Wednesday, April 25, 2012

IFBNC၏အမေရိကန်ကွန်ဂရက်နှင့်သမ္မတအိမ်ဖြူတော်ရှေ့မြန်မာ့ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြလှုပ်ရှားမှု

IFBNC ၏ အမေရိကန်ကွန်ဂရက်ရှေ့မြန်မာ့ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြလှုပ်ရှားမှု
မတ်လ၂၅ ၂၀၁၂၊ ၀ါရှင်တန်ဒီစီ
အောင်သန်း
”၂၀၀၈ စစ်အာဏာ အခြေပြု ဖွဲ့စည်းပုံတိုက်ဖျက်ရေးနှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ”

(မတ် ၂၅- ၂၀၁၂)
၂၀၁၂ခု၊ မတ်လ(၂၄)ရက်နေ့ စနေနေ့တွင် နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း (IFBNC) မှ ကြီးမှုး၍၊ အမေရိကန်နိုင်ငံ ၊ ၀ါရှင်တန် ဒီစီ မြို့တော်ရှိ အမေရိကန်အထက်နှင့်အောက် လွှတ်တော် လွင်ပြင်ရှေ့ပေါ်တွင် လည်းကောင်း၊ အမေရိကန်သမ္မတ အိုဘားမား ၏ အိမ်ဖြူတော်ရှေ့ တို့တွင်လည်းကောင်း မိုးရေများအကြားတွင် ဆန္ဒပြပွဲ တခု ကျင်းပပြုလုပ်ခဲ့ပါသည်။၂၀၀၈  ဖွဲ့ စည်းပုံ အတုအယောင် ဗိုလ်သိန်းစိန်စစ်အုပ်စုဖျက်သိမ်းရေး၊စစ်မှန်သောဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ၊စီး ပွားရေး ပိတ်ဆို့မှု ဆက်လက်ထားရှိရေးနှင့်နိုင်ငံတကာမှဆက်လက်ဖိအားပေးထားရေး၊ အမျိုးသား လှုပ်ရှားမှုများ ဖော်ဆောင်တိုက်ပွဲဝင်နိုင်ရေးတို့ကို ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ပါသည်။
 
ပထမအစီအစဉ်အဖြစ်ဆန္ဒပြသူများသည် အမေရိကန်နိုင်ငံ ၊ ၀ါရှင်တန် ဒီစီ မြို့တော်ရှိ အမေရိကန် အထက်နှင့်အောက် လွှတ်တော် လွင်ပြင်ရှေ့ပေါ်တွင် လည်းကောင်း၊ အမေရိကန်သမ္မတ အိုဘားမား ၏ အိမ်ဖြူတော်ရှေ့ တို့တွင်လည်းကောင်း၊ မိုးရေများအကြားတွင် ဆန္ဒပြ တောင်းဆိုပွဲ ကျင်းပပြုလုပ်ခဲ့ ကြခြင်းဖြစ်ပြီး ၊ အမေရိကန်ဆီးနိတ် နှင့် ကွန်ဂရက် လွင်ပြင်ရှေ့တွင် မွန်းလွဲ(၁)နာ ရီမှ(၃)နာရီအထိ လည်းကောင်း၊ အမေရိကန်သမ္မတ အိုဘားမား၏အိမ်ဖြူတော်ရှေ့တွင် ညနေခင်း ၄နာရီခွဲမှ(၅) နာ ရီ(၄၅)မိနစ်အထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထို ဆန္ဒပြပွဲသို့ မြောက်ကာရိုလိုင်းနား၊ဘတ်ဖဲလိုး၊နယူးယောက်မြို့၊ဘောလ်တီမိုး၊၀ါရှင်တန်မက် ထရိုဒေသ တို့မှ ဒီမိုကရေစီအင်အားစုများ ပူးပေါင်းပါဝင်လာခဲ့ကြပြီး၊ သံဃာတော်အသျှင်သူမြတ်များ၊ ကရင်အ မျိုး သားများ၊ရခိုင်အမျိုးသားများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ်လူငယ်များအပါအ၀င်(၄၀)
 ကျော်ခန့် တက်ရောက်ဆန္ဒပြခဲ့ကြပါသည်။ထိုဆန္ဒပြပွဲအစီအစဉ်တွင် ဆန္ဒပြရသည့် အကြောင်းအ ရာနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားထံသို့ လိပ်မှူု၍ IFBNC၏ ဦးရဲထွဋ်မှ အိတ်ဖွင့်စာ တစောင်ရေး သားပေးပို့ခဲ့ပြီး၊ အမေရိကန်သမ္မတ ဒုသမ္မတ ဂျိုးဇက်ဘိုင်ဒန်၊ အမေရိကန်အထက်လွှတ်တော်နိုင် ငံခြားရေး ရာကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၊ အမေရိကန်အောက်လွှတ်တော်နိုင်ငံတကာရေးရာကော်မတီဥက္ကဌ အီလီ ယန်နာ လက်တီနန်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်၊ နှင့်ဗမာနိုင်ငံဆိုင်ရာ အမေရိ ကန်အထူးကိုယ်စားလှယ် ဒါရက်မစ်ချေးလ် တို့ထံ မိတ္တူပေးပို့ခဲ့ပါသည်။ထို့အပြင်တောင်း ဆိုကြွေးကြော် သံများကို ရွတ်ဆိုခြင်း၊တက်ရောက်လာသူများမှ အသီးသီးအမှာစကားပြောကြားခြင်း၊လက်ကမ်းစာများဖြန့် ဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ထို့အပြင်နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းပုံစံများဖြင့်ညှင်းပန်း နှိပ်စက် ခံခဲ့ရပုံတို့ကို နိုင်ငံရေးအကျဉ်းသားဟောင်းကိုအောင်သန်း မှသရုပ်ဖော် ပြသသွားပါသည်။တက်ရောက် ဆန္ဒပြသူများက အောက်ပါတောင်းဆိုချက်များကို ကြွေးကြော်တောင်းဆိုသွားကြသည်ကို တွေ့ရပါသည်။

