Wednesday, April 25, 2012

“မြန်မာ့အမျိုးသားကွန်ဂရက်ကြီး(BNC) ဖွဲ့စည်းရေးဆိုင်ရာ စည်းရုံးရေးစာတမ်း”


“မြန်မာ့အမျိုးသားကွန်ဂရက်ကြီး (Burmese National Congress) BNC
ဖွဲ့စည်းရေးဆိုင်ရာ စည်းရုံးရေးစာတမ်း”
(နေ့စွဲ ။ ။ အောက်တိုဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ်)
နိဒါန်း။
ဒီကနေ့မြန်မာနိုင်ငံရဲ့ အဓိကပြဿနာများကတော့ စစ်မှန်သောဒီမိုကရေစီစံနစ်တည်ဆောက်ရေး၊
စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် စစ်မှန်သောပြည်ထောင်စုစံနစ်တခုတည်
ဆောက်ရေးဆိုတဲ့ ပြဿနာများကို ဖြေရှင်းနေရတဲ့ကာလပါ။ တဆက်တည်းမှာ ၎င်းပြဿနာတွေ
ကို တဘက်ကဖြေရှင်းဘို့ကျိုးစားနေရသလို အခြားတဘက်မှာလည်း စစ်အုပ်စုအဆက်ဆက်ရဲ့
နှစ်ပေါင်းမြောက်များစွာ တိုင်းပြည်ကို တပါတီအာဏာရှင်စံနစ်၊ စစ်အာဏာရှင်စံနစ်တို့နဲ့ အုပ်စိုး
နေမှုကို တိုက်ဖျက်နေရတ့ကဲာလလည်းဖြစ်ပါတယ်။ ဒီတော့ ဒီမိုကရေစီရေး။ ပြည်တွင်းငြိမ်းချမ်း
ရေး။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ အမိမြန်မာနိုင်ငံအား တိုးတက်
ခေတ်မှီဖြွံဖိုးသော၊သာယာဝပြောသော၊စည်းလုံးညီညွတ်သော၊ ကမ္ဘာ့အဆင့်မှီ ရင်ဘောင်တန်းနိုင်
သည့် နိုင်ငံတော်ကြီးတရပ်အဖြစ် တည်ဆောက်နိုင်ဘို့အလို့ငှာ အဓိကအတားအဆီးဖြစ်နေသည့်
စစ်အစိုးရ၊ စစ်အာဏာရှင်စံနစ်၊ စစ်ဗျူရိုကရက်ယန္တယားတို့၏ကိုယ်စားလှယ် တတိုင်းပြည်လုံးကို
ဗိုလ်ကျအုပ်စိုးနေသည့် နအဖစစ်အုပ်စုကို ဦးတည်တိုက်ပွဲဝင်နေရသော ကာလဖြစ်သည်။
ယနေ့ကာလတွင် အာဏာသိမ်းစစ်အုပ်စုသည် တိုင်းပြည်အာဏာကို နှစ်ပေါင်းနှစ်ဆယ်ကျော်မ
တရားသိမ်းယူထားလျှက် ၁၉၉၀ ခုနှစ်က ၎င်းတို့ကိုယ်တိုင်ကတိကဝတ်ပြု၍ ကျင်းပပေးခဲ့သော
ရွေးကောက်ပွဲ၌ ပြည်သူလူထုကြီးတရပ်လုံး၏ ပြတ်ပြတ်သားသားထောက်ခံမှုဖြင့် (အထူးသဖြင့်
တပ်မတော်သားအများစုကြီး) ကပါ အားပေးထောက်ခံခဲ့သော NLD အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်၏ တခနဲ က်အနိုင်ရခ့သဲ ည့်ရွေးကောက်ပွဲရလဒ်ကို ဗြောင်မျက်ကွယ်ပြုလျှက် အတိုက်အခံ
ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ၊ကျောင်း
သားပြည်သူတရပ်လုံးကို နှစ်ပေါင်းများစွာ ဖမ်းဆီးနှိပ်စက်၊ အကြပ်ကိုင်ခြိမ်းခြောက် ဖိနှိပ်ထောင်
ချထားလျှက် ပရိယာယ်ပေါင်းများစွာကျင့်သုံးကာ ၎င်းတို့စစ်အုပ်စုနှင့် အပေါင်းအပါတစုကောင်း
စားရေးကိုသာ အစဉ်တစိုက်ဆောင်ရွက်လျှက်ရှိသည်။ ဒီကနေ့ တိုင်းပြည်တွင် စစ်အုပ်စုနှင့်အ
ပေါင်းအပါတစုသာ လူချမ်းသာများ၊ အာဏာအခွင့်ထူးခံများအဖြစ်ရှိနေလျှက် တိုင်းပြည်ရှိ ပြည်သူ
လူထုအများစုကြီးတရပ်လုံးမှာ အင်မတန်ဆင်းရဲကြပ်တည်းနေပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်
နေရသည့် ဘဝအခြေအနေများကို ရင်ဆိုင်နေကြရသည်။
နအဖ စစ်အုပ်စု၏ တိုင်းပြည်အာဏာကို မတရားဆက်လက်ချုပ်ကိုင်ထားနေခြင်းမှာ အာဏာနှင့်
ကိုယ်ကျိုးလောဘရမက်ကြောင့်သာဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ၎င်းတို့စိတ်ကြိုက်ဦးစီးကျင်းပ
ခ့ေဲ သာ ညောင်နှစ်ပင်ညီလာခံမှ စစ်အုပ်စု၏အုပ်စိုးမှုကို တဖက်သတ်အကာအကွယ်ပေးထားသည့်
အခြေခံဥပဒေတရပ်ကို အတင်းသွတ်သွင်းချမှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၌ တိုင်းပြည်အတွင်း နာဂစ်မုန်
