''နိုင်ငံတကာမြန်မာ့အမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း၏ ပြည်သူသို့တင်ပြချက်"
ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်၏ ရိုးစင်းလှသည့်
အခြေခံသဘောတရားများဖြစ်သည့် လွပ်လပ်စွာရွေး ချယ်နိုင်မှု၊ တရားမျှတမှု၊ နိုင်ငံသားများ၏ဆန္ဒတူညီမှုဖြင့်အုပ်ချုပ်ခြင်း
စသည့်အခြေခံကျလှသည့် စံချိန်သဘော တရားအခြေခံများအပေါ်အခြေပြု၍ လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်များအပေါ်
မိမိတို့၏သဘောထားကို တိုင်း ပြည်နှင့်ပြည်သူလူထုကြီးထံသို့ အရိုးရှင်းဆုံးတင်ပြလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ပါတီမှတ်ပုံတင်ရန်နှင့် ရွေး ကောက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့မှုသည် သက်ဆိုင်ရာပါတီဝင်များ၏
ဆန္ဒတူဆုံးဖြတ်ချက်ဖြစ်သဖြင့် မိမိတို့အနေဖြင့် (NLD) ပါတီ၏လွတ်လပ်စွာရွေးချယ်ခဲ့မှုအဖြစ်
မှတ်ယူပါသည်။ (NLD) အနေဖြင့် လွှတ်တော်နိုင်ငံရေးဖြင့် တိုင်း ပြည်တွင် စစ်မှန်သည့်အပြောင်းအလဲဖြစ်ပေါ်နိုင်ရေး
အားထုတ်မည်ဟုစဉ်းစားပုံရပါသည်။ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီ၏ (၂၃) နှစ်တိုင်တိုင် မြန်မာ့ဒီမိုကရေစီရေးအတွက်
စွန့်လွှတ်ဆောင် ရွက်မှုများကို လေးစားအသိအမှတ်ပြုပါသည်။ ယနေ့ မြန်မာ့နိုင်ငံအမျိုးသားထုတရပ်လုံးအတွက်
အရေးကြီးလှ သည့် နိုင်ငံရေးအခင်းအကျင်းကာလ၌ နိုင်ငံတကာမြန်မာ့အမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်းအနေဖြင့်
မိမိတို့၏ အခြေခံနိုင်ငံရေးရပ်တည်ချက်နှင့်အမြင်သဘောထားကို တိုင်းပြည်နှင့်ပြည်သူလူထုကြီးအား
လွတ်လပ်ပွင့်လင်း စွာဖြင့် တင်ပြသွားပါမည်။
မိမိတို့အနေဖြင့် ဒီကနေ့လက်ရှိ လွှတ်တော်တွင်းနိုင်ငံရေးဖြင့်
တိုင်းပြည်ကို အမှန်တကယ်ဒီမိုကရေစီ အခြေခံစံတန်ဘိုးများဖြင့် တည်ဆောက်နိုင်မည်ဟု မယုံကြည်ပေ။
၎င်းခံယူချက်သည် မိမိတို့၏ လွတ်လပ်စွာ ရွေးချယ်ရပ်တည်မှုဖြစ်သည်။ မိမိတို့ရပ်တည်မှုမှန်ခြင်း၊
မှားခြင်းကို အချိန်အခါနှင့် ပြည်သူလူထုကြီးကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။ ပြည်သူသာအမိ၊
ပြည်သူသာအဖ ပြည်သူ့အကျိုးစီးပွားသည်သာ ပဓါန
အဖြစ် မိမိတို့ခံယူသည်။ လွှတ်တော်ပြင်ပမှနေ၍ ထိရောက်သည့်ဖိအားပေးနိုင်မှုများ တစုံတရာမရှိပါပဲလျက်
စစ်အာဏာရှင်ဟောင်းများအနေဖြင့် သူ့အလိုလို ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။ စစ်အုပ်စုဝင်ထိပ်တန်း ခေါင်းဆောင်များသည် အချိန်နှင့်အညီပြောင်းလဲလာသည့်
ယနေ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်အတွင်း ''၂၀၀၈ အခြေခံ
