကြမ်းအားပြုစု၍ ဆွေးနွေးအတည်ပြုခဲ့သည် ။ ညီလာခံမှ ချမှတ်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေ ခံ ဥပဒေမူကြမ်းအားအခြေခံ၍ နောင်တွင် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်မွမ်းမံသွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။အလား တူ နိုင်ငံရေးလုပ်ငန်းကော်မတီ(၇)ရပ်ကိုလည်းဝိုင်းဝန်းဆွေးနွေးချမှတ်ခဲ့ကြ
သည်။နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အဖွဲ့အ
စည်းအသီးသီးမှ မဟာဗျူဟာ အကွဲကွဲအပြားပြားဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်နေ သမျှ အောင်ပွဲကိုလွယ်ကူစွာရနိုင်မည်မဟုတ်ဟုယုံကြည်သည်။ဤယုံကြည်ချက်ကြောင့် မိမိတို့အင်အားစု
သည် နိုင်ငံတကာသို့ ရောက်ရှိနေကြသော ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ
အနေဖြင့်တခုတည်းသောတပ်ပေါင်းစုဖြစ်ပေါ်လာရေးကို နိုင်ငံရေးအရ မျှော်မှန်းထားရှိသည့်အားလျော်စွာ တည်ရှိနေဆဲဖြစ်သော အင်အားစုများအကြား ပေါင်းကူးသဖွယ်ရပ်တည်ကာ ညီညွှတ်သောအမျိုးသား
တပ်ပေါင်းစု တစုတစည်းတည်းဖြစ်ရေးကိုဦးတည်သည့် မြန်မာအမျိုးသားကွန်ကရက်ကြီးတရပ်ဖြစ်ပေါ်
လာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ 
တချိန်တည်းတွင် စစ်အာဏာရှင်စနစ်အမြန်ဆုံးဖြုတ်ချနိုင်ရေးအတွက်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုး
ပမ်းဆောင် ရွက်သွားမည်ဖြစ်ပါသည် ။ကျွန်ုပ်တို့၏ နိုင်ငံရေးကြွေးကြော်သံဖြစ်သော “ တခုတည်းသော
တပ်ပေါင်းစု ၊ တခုတည်းသော မဟာဗျူဟာ၊ တခုတည်းသောရည်မှန်းချက်ပန်းတိုင်၊တခုတည်းသော
အောင်ပွဲဆီသို့” ရောက်ရှိရန် အသွင်အမျိုးမျိုးကွဲပြားနေသည့် အဖွဲ့အစည်းများ တသီးပုဂ္ဂလများလက်ဝဲ ၊ လင်္ကျာ အင်အားစုများအားလုံး ပါဝင်နိုင်သည့် ( နိုင်ငံတကာ မြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း - International Foundation For Burma National Congress-IFBNC )အား၊အလုပ်အမှုဆောင်အစု
(Executive Body)၊ ညွှန်ကြားရေးအစု(Directors Board Body)၊ ကိုယ်စားပြုအစု(Representative Body)စသည့်အစု(၃)စုဖွဲ့ စည်းပုံအခြေခံစနစ်ဖြင့်(၂၀၁၀)ခုနှစ်၊ မေလ(၂၃)ရက် နေ့တွင်အများသဘောတူ ဒီမိုကရေစီနည်း ကျ ညီညွှတ် စွာ ရွေးချယ်တင်မြှောက်ဖွဲ့စည်းခဲခြင်းဖြစ်ပါသည်။
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)၏ နိုင်ငံရေးလုပ်ငန်းကော်မတီ(၇)ရပ်
(၁) ပြည်တွင်းလုပ်ငန်းကော်မတီ
(၂) ဘဏ္ဍာရေးကော်မတီ
(၃) နိုင်ငံတကာဆက်ဆံရေးကော်မတီ
(၄) သတင်းပြန်ကြားရေးနှင့် စည်းရုံးရေးကော်မတီ
(၅) နိုင်ငံရေးလှုပ်ရှားမှူကော်မတီ
(၆) လူငယ်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးရေးကော်မတီ
(၇) မြန်မာအမျိုးသားကွန်ဂရက်(BNC)ပေါ်ပေါက်ရေး လုပ်ငန်းကော်မတီ တို့ဖြစ်သည် ။