တိုင်းကြီးကြောင့် ဘေးဒုက္ခကြုံတွေ့နေကြရသည့် ကာလမှာပင်လျှင် ပြည်သူလူထုကြီးကို အဓမ္မ
အကြပ်ကိုင်ထောက်ခံမဲရအောင် နည်းမျိုးစုံသုံးလျှက် အတည်ပြုခိုင်းခဲ့ကြပါသည်။ ၎င်းတို့၏ရည်
ရွယ်ချက်မှာ အာဏာကိုဆက်လက်ချုပ်ကိုင်ထားနိုင်ရေး တနည်းအားဖြင့် တတိုင်းပြည်လုံးကို စစ်
ကျွန်ဇာတ်တရားဝင်သွင်းခွင့်ရရေးသာဖြစ်သည်မှာ အင်မတန်ထင်ရှားနေပေသည်။ ထို့ကြောင့် ဒီ
ကနေ့ကာလသည် တိုင်ပြည်နှင့်ပြည်သူလူထုကြီးအတွက် “၂၀၁၀ ရွေးကောက်ပွဲမှသည် စစ်ဓနရှင်
အုပ်စု၏ အလိုကျပုံစံသွားမလား” “၂၀၁၀ ရွေးကောက်ပွဲကိုပြတ်ပြတ်သားသားဖြင့် နည်းမျိုးစုံသုံ့း
ဆန့်ကျင်ကန့်ကွက်လျှက် ပြည်သူလူထု၏အာဏာကို ပြည်သူ့ထံမှသာဆင်းသက်စေတဲ့ ပြည်သူ့
အစိုးရတရပ်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကျိုးပမ်းသွားမလား” ဆိုတဲ့ ဆုံမှတ်ကာလသို့ရောက်
နေပါပြီ။ ဒီကနေ့မြန်မာပြည်ရဲ့အနာဂတ်ဟာ ပြည်သူလူထုကြီးအနေနှင့် မည်သည့်လမ်းကို ရွေး
ချယ်မည်လည်း၊ ထောက်ခံမည်လည်း အတိုက်အခံအင်အားစုများ အားလုံးအနေနဲ့မည်သည့်လမ်း
ကို ရေွး မည်လည်းဆိုတ့အဲ ပေါ်မှာ မူတည်လျှက်ရှိပေသည်။
အတိုက်အခံများအားလုံး တစုတစည်းတည်းပါဝင်သော စစ်မှန်သော မြန်မာ့အမျိုးသားကွန်ဂရက်
ကြီး(Burmese National Congress) (BNC) တရပ်ကို ဖေါ်ဆောင်စုစည်းလျှက် အဖိနှိပ်ခံပြည်
သူလူထုကြီးနှင့်လက်တွဲကာ အနာဂတ်တွင် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး
ကို တည်ဆောက်နိုင်ရန်အတွက် စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကာ စစ်အာဏာရှင်
စံနစ်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တယားတစုံလုံးကို တွန်းလှန်ဖျက်သိမ်းပစ်နိုင်မှသာ အနာဂတ်
တွင် အမှန်တကယ်ကမ္ဘာကိုရင်ဘောင်တန်းနိုင်သော ငြိမ်းချမ်းသာယာဝပြောသော အမိမြန်မာနိုင်
ငံတော်ကြီးကို တည်ဆောက်နိုင်ပေလိမ့်မည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်အခြေခံ။
၂၀၀၉ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် အမေရိကန်နိုင်ငံတဝှမ်းရှိ မြန်မာ့အတိုက်အခံများ ဖြစ်သော
သံဃာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားညီအကိုများ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား များ (ပြည်ပ)
၊ မြန်မာပြည်လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ချုပ်(FBF)နှင့် နိုင်ငံရေးပါတီ အသီး သီးမှရဲဘော်များ၊
ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများ၊ နိုင်ငံအကျည်းသားဟောင်းများ၊အမျိုးသားဒီမိုကရေ
စီတပ်ပေါင်းစု(မဒတ) တို့မှ ကိုယ်စားလှယ်ရဲဘော်များစုစည်း၍ စစ်အာ ဏာရှင်စံနစ်ဖျက်သိမ်းရေး
မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ မဟာဗျူဟာညီလာခံတရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါ
သည်။ ၎င်းညီလာခံမတိုင်မှီ အမေရိကန်ပြည်ထောင်စုရှိ စုစည်းနိုင်သမျှသော ရဲဘော်အသီးသီးမှ
(၄) လခန့် ကြိုတင်၍ တယ်လီကွန်ဖရင့်များ အဆင့်ဆင့်ပြုလုပ်ကာ ညီလာခံကို အောက်ပါအခြေ
ခံမူများအပေါ်တွင် အခြေခံ၍ကျင်းပနိုင်းရန် ကြိုတင်ညှိနှိုင်းနိုင်ခဲ့ကြပါသည်။ ၎င်းမူများမှာ….