ဥပဒေတည်းဟူသောဇာတ်ရုံ၌ ၂၀၁၀ ရွေးကောက်ပွဲဟူသောဇာတ်ထုတ်ကို မျက်နှာပြောင်တိုက်ကပြခဲ့ကြသည့်
ပရိသတ်မကြိုက်သည့် ငါ့လွှတ်တော်ဇာတ်လမ်း၏ ဗီလိန်သရုပ်ဆောင်များသာ" ဖြစ်ကြသည်။
ပြည်သူ တွေလွပ်စွာရွေးချယ်နိုင်ခွင့် ဒီကနေ့အချိန်အထိမရှိသေးပေ။ စစ်အုပ်စုဝင်များကသာ
တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားပြီး ဒီမိုကရေစီဖေါ်ဆောင်တော့မလို အနှစ်သာရမဲ့စကားလုံးများဖြင့်
နိုင်ငံတကာနှင့် ပြည်သူကို လှည့်စားဟန်ရေးပြနေသည့် ကာလပင်ဖြစ်သည်။ အင်မတန်သတိထားခြေလှမ်းပြင်သင့်သည့်
နိုင်ငံ ရေးကာလဆိုလျှင်မမှားပေ။ ''တံလျှပ်ကိုရေထင်လျှင်
ရွှေသမင်" လိုဖြစ်ကိန်းဆိုက်တော့မည်ဖြစ်သည်။
ယနေ့တိုင်းပြည်၌ စစ်အုပ်စုတဖြစ်လဲ အရပ်သားအစိုးရဟူသည့်အမည်နာမအောက်၌
စစ်ဗိုလ်ဟောင်း တွေကသာ သမ္မတ၊ လွတ်တော်ဥက္ကဌ၊ ဒုသမ္မတတွေအဖြစ် ပုံစံပြောင်းပွဲထွက်လာကြသည်။ ၂၀၀၈ ဥပဒေအရ တိုင်းပြည်သမ္မတသည် စစ်ရေးအတွေ့အကြုံရှိသူဖြစ်ရမည်ဟူ၍
ပြဌာန်းထားချက်အရ စစ်သားမလုပ်ဘူးသူများ လုံးဝသမ္မတမဖြစ်နိုင်ပေ။ မြန်မာပြည်အနာဂတ်တွင်
စစ်တပ်အုပ်စုဝင်များကသာ ကြီးစိုးထားနိုင်ရေးအတွက် (၂၀၀၈) ဥပဒေဖြင့် အကာအကွယ်ယူတက်လာခြင်းသာဖြစ်သည်။
စစ်အုပ်စုနှင့် အပေါင်းအပါအကျိုးစီးပွားဖက် ဝိသမစီးပွားရေးသမားတွေကပါ ကြံခိုင်ရေးပါတီအနေဖြင့်
လွတ်တော်ထဲဝင်လာကြသည်။ လွတ်တော်ထဲမှာ အတိုက်အခံဦးရေနည်းနည်းလေးသာဖြစ်သည်။ ဒီလိုဖြစ်အောင်လည်းတမင်နည်းပေါင်းစုံသုံးထားခြင်းဖြစ်သည်။
မဲလိမ်မဲခိုးမှုများဘယ်လောက်ရှိခဲ့သည်ဆိုသည်မှာ ရွေးကောက်ပွဲဝင်ပြီး ကိုယ်တိုင် မဲခိုး၊
မဲလိမ် ခံခဲကြရသူတွေ အသိဆုံးပင်ဖြစ်သည်။ (၂၀၀၈) အခြေခံဥပဒေဆိုသည်မှာစစ်အုပ်စုကို စံနစ်တကျအကာအကွယ်ပေးထားသည့်
တရားမျှတမှုမရှိသောဥပဒေဖြစ်သည်ကို အထူးတင်ပြစရာလိုမည်မထင်ပေ။ ညောင်နှစ်ပင်ညီလာခံမှာ
ဘယ်သူ တွေတက်ခဲ့ပြီး ဘယ်လိုဒီဥပဒေကိုရေးခဲ့ကြပါသလဲ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ အထူးသဖြင့်ကချင်ကိုယ်
စားလှယ်တွေရဲ့ တင်ပြချက်တွေချောင်ထိုးခံရယုံမက ယခုကချင်တွေနဲ့ တိုက်ပွဲတွေ အကြီးအကျယ်ပြန်ဖြစ်နေ
သည်က သက်သေပြနေပြီဖြစ်သည်။ ဥပဒေကိုတန်းတူရည်တူသဘောဖြင့် စစ်မှန်သည့်တိုင်းရင်းသားကိုယ်စား
လှယ်တွေ၊ (၁၉၉၀) ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ မပြဌာန်းခဲ့ရပေ။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ
NLD မဲအပြတ်အသတ်နိုင်ခဲ့သည် သို့သော် အာဏာမရခဲ့၊ လွတ်တော်ပင် မခေါ်နိုင်ခဲ့ပါ။ (၂၀၁၀)
ရွေးကောက် ပွဲကိုပြုလုပ်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားတွေ၊ ကျောင်းသားနဲ့တိုင်းရင်းသားခေါင်း
