နိုင်ငံတကာမြန်မာအမျိုးသားကွန်ကရက်ဖောင်ဒေးရှင်း
၁၆ရက်၊စက်တင်ဘာလ၊၂၀၁၁ခုနှစ်
သံဃာ့အရေးအခင်းလေးနှစ်ပြည့်ဆန္ဒပြပွဲအပေါ်သဘောထားထုတ်ပြန်ချက်
၁။ ။ယနေ့နံက်ပိုင်းကသံဃာ့အရေးအခင်းလေးနှစ်ပြည့်ဆန္ဒပြပွဲတရပ်၊
ရန်ကုန်မြို့တွင်ဖြစ်ပွား ခဲ့ သည် ဟုမြန်မာသတင်းဌာနများမှတဆင့်ကြားသိရပါသည်။
၂။ ။ဤဆန္ဒပြလှုပ်ရှားမှုသည်
လက်ရှိ ဗိုလ်သိန်းစိန်၏ အယောင်ဆောင်စစ်အုပ်စုနှင့် အတုအ ယောင် နိုင်ငံရေးအခင်းအကျင်းများကို
ဖြေချပြလိုက်သည့်လူထုလှုပ်ရှားမှုငယ်တရပ်ဖြစ်သည်ဟုခံ စားမိပါ သည်။
၃။ ။မည်သို့ပင်လိမ်လည်ဖိနှိပ်အုပ်ချုပ်စေကာမူ
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် တစိုက်မတ် မတ်ကြိုးပမ်းဆောင်ရွက်နေသော မြန်မာပြည်သူလူထုကြီး၏ဒီမိုကရေစီရရှိရေးကြိုးပမ်း
ဆောင်ရွက်မှု ကို ဟန့်တားချေဖျောက်၍ရမည်မဟုတ်ကြောင်းသက်သေပြလိုက်ခြင်းလည်းဖြစ် ပေသည်။
၎။ ။အချို့သောကိုယ်ကျိုးရှာစီပွားရေးလုပ်ငန်းရှင်များ၏
တဖက်သတ်စီပွားရေး ဖိအား ပေး မူဝါဒ များ အောက်တွင်၊ အတုအယောင် ဒီမိုကရေစီ နိုင်ငံရေး
လမ်းစဉ်များကို တက်သုတ်ရိုက် ဖော်ဆောင် နေပြီး၊ နည်းလမ်းပေါင်းစုံသုံးကာနိုင်ငံတကာအသိုင်းအ၀ိုင်းတွင်
တရားဝင်ရပ်တည်မှုရရှိရေးအတွက် လိမ်လှည် ဖန်တီးလုပ်ဆောင်နေသော ဗိုလ်သိန်းစိန်စစ်အုပ်စုအား
ဤကဲ့သို့သောစုပေါင်းလှုပ်ရှားမှု (Collective Action)ဖြင့် လူထုလှုပ်ရှားမှုကြီး(People
Power Movement) ပေါ်ပေါက်လာအောင် ဖော်ဆောင် တိုက်ပွဲဝင် သွားကြမှ သာလျှင်ပြည်သူလူထုတရပ်လုံး
လိုလား တောင်တနေသော၊ လွတ်လပ်မှု၊ တရားမျှတမှု၊ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိမှာဖြစ်
ကြောင်း ယုံကြည်မိပါသည်။
၅။ ။သို့ဖြစ်ပါ၍ ကျွန်ုပ်တို့IFBNCအနေဖြင့်
ဤလှုပ်ရှားမှုသည်မှန်ကန်သောလှုပ်ရှားမှုဖြစ်သလို၊ ဤလှုပ်ရှားမှုကိုဦးဆောင်ပြုလုပ်ခဲ့သူများနှင့်ပါဝင်လှုပ်ရှားခဲ့ကြ
သော ရဟန်းရှင်လူကျောင်း သား ပြည်သူအပေါင်းတို့ကို ဦးညွတ်ထောက်ခံဂုဏ်ပြုလိုက်ပါသည်။
အမှုဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ရက်ဖောင်ဒေးရှင်း
No comments:
Post a Comment