(၁) ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်ရေး။
(၂) စစ်အာဏာရှင်စံနစ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ)။
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
တို့ဖြစ်ပါသည်။
၎င်းညီလာခံမှ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရိကန်
ပြည်ထောင်စု) ကို စုဖခွဲ့ြဲကပြီး ဆက်လက်၍ စစ်အာဏာရှင်စံနစ်၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တ
ယားတို့ကို နည်းလမ်းပေါင်းစုံဖြင့်တိုက်ပွဲဝင်လျှက်ရှိသော ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အား
စုများ၊လူပုဂ္ဂိုလ်များ၊ မြန်မာ့ဒီမိုကရေစီရေးကို အားပေးထာက်ခံသော နိုင်ငံတကာမိသားစုများနှင့်
လက်တွဲကာ မြန်မာ့သမိုင်းတွင်သမိုင်းတွင်စေမည့် မြန်မာ့အမျိုးသားကွန်ဂရက်ကြီးတရပ်ကို စု
ပေါင်းဖေါ်ဆောင်နိုင်ရေးအတွက် အင်အားစုအသီးသီးပါဝင်သော ညီလာခံကြီးတရပ်ကို စုစည်း
ကျင်းပနိုင်ရန်ရည်ရွယ်၍ ညီလာခံ၏ အနာဂတ်ရှေ့လုပ်ငန်းစဉ်တရပ်အဖြစ် ချမှတ်ခဲ့ကြပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် စစ်အာဏာရှင်စံနစ်ဖျက်သိမ်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ
အတိုက်အခံအင်အားစုများအားလုံး ဝါဒရေးရာအရ၊ မည်သည့်နိုင်ငံရေး တိမ်းညွတ်မှုမျိုးရှိနေပါစေ
စုစုစည်းစည်းပါဝင်နိုင်မည့် မြန်မာ့အမျိုးသားကွန်ဂရက်ကြီး (BNC) အား စုစည်းတည်ဆောက်ရန်
ရည်ရယ်ွချက်ချမှတ်ခြဲ့ကပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံအကျဉ်း။
တချိန်ကမြန်မာနိုင်ငံသည် ဗြိတိလျှကိုလိုနီနိုင်ငံဖြစ်ခဲ့သည် ထိုကိုလိုနီစံနစ်တိုက်ဖျက်ရေးတိုက်
ပွဲစဉ်တလျောက်၌ လှုပ်ရှားမှုများအတွင်းကျဆုံခဲရရှာသော ဆရာတော်ဦးဥတ္တမ၊ ဆရာတော်
ဦးဝီစာရ၊ ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်တို့အပါအဝင် အမျှော်အမြင်ရှိ၍ တိုင်းချစ်
ပြည်ချစ်စိတ်ရှိသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်းဆန်း၊ သခင်နု၊ သခင်ဗ
ဟိန်း၊ သခင်စိုး၊သခင်သန်းထွန်း အစရှိသောဝံသာနုပုဂ္ဂိုလ်များနှင့် ကျောင်းသားများမှ တို့ဗမာအ
စည်းအရုံကြီးကို ဖွဲ့စည်းတိုက်ပွဲဝင်ခဲ့ရပေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့
ပျံနှံလာသောအခါ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော မြန်မာ့မျိုးချစ်များ အားလုံးပါဝင်သော (ဖတပလ)
နောင်အခါ (ဖဆပလ) ဖြစ်လာမည့် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး တပ်
ပေါင်းစုကြီးအား တည်ထောင်နိုင်ခြဲ့ပီး မှန်ကန်သော ခေတ်အဆက်ဆက်မရှိခဲ့ဘူးသော တပ်ပေါင်း
စုကြီးတရပ်တည်ဆောက်နိုင်ခြင်းနှင့်အတူ တိုင်းရင်သားညီအကိုများအားလုံးနှင့် စစ်မှန်သော သွေး
စည်းညီညွတ်ရေး တနည်းအားဖြင့် အမျိုးသားညီညွတ်ရေးတည်ဆောက်နိုင်ခဲ့မှုကြောင့်သာ အင်
အားကြီးသော ဖက်ဆစ်ဂျပန်နှင့် အင်္ဂလိပ်ကိုလိုနီဘဝမှလွတ်မြောက် အောင်စွမ်းဆောင်နိုင်ခဲ့ပေ
သည်။ ၁၉၄၈ခုနှစ် ဇန္နဝါ၇ီလ(၄) ရက်နေ့တွင် လုံးဝလွပ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင်
ပေါ်ထနွ်းလာခ့ေဲ ပသည်။ သို့သော် လွပ်လပ်ရေးရလုဆဲဆဲကာလတွင် မြန်မာ့လွပ်လပ်ရေးပိသု
ကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ နယ်ချဲ့၏
ပရောဂါဖြင့် လက်ပါးစေတချို့၏ လုပ်ကြံခံခဲ့ရသည်။ ထို့နောက်လွပ်လပ်ရေးရပြီးစမှစတင်ကာ
(ဖဆပလ)အဖွဲကြီးအတွင်း လွပ်လပ်ရေးအပေါ်အမြင် သဘောထား၊ အနာဂတ်နိုင်ငံ့ရေးရာဆိုင်
ရာသဘောထားများ အကွဲအပြဲမှစတင်ကာ ကွန်မြူနစ်ပါတီအား (ဖဆပလ) မှထုတ်ပယ်ခြင်း။ ထို့