ဆောင်တွေကို မတရားအကျဉ်းချထားပြီး စစ်အုပ်စုနှင့်ကြံ့ဖွံ့ပါတီမှ စိတ်ကြိုက်စီမံခန့်ခွဲလိုက်နိုင်သည့်
အခါ၌ လွတ်တော်တွေ၊ အစိုးရတွေချက်ခြင်းဖြစ်လာခဲ့ပေသည်။ အဆိုးဆုံးနဲ့တရား မျှတမှုမရှိဆုံးကတော့
စစ်သားတွေက အရွေးချယ်ခံစရာမလိုပဲ လွတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းကိုယ်စားလှယ်တွေယူထားပြီး ကာ ကွယ်ရေးဦးစီးချုပ်ကပေးသည့်အမိန့်အတိုင်း မည်ကာမတ္တ
မဲခွဲရလောက်အောင်ဖြစ်လာခဲ့လျှင် အဆင်သင့်မဲ
ပေးနိုင်ဘို့ လွတ်တော်ထဲ ငုတ်တုတ်ကြီးတွေလာထိုင်နေကြတာပါ။ ၎င်းလွှတ်တော်ထဲမှာ ဥပဒေပြင်ဆင်ပြ
ဌာန်းလိုပါက (၇၅) ရာခိုင်နှုန်းထောက်ခံမှပြင်လို့ရမည်ဟုဆိုပါသည်။ ''ကျားသနားမှနွားချမ်းသာရမည့်"အဖြစ်ပါ။
မည်သည့်ဒီမိုကရေစီနိုင်ငံတွင်မှ ဒီလိုမျိုးကျင့်ထုံးမရှိပါ။ (၂၀၁၀) ရွေးကောက်ပွဲ၌ လွတ်တော်နိုင်ငံရေးဖြင့်သွား
လိုသည့် ဒီမိုကရေစီလိုလားသူတချို့ ရွေးကောက်ပွဲနေရာအချို့၌ အနိုင်ရခဲ့ပါသော်လည်း လွတ်တော်ထဲမှာ
တော့ ဘာမှမယ်မယ်ရရလူထုအတွက် မစွမ်းဆောင်နိုင်ကြပါ။ ဒီအချက်တချို့ဟာ အလွန်ထင်သာမြင်သာ
ရှိလှတဲ့ အချက်တချို့ပါ။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ဒီမိုကရေစီမကျသည့်အချက်များကို
အသေး စိတ်ဆွဲထုတ်တင်ပြရမည်ဆိုပါက စာမျက်နှာပေါင်းတော်တော်များမည်ဖြစ်သည်။ စစ်အုပ်စု
အာဏာတည်မြဲနိုင် ရေးအတွက် စံနစ်တကျအကာအကွယ်ပြုထားသည့် အချက်ပေါင်းများစွာပါဝင်နေပေသည်။
''လိုအပ်လျှင် အာ ဏာသိမ်းခွင့်အထိပေးထားခြင်းကိုလည်းတွေ့ရသည်။" ဒီမိုကရေစီစံချိန်စံညွှန်းနှင့်လုံးဝမကိုက်ညီပေ
၎င်းတို့စစ် အုပ်စုစိတ်ကြိုက်တဖက်သပ်အကွက်ဆင်ရေးဆွဲထားသည့် ဥပဒေတရပ်သာဖြစ်သည်။(အသေးစိတ်ကိုအလျဉ်း
သင့်သော အချိန်တွင်တင်ပြသွားပါမည်)
ယခင်စစ်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများဆိုပြီး
ယခုဗိုလ်သိန်းစိန်၏ စစ်အုပ်စုက ဘာကြောင့်မလွှတ်ပေးရတာပါလဲ နိုင်ငံရေးသမားတွေကို မတရားထောင်ချခဲ့တာဗိုလ်သိန်း
စိန်အပါ အဝင် ယခင်စစ်ခေါင်းဆောင်တဖြစ်လဲ လွတ်တော်ဥက္ကဌတုတွေ၊ ကိုယ်စားလှယ်တုတွေဆိုသူတွေပါပဲ။
နိုင်ငံရေး အကျဉ်းသားတွေရှိတယ်ပြောလိုက်၊မရှိဘူးပြောလိုက်လွှတ်မယ်ပြောလိုက်၊မလွှတ်ပဲနေလိုက်ဒီလို
ဂတိကဝတ်မ တည်သူတွေနဲ့လွတ်တော်နိုင်ငံရေး ဘယ်လိုလက်တွဲလုပ်ဆောင်နိုင်ပါမည်လဲ။ ဒီလိုလိမ်တတ်တဲ့
သူတွေနဲ့ တိုင်းပြည်ကောင်းစားရေး လက်တွဲမရနိုင်ပါ၊ ကိုယ်ပါတရားခံထဲပါသွားနိုင်မည့်အခြေမျိုးမသိမသာ
ဆိုက်နေ ခြင်းကို ယနေ့မြန်မာ့နိုင်ငံရေးလို့မိမိတို့မခံယူပါ။ ပြည်တွင်းစစ်မီးပိုကျယ်ပြန်လာတာ
ဦးသိန်းစိန်အစိုးရ လက် ထက် တွင်ဖြစ်သည်။ စစ်တပ်ကိုဘယ်သူကအမိန့်ပေးပါသလဲ အစိုးရကအမိန်မပေးရဘူးလို့
