Monday, April 23, 2012

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမြန်မာ့ဒီမိုကရေစီအင်အားစုများမဟာဗျူဟာညီလာခံဖိတ်စာ

သို့-
 နေ့စွဲ - မေလ(၂၅)ရက် ၂၀၀၉ ခုနှစ်

ဒီမိုကရေစီလိုလားသော တိုင်းရင်းသားလူမျိုးစုံညီအကိုများ၊
အဖွဲ့အစည်းများ၊မိတ်ဆွေများ၊ရဲဘော်များ….။

အကြောင်းအရာ။ ။ “စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ မဟာဗျူဟာညီလာခံ” တက်ရောက်ရန်ဖိတ်ကြားခြင်း။

အထက်ပါအကြာင်းအရာနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုရောက် ဒီမိုကရေစီတိုက်ပွဲ ဝင်ရဲဘော်ညီအကိုများ၏ ၂၀၀၉ခုနှစ်ဧပြီလ(၁၄)ရက်နေ့မှ မေလ(၁၆)ရက်နေ့အထိ ကျင်းပ ခဲ့သော တယ်လီဖုန်းဆွေးနွေပွဲများမှ လက်ရှိဖြစ်ပေါ်နေသော မျက်မှောက်မြန်မာ့နိုင်ငံရေးအ ခြေအနေအရ ညီလာခံတရပ်ကျင်းပရန် လိုအပ်လျှက်ရှိသည်ဟု တညီတညွတ်တည်း ဆုံး ဖြတ်ခဲ့ကြပါသည်။
၎င်းညီလာခံကို..
-၂၀၁၀ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်ရေး။
-စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး။
-ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
ဟူသော အခြေခံနိုင်ငံရေးဦးတည်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အ ထက်ပါ အခြေခံမူ(၃)ချက်ကိုလက်ခံသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ ရဲဘော်များကို မဆိုဤညီလာခံသို့ တက်ရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်အချိန်။ ။နံက်(၉)နာရီမှ ညနေ(၆)နာရီ
ကျင်းပမည့်နေ့ရက်။ ။ ၂၀၀၉ခုနှစ် ဂျူလိုင်လ (၃)ရက်၊(၄)ရက်
ကျင်းပမည့်နေရာ။ ။ နယူးယောက်(ယူတီကာ)
ဆက်သွယ်ရန်လိပ်စာ။ ။ conferenceusa2009@gmail.com (၀၁-၅၁၈-၂၀၉-၆၅၃၆) (၀၁-၅၁၈-၃၆၄-၄၅၆၅) (၀၁-၃၄၇-၂၂၆-၀၅၇၂)
( ညီလာခံဖြစ်မြောက်ရေးကော်မတီ)

No comments:

Post a Comment