နောက် ကွန်မြူနစ်ပါတီ၊ အလံနီပါတီ၊ ပြည်သူ့ရဲ ဘော်အဖွဲ့၊ကေအင်ဒီအို စသည်ဖြင့် အဖွဲ့များ
တော့ခိုခြင်းနှင်အတူ လွပ်လပ်စမြန်မာပြည်တွင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရသည်။ နယ်ချဲ့
ဆန့်ကျင်ရေး၊ ဖက်ဆက်တိုက်ဖျက်ရေးကာလတွင် ခိုင်မာအောင်တည်ဆောက်နိုင်ခဲ့သော အမျိုး
သားသွေးစည်းညီညွတ်မှုပြိုကွဲကာ ပါလီမန်ဒီမိုကရေစီအစိုးရသည် ၎င်းပြဿနာအား မှန်ကန်စွာမ
ဖြေရှင်းနိုင်ခ့ေဲ ပ။
ထို့နောက် အာဏာကို နိုင်ငံရေးတိုက်ပွဲများအကြားတွင် ခြေပုန်းခုတ်ကစား၍ အကွက်ချောင်း
ကစားကွက်မြင်သောဗိုလ်နေဝင်းမှဦးဆောင်ကာ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရပုံစံဖြင့် အာ
ဏာသိမ်းခ့ဘဲူးပြီး ၁၉၆၂ ခုနှစ်တငွ် လုံးဝအာဏာသိမ်းမှုဖြင့် ပါတီစုံပါလီမန်ဒီမိုကရေစီစံနစ် အဆုံး
သပ်ခ့ရဲ ပေသည်။ တော်လှန်ရေးကောင်စီ ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူ
ထောင်ကာ လွပ်လပ်ရေးမရမှီ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်း
ဆောင်ကြီးများရေးဆြွဲပဌာန်းခ့ေဲ သာ အခြေခံဥပဒေအား ဖျက်သိမ်းပစ်လိုက်ပြီး ၁၉၇၄ ခုနှစ်တွင်
မဆလ တပါတီစံနစ်ကို ဗိုလ်နေဝင်းစစ်အုပ်စုအကြိုက် ပုံသွင်းတည်ထောင်နိုင်ရန် ဥပဒေတရပ်
ရေးဆွဲပြဌာန်း၍ ပြည်သူလူထုအား လိမ်လည်မဲထည့်ခိုင်းပြီး တဖက်သပ်အတည်ပြုကာ တပါတီ
အာဏာရှင်စံနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ အုပ်စိုးသွားခဲ့သည်။ တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်း
ရဆဲုံးတိုင်းပြည်စာရင်း (LDC) ဖြစ်ခ့ရဲ ပေသည်။ ၎င်းစစ်အုပ်စုအာဏာသိမ်းခါစ ၁၉၆၂ ခုနှစ်တွင်
စစ်အုပ်စုအာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်သော ကျောင်းသားလှုပ်ရှားမှုကို ဇူလိုင်လ (၇)
ရက်နေ့တွင် ရက်ရက်စက်စက် ဖြိုခွဲခဲ့ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကိုလည်း
ဗုံးခွဲဖျက်ဆီးပြစ်ကာ တိုင်းပြည်ကိုရေဒီယိုမှတဆင့် “ဓါးဓါးခြင်း လှံလှံခြင်း”ဟု ဗိုလ်နေဝင်းမှ စိမ်ခေါ်
ခ့ေဲ ပသည်။ ၁၉၆၇ စစ်တေဆွ န်ပြဿနာ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်
စသည့်စသည်ဖြင့် မဆလ တပါတီစံနစ်ကို ခေတ်အဆက်ဆက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ ကြပြီး
၁၉၈၈ ခုနှစ်တွင် မဆလတပါတီအာဏာရှင်စံနစ်ကို ကျောင်းသားများမှစတင်၍
ဦးဆောင်တိုက်ပဝွဲ င်ခြဲ့ပီး ပြည်သူလူထုကြီးတရပ်လုံးပါဝင်သော
အထွေထွေလူထုသပိတ်တိုက်ပွဲကြီးကြောင့် မဆလတပါ တီအာဏာရှင်စံနစ် ပြိုကျသွားခဲ့ရသည်။
သို့သော် ဗိုလ်နေဝင်းမှ ကျောထောက်နောက်ခံပေး ထားသော စစ်တပ်မှ ၁၉၈၈ခုနှစ်
စက်တင်ဘာလ ၁၉ရက်နေ့တွင် လက်နက်အားကိုးဖြင့် တိုင်း ပြည်အာဏာကို မတရားသိမ်းယူ
လိုက်တော့သည်။ ထိုအာဏာသိမ်းမှုအတွင်း လမ်းမများပေါ်တွင် ရဟန်းရှင်လူကျောင်းသား
ပြည်သူများ ထောင်နဲ့ချီ၍ အသက်ပေးခဲ့ရလေသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်
ဗိုလ်စောမောင်မှ နိုင်ငံတော်ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကိုဖွဲ့ စည်းကာ
နိုင်ငံရေး ပါတီများတည်ထောင်ခွင့်ပေးခဲ့သည်။ သို့သော် စစ်အုပ်စုအားမယုံကြည်သော
ကျောင်းသားလူငယ်အများအပြား တောခိုခဲ့ကြပြီး စစ်အစိုးရအား လက်နက်ကိုင်တော်လှန်ခဲ့ကြ
သည်။ ၁၉၉၀ ခုနှစ်တွင် အာဏာသိမ်းစစ်အုပ်စုမှ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသပ်ဖြင့်အနိုင်ရခဲ့သည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုသည်
အနိုင်ရပါတီအား လွတ်တော်ခေါ်ခွင့်၊ အစိုးရဖွဲ့ခွင့်များ အခြေခံဥပဒေကို ပြည်သူ့လွတ်တော်
