Friday, April 20, 2012

အမေရိကန်သမ္မတကြီး အိုဘားမား၏ မြန်မာစစ်ရာဇ၀တ်ကောင်များဖေါ်ထုတ်ရေး တောင်းဆိုချက်အပေါ် IFBNC ၏ ထုတ်ပြန်ကြေညာချက်

အမေရိကန်သမ္မတကြီး အိုဘားမား၏ မြန်မာစစ်ရာဇ၀တ်ကောင်များဖေါ်ထုတ်ရေး တောင်းဆိုချက်အပေါ်
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ ။ ။ သြဂုတ်လ(၂၄)ရက် ၊ ၂၀၁၀
၁။ ၂၀၁၀ ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့တွင် အမေရိကန်သမ္မတကြီး အိုဘားမားမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် မြန်မာစစ်အ စိုးရသည် စစ်အုပ်ချုပ်ရေးကာလ(၂၂)နှစ်အတွင်း မြန်မာပြည်သူများအပေါ်ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှူများနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ရာဇ၀တ်မှူများအား စုံစမ်းစစ်ဆေးဖေါ်ထုတ်အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂမှ အထူးစုံစမ်းစစ် ဆေးရေးကော်မရှင်တရပ်ဖွဲ့၍ ဆောင်ရွက်နိုင်ရန် အကူအညီပေးမည်ဟု ဆုံးဖြတ်ခဲ့ပါသည် ။
၂။ အမေရိကန်ပြည်သူတရပ်လုံးအား ကိုယ်စားပြုသည့် အမေရိကန်သမ္မတကြီးအိုဘားမား၏ ထိုကြေညာချက်သည် စစ်အုပ်ချုပ်ရေး ကာလ(၂၂)နှစ်တာကာလအတွင်း လက်နက်အားကိုးဖြင့် တိုင်းပြည်ကိုအဓမ္မအုပ်ချုပ်နေပြီး အပြစ်မဲ့ကျောင်းသား ကျောင်းသူများ အ ရပ်သားများ နိုင်ငံရေးသမားများ ရဟန်းသံဃာများနှင့် တိုင်းရင်းသားပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်နေခြင်းသည် အထင်အ ရှားဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် မြန်မာစစ်အစိုးရသည် စစ်ရာဇ၀တ်ကောင်များဖြစ်ကြောင်း အတိအလင်း ထုတ်ဖေါ်လိုက်ခြင်းပင်ဖြစ်သည် ။
၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ပြစ်မှူကျူးလွန်မှုနှင့်သက်ဆိုင်သည့် ထိပ်တန်းစစ်ခေါင်းဆောင်အားလုံးကို ကုလသမဂ္ဂမှ ဆိုး သွမ်းခေါင်းဆောင် စစ်ရာဇ၀တ်ကောင်များအဖြစ် စုံစမ်းစစ်ဆေး အရေးယူသင့်သည်ဆိုသည့် အမေရိကန်သမ္မတကြီး၏ ထိုကြေညာ ချက်သည် အလွန်မှန်ကန်၍ လျှော်ကန်သင့်မြတ်သည့် ကြေညာချက်အဖြစ် မိမိတို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေး ရှင်း(IFBNC)အနေဖြင့် ထောက်ခံကြိုဆိုပါသည် ။
၎။ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် ၁၉၈၈ ခု ပြည်လုံးကျွတ် လူထုအုံကြွမှူကြီးကို စစ်အစိုးရမှ စစ်တပ်အင်အားကိုအသုံးချ၍ ဖြိုခွင်းခဲ့ရာ ကျောင်းသူ ကျောင်းသားများ ရဟန်းသံဃာများအပါအ၀င် အပြစ်မဲ့အရပ်သား (၃၀၀၀)ကျော် သေဆုံးခဲ့သည့် သမိုင်းမှတ်တမ်းသည် မြန်မာစစ်ခေါင်းဆောင်များ စစ်ရာဇ၀တ်မှူကျူးလွန်ခဲ့သည့် ပ ထမဦးဆုံး သမိုင်းသက်သေတခုဖြစ်သည် ။
၅။ သက္ကရာဇ်(၂၀၀၃)ခု မေလ(၃၀)ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များ အထက်ဗမာပြည်သို့ ပါတီစည်းရုံးရေးခရီးထွက်ရာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးမြို့အနီးရှိ (ကျီရွာ)တွင် အ ဏာရှင်စစ်ဗိုလ်ချုပ်များ၏ လက်ကိုင်တုတ်များဖြစ်သည့် စွမ်းအားရှင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့မှ ဒုတ်၊ဓါး၊၀ါးချွန် လက်နက်မျိုးစုံဖြင့် လမ်း ခရီးမှ တားဆီးလုပ်ကြံသတ်ဖြတ်ခဲ့ရာ ဦးတင်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ(၁၀၀)ခန့် သေဆုံးခဲ့သည် ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အချိန်မှီထွက်ပြေးတိမ်းရှောင်ခဲ့၍ အသက်ဘေးမှ သီသီကလေးလွတ်မြောက်ခဲ့သည် မှာ အဏာရှင်စစ်ဗိုလ်ချုပ်ကြီးများ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှူမြောက်သည့် ဒုတိယမြောက်သမိုင်းသက်သေဖြစ်သည် ။