ပြောနိုင်ပါသ လား၊ တရားမျှတမအမှုမှန် တကယ်လိုချင်ရင် ရုတ်သေးသာသာလွတ်တော်ဖြင့် မြန်မာပြည်၌
ဒီမိုကရေစီစံနစ် ကိုမဖေါ်ဆောင်နိုင်ပေ။ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူလူထုခံစားနေရသည့်
ဆင်းရဲနိမ့်ကျလှသည့် ဘဝအခြအနေများကို မှန်ကန်မြန်ဆန်စွာ ပြောင်းလဲနိုင်ရေးအတွက် လွှတ်တော်တွင်းနိုင်ငံရေးကို
ယနေ့ကာလ၌ လက်မခံနိုင်ပါ။
နိုင်ငံသားတိုင်း တရားသဖြင့် တိုင်းပြည်အကျိုးအတွက်ဆောင်ရွက်နိုင်ရန်အတွက်
လက်ငင်းလုပ်ဆောင် သွားဘို့ရာ''နိုင်ငံရေးအကျဉ်းသားများချွင်းချက်မရှိလွတ်မြောက်ရေး၊
ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းမှု အကောင်အထည်ဖေါ်ရေး၊ တိုင်းပြည်တွင် အင်အားစုအသီးသီးပါဝင်သည့်
စစ်မှန်သည့်တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်သာ တိုင်းပြည်ကို အမှန်တကယ်ငြိမ်းချမ်းစွာဖြင့်
ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်မည်ဖြစ်သည်"ဟု မိမိတို့ယုံကြည်လက်ခံပေသည်။
လက်နက်ဖြင့်ဖြေရှင်းတတ်သည့်၊ လက်နက်ဖြင့်ဗိုလ်ကျတတ်သည့် မည်သူတ ဦး၊ တဖွဲ့မျှ အနာဂတ်တိုင်းပြည်အတွက်မရှိစေရ၊
ဥပဒေအရတားဆီးပိတ်ပင်ထားရမည့် အရေးကြီးကိစ္စရပ်ဖြစ်ပေ သည်။ ယနေ့ မြန်မာပြည်တိုင်းရင်းသားလူမျိုးစုံ၏ဘဝသည်
''တောင်းတန်းမှာဒုက္ခ ပြည်မမှာမွဲပြာကျ"
အခြေ အနေဖြစ်သည်။ အိမ်နီးခြင်းနိုင်ငံများထက်ပင် များစွာပှိနိမ့်ကျသည့်လူနေမှုဘဝသို့
ရောက်ရှိနေသည်။
နိဂုံးချုပ်အားဖြင့် ငြိမ်းချမ်းသော၊ ဆင်းရဲမှုကို
အမှန်တကယ်တိုက်ဖျက်နိုင်သော၊ နိုင်ငံသားတိုင်းလူ့ အခွင့်အရေးပြည့်ဝသော၊ ပြည်သူလူထု၏လူနေမှုဘဝအာမခံချက်ရှိသော
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးအတွက် လူတိုင်းတွင်တာဝန်ရှိပေသည်ဟု
မိမိတို့အနေဖြင့် ပြည်သူလူထုကြီးကို လေးစား စွာဖြင့်တိုက်တွန်းလိုက်ရပါသည်။ မြန်မာပြည်၌ လွတ်မြောက်ရေးနှင့်၊ အခြေခံနိုင်ငံသားတိုင်းရရှိမည့်
အခွင့် အရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်နေသည့် မည့်သည့်အတိုက်အခံအဖွဲ့အစည်းဖြင့်မဆို
မိမိတို့အနေဖြင့် လုပ် ငန်းစဉ်အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ငြိမ်းချမ်းမှုမရှိသောနိုင်ငံသည်
ကမ္ဘာ့အလယ်၌ ဆင်းရဲ၊ မျက်နှာငယ်ဘဝဖြင့်သာ နေရပေအုံးမည်ဖြစ်သည်။ မိမိတို့ပြည်သူလူထုအင်အားဖြင့်
မြန်မာပြည်တွင် လူလူခြင်းဗိုလ်ကျချုပ်ကိုင်သည့်စံနစ်ဟူသမျှကို နည်းလမ်းပေါင်းစုံဖြင့်
ဆန့်ကျင်၊ တိုက်ဖျက်သွားရမည်ဖြစ်ပေ သည်။
စစ်အာဏာရှင်စံနစ် မြန်မာ့မြေမှာ အလိုမရှိ
စစ်မှန်သော ဒီမိုကရေစီအရေးတော်ပုံကြီး အောင်ရမည်။
No comments:
Post a Comment