ကိုယ်စားလှယ်များမှ လွပ်လပ်စွာရေးဆွဲခွင့်တို့ကို ဖျက်သိမ်းပစ်လိုက်ပြီး ဆက်တိုက်ဆိုသလို
နိုင်ငံရေးပါတီအများအပြားကို ဖျက်သိမ်းပစ်လိုက်သည်။ ၁၉၉၃ ခုနှစ်မှစတင်ကာ အမျိုးသားညီလာ
ခံတရပ်ကို ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ကျင်းပခဲ့သည်။ တဖက်တွင်လည်း တိုင်းရင်းသားတော်လှန်
ရေးအင်းအားစုများနှင့် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ကာ လှည့်ဖျားခဲ့ပြီး ပြည်တွင်းအင်အား
စုများကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အ
ပါအဝင် ကိုမင်းကိုနိုင်အစရှိသော ကျောင်းသားအင်အားစုများကို လုံးဝဖိနှိပ်ခြေမှုန်းရေးကိုသာ
တင်ွတင်ွပြုလုပ်လာခ့သဲ ည်။ သို့သော် ထိုတိုင်းရင်းသားအပစ်ရပ် အဖွဲ့များမှတင်ပြသော တိုင်းရင်း
သားအရေးနှင့် ပြည်ထောင်စုပြဿနာတို့ကိုမူ စစ်အုပ်စုကြီးမှူးကျင်းပသောညီလာခံမှ မျက်ကွယ်
ပြုခြဲ့ပီး ၎င်းတို့စိတ်ကြိုက် ဥပဒေတရပ်ကို ၂၀၀၈ ခုနှစ်တွင် ရေး ဆွဲပြဌာန်းကာ ၂၀၁၀ တွင် ရွေး
ကောက်ပွဲကိုတဖန်ပြန်လုပ်မည်ဟု ကြေငြာနေပေသည်။ အတိုက်အခံအင်အားစုများကို ယခုအ
ချိန်အထိ သဲကြီးမဲကြီး ဆက်တိုက်ဖိနှိပ်လျက်ရှိနေပြီး လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ အရှင်ဂမ္ဘီရ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မစုစုနွေး
စသည်ဖြင့် နိုင်ငံရေးအကျည်းသား ၂၀၀၀ ကျော်ကိုဆက်လက် ဖမ်းဆီးထိမ်းသိမ်းထားပြီး အတိုက်
အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလဲ အင်အားချိနဲ့သွားအောင်ဖန် တီးထားသည်။ လက်ရှိအချိန်
အထိ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိမ်းသိမ်းလျှက်ပင်ရှိနေကာ အာဏာသိမ်းစစ်အုပ်စုနှင့်
အပေါင်းအပါလူတစုကသာ တိုင်းပြည်၏စီးပွားရေးကိုလက်ဝါးကြီးအုပ်ကာ ကြီးပွားချမ်းသာလာ
ကြသလောက် တိုင်းပြည်ရှိ ပြည်သလူထုအများစုကြီးမှာ ဆင်းရဲမွဲတေလျှက်ရှိနေကာ ပညာတတ်
လူငယ်အများအပြားလည်း တိုင်းတပါးနိုင်ငံများသို့ထွက်ကာ ဝင်ငွေနှင့် ပညာကိုရှာနေကြရပြီး ဒုက္ခ
သည်များ အိမ်နီးခြင်းနိုင်ငံများသို့ တနေ့တခြားရောက်ရှိလာကာ နိုင်ငံခြားတိုင်ပြည်များတွင် တရား
မဝင်အလုပ်သမားများအဖြစ် ရပ်တည်နေကြရသည်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ
နှင့် လက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆက်လက်ဖြစ်ပွားနေကာ အပစ်ရပ်တိုင်းရင်းသားများ
နှင့်လည်း မပြေမလည်ဖြစ်မှုများတိုးပွားလာလျှက်ရှိနေပြီး တိုင်းပြည်အခြေအနေမှာ ပေါက်ကွဲလုနီး
နီး အခြေအနေတခုသို့ ဦးတည်နေပေသည်။
မြန်မာ့နိုင်ငံရေးနှင့် တပ်ပေါင်းစုများအခြေအနေ သုံးသပ်တင်ပြချက်။
မြန်မာနိုင်ငံတွင် လွပ်လပ်ရေးမတိုင်မှီခေတ် စစ်ကြိုကာလမှစတင်ရေတွက်လျှင် မြန်မာနိုင်ငံ
ရေးတွင် တပ်ပေါင်းစုမျာဖြစ်ပေါ်လာခြင်းအဖြစ် ဂျီစီဘီအေ အသင်းကြီးပေါ်ပေါက်လာခဲ့ခြင်းမှ
စတင်ခ့သဲ ည်။ ထို့နောက် တို့ဗမာအစည်းအရုံးကြီးပေါ်ပေါက်လာခဲ့သည်။ ထူးခြားသည့်သ
ဘောကို အမှန်အတိုင်းတင်ပြရပါမည်။ တို့ဗမာအစည်းအရုံးကြီးအတွင်းမှာပင် အုပ်စုနှစ်စုရှိခဲ့
ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊သခင်အောင်ဆန်း သခင်သန်းထွန်း၊ သခင်စိုး တို့
ဦးဆောင်သောအစုနှင့် သခင်ဘစိန် သခင်ထွန်းအုပ်တို့ဦးဆောင်သော အစုဟူ၍ ဖြစ်ပါသည်။
သို့သော် နယ်ချဲ့ဆန့်ကျင်ရေးအရှိန်ကာလရေချိန် မြင့်တက်လာချိန်မှာတော့ ညီညွတ်ရေးအ တွက်
နှစ်ဘက်ညှိနှိုင်းဆောင်ရက်ွခြဲ့ကပါသည်။ ဥပမာ ရဲဘော်သုံးကျိတ်အဖြစ် ဂျပန်အကူ အညီကိုယူ၍