၆။ သက္ကရာဇ်(၂၀၀၇)ခု စက်တင်္ဘာလတွင် လောင်စာဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ပြည်သူလူထု ၏ အကြပ်အတည်းများကို ဖြေရှင်းပေးရန် မြန်မာပြည်တ၀ှမ်းမှ ရဟန်းသံဃာထောင်ပေါင်းများစွာသည် လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ တောင်းဆိုခြင်း မေတ္တာပို့ခြင်းများဖြင့် ဆန္ဒဖေါ်ထုတ်ရာ စက်တင်္ဘာလ(၂၇)ရက်နေ့တွင် အာဏာရှင်စစ်ဗိုလ်ချုပ်များသည် စစ်တပ်ကို အ သုံးပြု၍ သတ်ဖြတ်ဖြိုခွင်းခဲ့ရာ ရဟန်းသံဃာ(၇၀ မှ ၁၀၀)ခန့် သေဆုံးခဲ့သည်မှာ အာဏာရှင်စစ်ဗိုလ်ချုပ်များ၏ တတိယမြောက်ကျူး လွန်ခဲ့သည့် စစ်ရာဇ၀တ်မှူ သမိုင်းသက်သေဖြစ်သည် ။
၇။ ပြည်တွင်းစစ် အနှစ်(၆၀)ကျော်ကာလအတွင်း မြန်မာနိုင်ငံတိုင်းရင်းသားများနေထိုင်သည့် ဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ ကရင်နီပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့်ဒေသများတွင် အာဏာရှင်စစ်ဗိုလ်ချုပ်များ၏ ကွပ်ကဲမှု လက်အောက်ရှိ စစ်တပ်များသည် အပြစ်မဲ့ရွာသားများကို အကြောင်းမဲ့သေနတ်ဖြင့်ပစ်သတ်ခြင်း ၊ တိုင်းရင်းသူအမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ၎င်းတို့နေထိုင်ရာကျေးရွာများကို အဓမ္မရွှေ့ပြောင်းခိုင်းခြင်း၊ နေအိမ်များနှင့် တောင်ယာစိုက်ခင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ တိုင်းရင်းသားများပိုင် ပစ္စည်းများကို အဓမ္မသိမ်းယူခြင်း ၊ စစ်မြေပြင်အတွက် အဓမ္မပေါ်တာဆွဲခိုင်းခြင်း ၊ လူသားများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းစသည့် စစ်ရာ ဇ၀တ်မှူများကို စစ်အာဏာရှင်ဗိုလ်ချုပ်နေ၀င်းနှင့် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုပ်ချုပ်သည့် ကာလနှစ်ခုစလုံးတွင် စစ်ရာဇ၀တ်မှူ အမျိုး ပေါင်းများစွာ ကျူးလွန်ခဲ့ကြသည်မှာ အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးများ၏ စတုတ္ထမြောက် စစ်ရာဇ၀တ်မှူသက်သေဖြစ်သည် ။
၈။ စစ်အာဏာရှင် စစ်ရာဇ၀တ်ကောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်တစုသည် အထက်ဖေါ်ပြပါ စစ်ရာဇ၀တ်မှူများမှ လွတ် မြောက်ခြင်းအချို့ငှာ ခါးပိုက်ဆောင်ကိုယ်စားလှယ်များဖြင့် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံကိုအတည်ပြု၍ မိမိတို့ကိုယ်ကို မိမိတို့ လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ပြန်သည်။ ယခုအခါတွင် တရားမျှတမှုလုံးဝမရှိနိုင်သည့် အတုအယောင်ရွေးကောက်ပွဲကို (၂၀၁၀)ခုနှစ် နိုဝင်္ဘာလ(၇)ရက်နေ့တွင် ကျင်းပ၍ တရားဝင်အစိုးရအဖြစ် ဆက်လက်အုပ်ချုပ်ရန် စိုင်းပြင်းလျက်ရှိသည် ။
၉။ ထို့ကြောင့်မိမိတို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC )အနေဖြင့် အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် ကုလသ မဂ္ဂ ခေါင်းဆောင်များ ဥရောပသမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင်များ အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များအားလုံးကို အထူးတောင်းဆိုလိုသည်မှာ..။
(၁) အမေရိကန်သမ္မတ အိုဘားမားတင်ပြသည့် မြန်မာစစ်ရာဇ၀တ်ကောင်များ ဖေါ်ထုတ်အရေးယူဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂမှ စုံစမ်းစစ် ဆေးရေး အထူးကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းပေးရန် ။
(၂) စစ်ရာဇ၀တ်ကောင် မြန်မာစစ်ဗိုလ်ချုပ်များအား အပြည်ပြည်ဆိုင်ရာ တရားရုံးတော်၌ အမြန်ဆုံးတရားဆွဲဆိုပေးရန် ။
(၃) နအဖစစ်အစိုးရပြုလုပ်မည့် (၂၀၁၀)ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိမှတ်မပြုရန်၊ (၂၀၁၀)ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အစိုး ရအား လုံးဝအသိမှတ်မပြုရန်နှင့် (၂၀၁၀)ရွေးကောက်ပွဲအား တရားဝင်ကန့်ကွက်ပေးရန်တို့ကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလိုက်ပါသည် ။
အလုပ်အမှူဆောင်ကော်မတီ
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)
http://www.ifbnc.org/

No comments:

Post a Comment