Friday, April 20, 2012

ဒုတိယ ပင်လုံညီလာခံကြီး ခေါ်ယူကျင်းပသွားရန် သံဓိဌာန်ချဆုံးဖြတ်မှုကို IFB NC မှ ကြိုဆိုထောက်ခံကြောင်းထုတ်ပြန်ကြေညာချက်

ဒုတိယ ပင်လုံညီလာခံကြီး ခေါ်ယူကျင်းပသွားရန် သံဓိဌာန်ချဆုံးဖြတ်မှုကို  နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း ( IFB NC ) မှ ကြိုဆိုထောက်ခံကြောင်းထုတ်ပြန်ကြေညာချက်
နေ့ စွဲ အောက်တိုဘာ ၂၆၊ ၂၀၁၀
(၁) အောက်တိုဘာလ(၂၄)ရက်နေ့ ဇိုးမီးအမျိုးသားကွန်ဂရက်၏ (၂၂)နှစ်မြောက်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များ ၊ နိုင်ငံရေးအင်အားစုများမှခေါင်းဆောင်များနှင့် ဒီမိုကရေစီရရှိရေးလှုပ်ရှားသူများ ပေါင်းစည်း၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မှန် ကန်သောဦးဆောင်မှု ညီညွှတ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်ရေး ၊ ၂၀၀၈ အခြေခံဥပဒေနှင့်အညီကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲ သည် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကို ဖေါ်ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် ဆန့်ကျင်ကန့် ကွက်ကြောင်း ၊ ထို့ကြောင့် နိုင်ငံရေးအရအဓိပ္ပါယ်ရှိသည့် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူ မျိုးတိုင်း တန်းတူအခွင့်အရေးကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံကြီး အား ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း သံဓိဌာန်ချဆုံးဖြတ်မှုကို မိမိတို့ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း ( IFB NC ) မှ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည် ။
(၂) မိမိတို့အင်အားစု၏ နိုင်ငံရေးအခြေခံမူများမှာ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံကျင်းပသည့် (၂၀၁၀) ရွေးကောက်ပွဲ အားဆန့်ကျင်တိုက်ဖျက်ရေး၊ စစ်အုပ်စုအားထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး(နည်းလမ်းပေါင်းစုံ)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးပင်ဖြစ်သည် ၊ ထို့အပြင် နိုင်ငံရေးရည်မှန်းချက်အဖြစ်  ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများအား လုံး တမျိုးသားလုံးလက္ခဏာဆောင်သည့် စုစည်းမှုမျိုးဖြင့်စုစည်းရေး စုစည်းထားသောအင်အားဖြင့် စစ်အာဏာရှင်စနစ်အားဖြုတ်ချရေး ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရေးဖြစ်သည် ။  ထို့ကြောင့် ပြည်တွင်းပြည်ပရှိ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားနေကြသော နိုင်ငံရေးအင်အားစုများအားလုံးပါဝင်နိုင်သည့်  မြန်မာအမျိုးသားကွန်ဂရက်ကြီးတရပ် (တနည်းအားဖြင့်) အမျိုး သားညီညွှတ်ရေးတပ်ပေါင်းစုကြီးတရပ်စုဖွဲ့နိုင်ရန် ကမကထပြု၍ ဆော်သြစည်းရုံးနေခြင်းပင်ဖြစ်သည် ။ ထိုသို့ နိုင်ငံရေးအရ ဆော်သြ တင်ပြမှုကို ဥရောပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ သဘောတူလက်ခံခဲ့ပြီးဖြစ်သလို သြစတြေးလျနိုင်ငံရှိ ဒီမိုကရေစီအင် အားစုများမှလည်း ထောက်ခံ၍ မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီဖြစ်သည် ။
(၃) ပင်လုံညီလာခံ၏ အနှစ်သာရသည် ပင်လုံစိတ်ဓါတ် ( စုစည်းညီညွှတ်သော ၊ အတူတကွလက်တွဲလုပ်ကိုင်သော ပြည်ထောင်စုစိတ် ဓါတ်)ပင်ဖြစ်သည် ။ ပင်လုံစိတ်ဓါတ်ကြောင့် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည် ။ ထိုသို့ စုစည်းညီညွှတ်သော အင် အားစုများအားလုံး အတူတကွလက်တွဲလုပ်ကိုင်သော ပင်လုံစိတ်ဓါတ်ဖြင့် ဦးတည်ကျင်းပမည့် ဒုတိယပင်လုံညီလာခံသည် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုစနစ်တည်ဆောက်ရေးဆီသို့ တက်လှမ်းနိုင်လိမ့်မည်ဟု မိမိတို့မှ အပြည့်အ၀ယုံကြည်ပါသည် ။
(၄) မိမိတို့အနေဖြင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရေး စစ်အုပ်စု၏ (၂၀၁၀)ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ရေးတိုက်ပွဲများတွင် ဟန်ချက်ညီညီ ပူးပေါင်းတိုက်ပွဲဝင်သွားရန် ပြင်ဆင်လုပ်ဆောင် နေလျက်ရှိပါသည် ။ တချိန်တည်းတွင် ကိုယ့်လူကိုယ်စု ကိုယ့်အလံကိုယ်ထောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျဲကျဲကွဲကွဲတိုက်ပွဲဝင်၍မရ  ပြည်တွင်းပြည်ပ အင်အားစုများအားလုံး စုစုစည်းစည်း ညီညီညွှတ်ညွှတ်ဖြင့် အမျိုးသားရေးတာဝန်ကို လက်တွဲထမ်းဆောင်ကြပါရန် လည်း တိုက်တွန်းနိုးဆော်လိုက်ရပါသည် ။
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress ( IFBNC )
<ifbncexecutive@gmail.com>

No comments:

Post a Comment