ဗမာ့တပ်မတော်ဖွဲ့စည်းရန် လူရွေးချယ်သောအခါ သခင်ရှုမောင်(ဗိုလ်နေဝင်း) မှာ သခင်ဘစိန်
တို့အုပ်မှဖြစ်သလို သခင်အောင်ဆန်းအပါအဝင် အများစုမှာ သခင်ကိုယ်တော်မှိုင်းဦးဆောင်သော
ဘက်မှ အုပ်စုများဖြစ်ကြသည်။ ဗိုလ်ရဲထွဋ်တို့လို လူငယ်တချို့သည် ကျောင်းသားတွေထဲမှဖြစ်
ကြလေသည်။ ဤသို့ဖြင့် ဗမာ့လွပ်လပ်ရေးတပ်မတော်(BIA) ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြ
သည်။ ထို့နောက် ဖက်ဆစ်တော်လှန်ရေးအတွက် သမိုင်းဝင် (ဖတပလ) နောင် (ဖဆပလ) အဖွဲ့
ချုပ်ကြီးကို ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေး တော်ပုံပါတီတို့ကို အခြေခံ၍ ဖွဲ့
စည်းနိုင်ခ့သဲ ည့်ကာလသည် အမှန်တကယ်ပင် အမျိုးသား သွေးစည်းညွတ်ရေးကို စစ်မှန်စွာတည်
ဆောက်နိုင်ခ့သဲ ည့် ကာလပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဖက်ဆစ်ဂျပန်ကိုအောင်မြင်စွာ တော်လှန်
နိုင်ခ့သဲ လို နယ်ချဲ့ အဂင်္လိပ်ထံမှလပ်ွလပ်ရေးကိုလည်းရယူနိုင်ခဲ့ပါသည်။ ထိုကာလများသည် အမျိုး
သားညီညွတ်ရေး၏ ရွှေရောင်ကာလများပင်မဟုတ်ပါလော။
ပြည်တွင်းစစ်ဖြစ်ပွားလာသောကာလများတွင်လည်း မဒည၊ မဒညတ စသည့်တပ်ပေါင်းစုများ
ပေါ်ခ့ဘဲူးသည်။သို့သော်အနှစ်သာရအရ အမှန်တကယ်ညီညွတ်ရေးမရရှိခဲ့ကြပါ။ ထို့နောက်တွင်
တော့ ကွန်မြူနစ်ပါတီပါသောတပ်ပေါင်းစုနှင့် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များသာပါသော
တပ်ပေါင်းစုများဟူ၍ လိုင်းအရကွဲ၍သာ တပ်ပေါင်းစုဖွဲ့၍ စစ်အုပ်စုကိုတိုက်ခဲ့ကြရာတွင်လည်း
အောင်ပမွဲ ခံခြဲ့ကပေ။ပါလီမန်ဒီမိုကရေစီခေတ်ကလည်း (ဖဆပလ) အတွင်း အကွဲအပြဲများ ဖြစ်ပွား
ပြီးနောက် (ပမညတ) ဟုခေါ်သော တပ်ပေါင်းစုတရပ်ဖွဲ့၍ ပါလီမန်ဒီမိုကရေစီ လှုပ်ရှားမှုများ၌
ပေါ်ထက်ွခ့ဘဲူးသည်။ သို့သော် ဗိုလ်နေဝင်းစစ်အုပ်စုမှ တိုင်းပြည်အာဏာကို သိမ်းယူလိုက်သည့်
အခါတွင် သန့်ရှင်းရော တည်မြဲရော ပမညတများပါ ဖျက်သိမ်းပစ်လိုက်ခြင်းခံတော့သည်။ ၁၉၇၀
ပြည့်နှစ်လွန်ကာလများရောက်သောအခါ လက်နက်ကိုင်တော်လှန်ရေးတပ်ပေါင်းစုများ စုဖွဲ့ကြရာ
တွင် ကွန်မြူနစ်ပါတီနှင့်အဆင်ပြေသော တိုင်းရင်းသာအဖွဲ့များက (လပဒတ) လူမျိုးပေါင်းစုံ ပြည်
သူ့ဒီမိုကရေစီတပ်ပေါင်းစုအဖြစ်၎င်း KNU , KNPP, KIA စသည့်တိုင်းရင်းသားအဖွဲ့များမှ (မဒတ)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဟူ၍၎င်း စုဖွဲ့ကာ စစ်အုပ်စုကို တိုက်ပွဲဆင်ခဲ့ကြသော်လည်း မှန်
ကန်သောတခုတည်းသောတပ်ပေါင်းစုအဖြစ် မစုဖွဲ့နိုင်ခဲ့ကြသဖြင့် အောင်ပွဲနှင့် အလှမ်းကွာဝေး
နေခြဲ့ကရသည်။ ၁၉၈၈ ခုနှစ် လူထုအုံ ကြွမှုကြီးနောက်ပိုင်း ၁၉၈၉-၉၀ ကာလများတွင်လည်း
မြေပေါ်နိုင်ငံရေးပါတီများအကြားတွင် တပ်ပေါင်းစုများးစုဖွဲ့ခဲ့ကြဘူးပါသည်။ ဦးဂွယ်လမ်း တပ်
ပေါင်းစုနှင့် (ဒမဖ) ခေါ် ဒီမိုကရေစီမဟာမိတ်များတပ်ပေါင်းစုဟူ၍ ဖြစ်ပါသည်။ ညီညွတ်၍ တခု
တည်းသောတပ်ပေါင်းစုအဖြစ် မဖေါ်ဆောင်နိုင်ခဲ့ပေ စစ်အုပ်စုမှ နိုင်ငံရေးပါတီများကိုတဖြေးဖြေး
မတရားဖျက်သိမ်းမှုနှင့်အတူ အထက်ပါတပ်ပေါင်းစုများလည်း ဖျက်သိမ်းခံခဲ့ကြရသည်။ လက်နက်
ကိုင်တော်လှန်ရေးဒေသ တွင်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားလူငယ်များ တော်လှန်
ရေးနယ်မြေသို့ ရောက်ရှိကာ ABSDF မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်
ဦး ကို ဖွဲ့ စည်းနိုင်ခြဲ့ပီးနောက် လွပ်မြောက်နယ်မြေမာနယ်ပလောတွင် ဒီအေဘီ(Democratic
Alliance of Burma) ကိုဖွဲစည်းနိုင်ခဲ့သော်လည်း အင်အားစုအားလုံးပါဝင်သောအဆင့်အထိ
မဆောင်ရက်ွနိုင်ခ့ေဲ ပ။ ထို့နောက် ဆက်တိုက်ဆိုသလို NCUB, ENC, SYCB, FBF စသည့်
