ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရသည့်
၃၅ နှစ်မြှောက် အမှတ်တရနေ့ နှိုးဆော်ချက်
ကျောင်းသားအပေါင်းတို့၊
လူငယ်ခေါင်းဆောင်အပေါင်းတို့
ပြည်သူအပေါင်းတို့
ယနေ့သည်…ကျောင်းသားခေါင်းဆောင်
ဆလိုင်းတင်မောင်ဦးအား ဦးနေဝင်း အာဏာရှင် အစိုးရမှ ကြိုးပေးကွပ် မျက်ခဲ့သည့် သုံးဆယ်ငါးနှစ်ပြည့်မြှောက်သည့်နေ့ဖြစ်သည်။
ယနေ့သည် မြန်မာနိုင်ငံ၏ အနာဂတ်ကြယ်တစ်ပွင့်ဖြစ် သည့် ထက်မျက်သည့် လူငယ်ခေါင်းဆောင်တဦး၊
အာဏာရှင်တို့လက်ချက်ဖြင့် ကြွေလင့်ရှုံးဆုံးသွားရ သည့်နေ့ဖြစ် သည်။ မြန်မာနိုင်ငံ ကျောင်းသား
လှုပ်ရှားမှုသမိုင်းတလျှောက်တွင် ဆလိုင်းတင်မောင်သည် ပထဦးဆုံးနှင့် လက်ရှိ ကာ လအထိတဦးတည်းသော
ကြိုးပေး သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်အပေါင်းတို့
……..
ဆလိုင်းတင်မောင်Uီးအား
သတ်ဖြတ်ပစ်ရန် ကြိုးတိုက်ထဲမှ ခေါ်ထုတ်သွားစဉ် ၎င်းက……“ရဲဘော်တို့ ငါတော့ သွား ပြီ၊ မင်းတို့
ဆက်လုပ်ကြ” ဟုအော်ဟစ်မှာကြားသွားသည်။
ဘာဖြစ်ခဲ့၍ဘာဆက်လုပ်ကြရမလဲ
ဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရ
လက်ထက်တွင် တိုင်းပြည် တစတစ ဆင်းရဲကြပ်တည်းလာနေခြင်းမှာ စနစ်မှား ယွင်းနေ မှု ကြောင့်ဖြစ်ကြောင်း။
ထို့အပြင် ၁၉၇၄ ခုနှစ်တွင် အလုပ်သမားများ အခြေခံဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြကြရာ
အလုပ် သမားနှင့်ကျောင်းသားရာပေါင်းများစွာ သေကျေခဲ့ရသည်အထိ မဆလအစိုးရမှ ပစ်ခတ်၊ သတ်ဖြတ်
ဖြိုခွင်းခဲ့ခြင်းသည် လည်း ကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ရုပ် က လာပ်ကို
ဦးနေဝင်း၏ဇနီးဒေါ်ခင်မေသန်းခြေရင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ရန်သတ်မှတ်ပေးခဲ့ခြင်းသည်လည်းကောင်း၊
ရက်စက်သော လူမဆန်သော အစိုးရ၏ မှားယွင်း သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများကမြင်ကြသည်။
မဆလ အာဏာရှင်အစိုးရ၏စနစ်မှားယွင်းနေမှုနှင့်
လုပ်ရပ်မှားယွင်း နေမှုများကိုဆလိုင်းတင်မောင်ဦးကရဲရင့် ပြတ်သား စွာပြတ်သားစွာ ဦးဆောင်ဆန့်ကျင်ခဲ့သည်။ဆလိုင်းတင်မောင်ဦးသည်
ကျောင်းသားလှုပ်ရှားမှုသမိုင်း တွင်ထင်ရှား သည့် ဦးသန့်ဇာပနအရေးအခင်း(၁၉၇၄)၊ ၁၉၇၅
ခုနှစ် အလုပ်သမားသပိတ် နှစ်ပတ်လည်နေ့အထိန်းအမှတ်အရေး အခင်းများကို ဦးဆောင်ခဲ့သူ၊ ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ရာပြည့် ရေးခင်း(၁၉၇၆)ဖြစ်မြှောက်ရေးကိုစီစဉ်ခဲ့သူ အဓိက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။
ဆလိုင်းတင်မောင်ဦးအား
အာဏာရှင်ကုလားထိုင်ကိုအပြီးအပိုင်ရိုက်ချိုးပစ်နိုင်စွမ်းရှိသူအဖြစ် မဆလအာဏာရှင် အစိုးရက