ဘတ်ဖဲလိုးညီလာခံမှ အလုပ်အမှူဆောင်ဒါရိုက်တာ(၂)ဦးအား(အလုပ်အမှုဆောင်အစု) တိုက်ရိုက်ရွေး ချယ်ခဲ့ပြီး ညွှန် ကြားရေးဘုတ် အဖွဲ့(ညွန် ကြးရေးအစု) ဒါရိုက်တာ များကိုလည်း မိမိကိုယ်ကို အ ဆိုပြုရွေး ချယ်ခံခြင်းနှင့် အခြားရဲဘော်များမှ အဆိုပြု တင်သွင်းခြင်းဆိုသည့် စနစ်ဖြင့်ဖွဲ့စည်းခဲ့သည် ။ ထို့ နောက် လုပ်ငန်းကော်မ တီ(အလုပ်အမှူဆောင်ကော်မတီ)၀င်များကိုလည်းစုဖွဲ့ခဲ့သည်။အဖွဲ့ဝင်ဖြစ်လိုသူများမှာ လည်း မိမိတို့၏ သဘော ဆန္ဒအရ မိမိကိုယ်တိုင် ပင် အဆိုပြုရွေးချယ်တင်သွင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)တွင်အဖွဲ့အစည်းအလိုက်ပါဝင်ရန်အဆိုပြုတင် သွင်းကြသည့် နိုင်ငံရေးအင်အားစုများ(ကိုယ်စားပြုအစု)
(၁) ALD (USA) - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( အမေရိကန်ပြည်ထောင်စု )
(၂) ကမ္ဘာ့ရခိုင်ဖောင်ဒေးရှင်း ( World Arakan Foundation – USA )
(၃) လွတ်လပ်သောမြန်မာ့လူ့ဘောင်အဖွဲ့ (CSB)
(၄) မြန်မာကျောင်းသားများအစည်းအရုံး (ABSSF)
(၅) မြန်မာထောက်ပံ့သူများအဖွဲ့ - နယ်သာလန် (Burma Supporter –Netherlands)
(၆) မြန်မာနိုင်ငံသားများအသင်း ( Burma National Association – USA)
(၇) ကူကီးအမျိုးသားကွန်ဂရက် ( Kuki People’s Congress )
(၈) ဒီမိုကရက်တစ်လူငယ်ညီညွှတ်ရေးအဖွဲ့ချုပ် - ကနေဒါ ( United Democratic Youth League – Canada)
(၉) ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (Kuki Students Democratic Front)
အဖွဲ့ဝင်များနှင့် ဒါရိုက်တာများစာရင်း
* ပူးတွဲကြေညာချက်တွင်ကြည့်ပါရန် ။

လတ်တလောလုပ်ဆောင်ချက်များ
လုပ်ငန်းကော်မတီ(၇)ရပ်အား အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆွေးနွေးနေဆဲဖြစ်ပြီး ၊ ပြည်တွင်း/ပ နိုင်ငံရေးလှုပ်ရှား မှူများကို စနစ်တကျပြုလုပ်နိုင်ရန်စီစဉ်ဆောင်ရွက်နေသည်။ နိုင်ငံတကာ ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများတက်ကြွလှုပ်ရှားသူများအားဆက်သွယ်စုစည်း၍စုစည်းထားသော အင် အားဖြင့် နအဖစစ်အုပ်စုအားတိုက်ပွဲဝင်ရေးဟူသည့်မူကိုကိုင်စွဲ၍စည်းရုံးရေးလုပ်ငန်း များကိုလုပ်ကိုင်နေ သည် ။အချုပ်အားဖြင့်နအဖ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရအား နိုင်ငံရေးအင် အားစုများအား လုံးစုစည်း၍မည်သို့တိုက်ပွဲဝင်ကြမည် နည်းဆိုသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့(IFBNC)ကို ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။ (IFBNC)သည် နောက်ထပ်တပ်ပေါင်းစုတခုတည် ဆောက်ခြင်းမဟုတ်ချေ။ ပြည်တွင်းပြည်ပရှိ
နိုင်ငံရေးအင်အားစုများအားလုံးပါဝင်နိုင်သည့်ကွန်ဂရက်ကြီးတခုဖြစ်မြောက်အောင်ကြိုးစားတည်ဆောက်နေ
ခြင်းဖြစ်သည်ကိုရှင်းရှင်းလင်းလင်းအသိပေးပါရစေ။ထို့ကြောင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊
တိုင်းရင်းသားအင်အားစုများ၊တက်ကြွလှုပ်ရှားသူရဲဘော်များ၊တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့်မျိုးချစ်ပုဂ္ဂိုလ်များ၊ 
တတ်သိပညာရှင်များအနေဖြင့်ကျွန်ုပ်တို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)နှင့်
အတူပူးပေါင်းပါဝင်ဦး ဆောင်၍စစ်အုပ်စုအားတော်လှန်တိုက်ပွဲဝင်ကြပါရန်တိုက်တွန်းနိုးဆော်လိုက်ပါသည်။

နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း ( IFBNC )



No comments:

Post a Comment