တပ်ပေါင်းစုများ စုဖွဲ့ ခြဲ့ကသော်လည်း စစ်အုပ်စုကိုတစုတစည်းတည်း ဘုံရန်သူပြုတ်ကျရေးရည်
မှန်းချက်အောက်တွင် တခုတည်းသော အမျိုးသားတပ်ပေါင်းစုကြီးအဖြစ်တော့ စုစည်းနိုင်ခဲ့ခြင်း
မရှိခ့ေဲ ပ။ ခေတ်အဆက်ဆက်ကိုနှိုင်းယှဉ်ချက်အရ သုံးသပ်မည်ဆိုလျှင် ဘုံရန်သူကို အမှန်တ
ကယ်တိုက်ပွဲဝင်သည့် စစ်မှန်သောတပ်ပေါင်းစုကြီးတရပ်ကို တစုတစည်းတည်းဖြင့် တည်ဆောက်
တိုက်ပဝွဲ င်ခ့ေဲ သာ (ဖဆပလ) တပ်ပေါင်းစုကြီးစုဖွဲ့နိုင်ခဲ့ခြင်းသည်သာ တပ်ပေါင်းစုဖြင့် အောင်ပွဲ
ဆင်နိုင်ခ့သဲ ည်ကိုတွေ့ ရှိခ့ရဲ သည်။ လက်တွေ့ကာလတွင် မှန်တကယ် တမျိုးသားလုံး၏ဘုံရန်သူ
စစ်အုပ်စုအားတစုတစည်းတည်းတိုက်ပွဲင်နိုင်မည့် မြန်မာ့အမျိုးသားကွန်ဂရက်ကြီးတရပ်ကို မှန်
ကန်စွာမဖေါ်ဆောင်နိုင်သ၍ တပ်ပေါင်းစုဖြင့်အောင်ပွဲခံရေးဆိုသည်မှာ လိုအပ်ချက်အဖြစ်ဖြင့်သာ
ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
မြန်မာ့အမျိုးသားကန်ွဂရက်ကြီး (BNC) နှင့် အနာဂတ်မြန်မာနိုင်ငံတော်။
အထက်တင်ွတင်ပြခ့သဲ ည့်အတိုင်း တိုင်းပြည်နှင့်အမျိုးသားထုတရပ်လုံး အမျိုးသားခြင်းကျွန်ပြု
အုပ်ချုပ်သည့် အာဏာရှင်စစ်အုပ်စုအား ဖယ်ရှားရှင်းလင်းရေးတိုက်ပွဲသည် ကျွန်ုပ်တို့ တိုင်းရင်း
သားလူမျိုးပေါင်းစုံ၏ သမိုင်းပေးတာဝန်ကြီးပင်ဖြစ်ပေတော့သည်။ ထို့အပြင် လွပ်လပ်ရေးရပြီးကာ
စကာလတင်ွဖြစ်ပွားခ့သဲ လို အမျိုးသားသွေးကွဲမှုမျိုး၊ပြည်တွင်စစ်ဖြစ်ပွားမှုမျိုး နောက်တကြိမ် တိုင်း
ပြည်တွင်မည်သို့မှ ပေါ်ပေါက်ရန်မသင့်ပါ။ ထို့အတူ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားသောအခါ
အရှေ့ဥရောပနိုင်ငံတချို့တွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသလိုမျိုး ကျွန်ုပ်တို့တိုင်းပြည်တွင်
မည်သို့မှအဖြစ်မခံနိုင်ပါ။ ထို့အတူဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီး
များ၏ အမျှော်အမြင်ကြီးမားစွာဖြင့် ပင်လုံသဘောတူညီချက်ကို ချမှတ်အကောင်အထည်ဖေါ်မှု
ကြောင့်သာ နယ်ချဲ့၏သွေးခွဲအုပ်ချုပ်ရေးကို အံတုရင်ဆိုင်နိုင်ခဲ့၍ လွပ်လပ်ရေးအတွက် တစည်း
တလုံးတည်းတောင်းဆိုနိုင်ခြဲ့ကသည့် သမိုင်းဝင်သာဓကများသည်လည်း သင်္ခန်းစာများအဖြစ်
ကျနွုပ်တို့ရရှိခြဲ့ကပြီဖြစ်သည်။ သို့ဖြစ်ပါ၍ (BNC) အဖွဲ့ကြီးအနေဖြင့် စစ်အုပ်စုအလွန်တိုင်းပြည်
၏အနာဂတ်တွင် အောက်ပါအချက်ကြီးသုံးရပ်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရန် လို
အပ်သည်။
(၁) အမျိုးသားသွေးစည်းညီညွတ်ရေးလုပ်ငန်းစဉ်များ။
(၂) လူမျိုးစုပေါင်းစုံ အမျိုးသားထုတရပ်လုံးပါဝင်သော လူပေါင်းစုံညီလာခံကြီး ကျင်းပ
ရေး။
(၃) စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
တို့ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသည် လွပ်လပ်ရေးရပြီးကာစမှစတင်ဖြစ်ပွားခဲ့သော ပြည်တွင်စစ်မီးသည် အမျိုး
သားသွေးစည်းညီညွတ်ရေးပြိုကွဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည်။ ပါလီမန်ဒီမိုကရေစီ
ခေတ်မှသည် ယနေ့အာဏာသိမ်းစစ်အုပ်စုအထိ မည်သည့်ခေတ်တွင်မှ ထိုကိစ္စကို မှန်ကန်စွာမ
ဖြေရှင်းနိုင်ခ့ပဲါ။ ဒီကနေ့၎င်းတာဝန်သည် ကျွနုပ်တို့မျိုးဆက်သိုပင်တိုင်လာခဲ့ပေသည်။ ထို့ကြောင့်
ကျွနုပ်တို့ ပြည်ထောင်စုဖွား ညီနောင်များအကြားတွင် ထိုပြဿနာကို မှန်ကန်စွာဖြေရှင်းနိုင်ရေး
အတွက် အပြန်အလှန်ယုံကြည်မှုများတည်ဆောက်နိုင်ရန် အထူးပင်အရေးကြီးပေသည်။ ကျဉ်း
မြောင်းသောလူမျိုးရေးအမြင်နှင့်မဟာလူမျိုးကြီးဝါဒနှစ်မျိုးစလုံးသည် ကျွန်ုပ်တို့ လူမျိုးပေါင်းစုံပြည်