မြင်ပုံရသည်။ ထို့ကြောင့် မှိုင်းရာပြည့်ချီတက်ပွဲ မတိုင်မီတရက်အလိုတွင် မဆလ စစ်အစိုးရမှ
၎င်းအား ဖမ်း ဆီးလိုက်ပြီး၊ သုံးလခန့်အတွင်း အင်းစိန်အကျဉ်းထောင်တွင်း၌ သေဒဏ်အမိန့်ချမှတ်ကာ
လက်လွတ်စ ပယ် ကြိုးပေးသတ်ဖြတ်လိုက်လေသည်။အာဏာရှင်အစိုးရမှအကြောက်လွန်ကာ လက်ဦးမှုရယူသတ်ဖြတ်လိုက်ခြင်းဖြစ် သည်။ကျောင်းသားခေါင်းဆောင်တစ်ဦးအားသတ်ဖြတ်လိုက်ရုံဖြင့်၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးထောင် ချထားလိုက် ခြင်းဖြင့်မမှန်ကန်သည့်စနစ်ကြီးသည်အာဏာရှင်များမျှော်လင့်ထားသလို ရာသက်ပန်တည်တံ့သွား မည်မဟုတ်။
ဆလိုင်း တင်မောင်ဦးမှာကြားချက်နှင့်ကိုက်ညီစွာ ကျန်ရှိသည့်ကျောင်းသားထုက ဆက်လက်ဆန့် ကျင်လုပ်ဆောင်နေမည်သာဖြစ်
သည်။ ကျောင်းသားများဦးဆောင်သည့် ၈၈၈၈ အရေးတော်ပုံကြီးဖြင့် မဆလ တစ်ပါတီ စနစ်ဆိုးကြီးအား
အမြစ်မှလှန် ဖြို ဖျက်ပစ်ခဲ့ ခြင်းဖြင့်လည်း သက်သေပြခဲ့ပြီးဖြစ်သည်။ယနေ့ စစ်အုပ်စု က ပြည်သူလူထုအား
မျက်နှာပြောင်တိုက်လိမ်ညာနေသည်၊ ဖိနှိပ်ခြိမ်းခြောက်မှုများယခင်ကထက်ပိုမိုလုပ်ဆောင်
နေသည်၊
ဟန်ပြမက်လုံးပေး၍ပြည်သူ့ညီညွတ်မှုကို သပ်လျှိုဖြိုခွဲနေသည်။ ဤလုပ်ဆောင်မှုများဖြင့်
စစ်တပ်ကြိုး ကိုင် အာဏာရှင် အစိုးရစနစ်ကိုတည်ဆောက်နေသည်။ ဤစနစ်သည် စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်း
သာကောင်းစား၊ ချမ်းသာနိုင် သည့်စနစ်ဖြစ်ပြီး၊ တိုင်းပြည်နှင့်ပြည်သူတရပ်လုံးအတွက်မူ၊
အကြောက်တရားလွမ်းမိုးခံရမှုဆင်းရဲ မွဲတေ မြဲ မွဲတေနေစေမည့် စနစ်ဆိုးသာဖြစ်သည်။ ဤစစ်ဗိုလ်ချူပ်အသိုင်းအဝိုင်းကောင်းစားရေး
စနစ်ကြီးအား ဆက်လက်ဆန့်ကျင်ဖြိုဖျက် သွားကြရမည် ဖြစ်သည်။
ခေါင်းဆောင်အပေါင်း၊ လူငယ်အပေါင်း၊
ပြည်သူလူထုအပေါင်းတို့
- ဘဝနောက်ဆုံးအချိန်ထိ
ခံယူချက်ကို မြဲမြန်စွာကိုင်စွဲထားသည့်- ရဲဘော် ဆလိုင်းတင်မောင်ဦး၏ သတ္တိ
- “မင်းတို့ရဲ့စစ်ဖိနပ်အောက်မှာ
ဘယ်တော့မှ ဒူးမထောက်ဘူးကွ” ဆိုသည့် ရဲဘော်ဆလိုင်း တင်မောင်ဦး၏ သံမဏိစိတ်ဓါတ်
- “ရဲဘော်တို့
ငါတော့သွားပြီ မင်းတို့ဆက်လုပ်ကြ” ဆိုသည့် ရဲဘော်ဆလိုင်းတင်မောင်ဦး၏ ကြိုးစင်ပေါ်အတက်
မှာကြားချက်များကို နှလုံးမူလျှက်
ဤစစ်ဗိုလ်ချူပ်အသိုင်းအဝိုင်းကောင်းစားရေး
စနစ်ဆိုးကြီးအား၊ တွေဝေယိမ်းယိုင်းမှုမရှိဘဲ၊ ဒူးမထောက် လက် မမြှောက်ဘဲ၊ စုစည်းညီညွတ်စွာ
စဉ်ဆက်မပြတ် တိုက်ပွဲဝင်သွား ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်သည်။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
ရဲဘော်ဆလိုင်းတင်မောင်ဦးအား
အလေးပြုလျှက်-
ရက်စွဲ……
လေးစားစွာဖြင်
No comments:
Post a Comment