(၁)၂၀၀၈ စစ်အခြေခံ ဖွဲ့စည်းပုံတုနှင့်ကြပ်ပြေး နေပြည်တော် လွှတ်တော်တု ဖျက်သိမ်းပေးရေး၊
(၂)ကချင် အပါအ၀င် လူမျိုးစုတိုင်းရင်းသားများအပေါ် ဖိနှိပ်တိုက်ခိုက်နေမှုများအား ချက်ချင်းရပ်ဆိုင်းပေးရေး၊
(၃)ဦးမြင့်အေး၊ကိုသန့်ဇော်၊ ကိုအေးအောင်တို့အပါအ၀င် တိုင်းရင်းသားများ၊ နိုင်ငံရေးအကျဉ်း သားများ အားလုံးကို ချြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊
(၄)ဆရာတော်ဦးဂမ္ဘီရ၊ အသျှင်ဦးဥာဏ၊ ရွှေည၀ါဆရာတော်ဦးပညာသီဟ၊ လိပ်ပြာကန်ဆရာတော် ဦးဃေါသိတတို့အား မတရားအာဏာပြ လုပ်ဆောင်မှုများ အပါအ၀င် မတရားဥပဒေမဲ့လုပ်ဆောင်မှုများ ချက်ချင်းရပ်ပေးရေး၊
(၅)မြစ်ဆုံရေကာတာ စီမံကိန်းအပါအ၀င် အခြားသောတရုပ်အစိုးရ၏ ဗမာနိုင်ငံအပေါ် စီးပွားရေးခေါင်း ပုံဖြတ် အမြတ်ထုတ်မှုများအားလုံး ချက်ချင်းရပ်ဆိုင်းပေးရေး၊
(၆)အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ဆက်လုပ်ထားပေးရေး၊
(၇)အိုဘားမားအစိုးရနှင့်နိုင်ငံတကာအစိုးရများမှ ဗိုလ်သိန်းစိန်အစိုးရအပေါ်ဆက်လက်ဖိအား ပေးထားရေး၊
(၈)ဗမာတိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးအနေဖြင့် လူထုအမျိုးသားလှုပ်ရှားမှုဖော်ဆောင်ပြီး၊ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ပစ်ရေး၊အစရှိသည်တို့ကို ကြွေးကြော်သံများဖြင့်တောင်း ဆိုဆန္ဒပြခဲ့ကြပါသည်။

ဒုတိယအစီအစဉ်အဖြစ်အမေရိကန်သမ္မတ အိုဘားမား၏ အိမ်ဖြူတော်ရှေ့တွင် ညနေခင်း ၄နာရီခွဲမှ(၅)နာ ရီ(၄၅)မိနစ်အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြပြီး၊ ၀ါရှင်တန်ဒီစီမှ ဒေသခံများမှလည်းဆန္ဒပြရာ တွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပြီး၊ အစားအသောက်များနှင့်ဧည့်ခံကျွေးမွေးခဲ့ကြပါ သည်။
 

 

No comments:

Post a Comment