သူလူထုကြီးအတွက် တိုက်ဖျက်ပစ်ရမည့် မှားယွင်းသောအတွေး အခေါ်အယူအဆများဖြစ်သည်။
အုပ်စိုးသူစစ်လူတန်းစားများမှ လူမျိုးကြီဒဝါဒကျင့်သုံးသောအခါ ဆန့်ကျင်ဘက်အားဖြင့် ကျဉ်း
မြောင်းသောလူမျိုးရေးအမြင်ကို ပေါ်ပေါက်စေပါသည်။ ၎င်းပြသာနာသည် ဒီကနေဖြစ်ပွားလျှက်
ရှိနေသော ပြည်တွင်းစစ်ပြဿနာ၏ အရေးကြီးသောသော့ချက်တခုဖြစ်သည်။ အမျိုးသားတိုင်း
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် လူမျိုးစုဒေသများအားလုံး အမှန်တကယ် တပြေးညီဖွံဖြိုးတိုး
တက်မှုရှိပြီး တိုင်းရင်းသားစာပေများ ယဉ်ကျေးမှုများဖွံဖြိုးတိုးတက်ရေးမှာ အမျိုးသားလုံး၏ အမျိုး
သားရေးတာဝန်အဖြစ်ခံယူ လုပ်ဆောင်သွားရပေမည်။ ထိုလုပ်ငန်းစဉ်များကို အားတက်သရော်
လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ (BNC) ၏ အခန်းကဏ္ဍမှာ အမှန်ပင်အရေးကြီးပေသည်။ ဘုံရန်
သူပြုတ်ကျယုံနှင့် လုပ်ငန်းများမပြီးဆုံးသေးပဲ အမျိုးသားသွေးစည်းညီညွတ်ရေးလုပ်ငန်းစဉ်များကို
ဆက်လက်လုပ်ဆောင်သွားရပေလိမ့်မည်။
၎င်းသွေးစည်းညီညွတ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရာတွင် အပြောင်းအလဲကာ
လအတွက် “ကြားဖြတ်အစိုးရတရပ်”ကို ဖေါ်ဆောင်သွားရမည်။ ထို့နောက် လူမျိုးပေါင်းစုံ အမျိုး
သားထုကြီးတရပ်လုံး၏ စစ်မှန်သော လူထုကိုယ်စားလှယ်များပါဝင်သည့် လူမျိုးစုံညီလာခံကြီးမှ
အနာဂတ် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို စံနစ်တကျရေးဆွဲရာတွင်လည်း (BNC) အ
ဖွဲ့ကြီးမှ အားတက်သရော်ပါဝင်ရေးဆွဲရမည်။ သို့မှသာ အနာဂတ်ပြည်ထောင်စုကြီးအတွက် အမှန်
တကယ် လူမျိုးပေါင်းစုံတန်းတူရေးနှင့်ဖြွံဖိုးတိုးတက်ရေးကို ဖေါ်ဆောင်နိုင်မည့် ဒီမိုကရေစီဖက်ဒ
ရယ်ပြည်ထောင်စုကြီး၏အခြေခံအုဠ်မြစ်ကို ချမှတ်အကောင်အထည်ဖေါ်နိုင်ပေလိမ့်မည်ဖြစ်သည်။
ဆက်လက်၍ ပေါ်ပေါက်လာလ္တံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ခိုင်မာသည်
ထက်ခိုင်မာအောင်တည်ဆောက်နိုင်မှသာ ကမ္ဘာ့အလယ်နှင့် အိမ်နီးခြင်းနိုင်ငံများအကြားတွင် ဂုဏ်
သိက္ခာရှိစွာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရပ်တည်နိုင်ရေး အတွက်
လူမျိုးပေါင်းစုံပြည်သူလူထုကြီးတရပ်းလုံးနှင့်လက်တွဲလျှက် ခုံပျံကျော်လွှား၊ ကြိုးစားချီတက်နိုင်မှ
သာ ဒီကနေ့အုပ်စိုးသူစစ်အုပ်စုအဆက်ဆက် ဖျက်ဆီးထားခဲ့သော အမိမြန်မာပြည်ကြီး၏ ဂုဏ်
သိက္ခာပြန်လည်မြင့်မားလာပေလိမ့်မည်။ ထို့ကြောင့် ၎င်းလုပ်ငန်းစဉ်သုံးရပ်သည်လည်း စစ်အုပ်စု
အုပ်စိုးမှုအလွန် မြန်မာနိုင်ငံတွင် မြန်မာ့အမျိုးသားကွန်ဂရက်ကြီး၏ ဆက်လက်လုပ်ဆောင်ရမည့်
လုပ်ငန်းတာဝန်များဖြစ်ပေသည်။
စုဖွဲ့မည့်ပုံသဏ္ဍန်။
မြန်မာ့အမျိုးသားကွန်ဂရက်ကြီး(BNC) ကို အထက်တွင်တင်ပြခဲ့သော အခိုင်အမာအချက်အ လက်
များအရ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ(အပစ်ရပ်အဖွဲ့များအ ပါအဝင်)
တသီးပုဂ္ဂလများ၊တတ်သိပညာရှင်များ လူထုကိုယ်စားပြုအဖွဲ့အစည်းများ(Civil Society Groups)
များ လွပ်လပ်စွာပါဝင်ဖွဲ့စည်းသင့်သည်။ လုပ်ငန်စဉ်နှစ်ဆင့်သပ်မှတ်ထားသင့်ပြီး ပထမလုပ်ငန်း
စဉ်မှာ ဒီမိုကရေစီရေး၊ပြည်တွင်ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို
ဆောင်ရွက်ရန်အတွက် ပင်မအတားအဆီးဖြစ်နေသော စစ်အာဏာရှင်စံနစ်အကုန်အစဉ်ဖျက်
သိမ်းနိုင်ရေးအတွက် ယခုလက်ရှိနအဖစစ်အုပ်စုမှ စစ်ကျွန်ဇာတ်သွင်းမည့် တိုင်းရင်းသားလူမျိုး
ပေါင်းစုံပြည်သူလူထုကြီး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဘယ်လိုမှအာမခံချက်မ
ရှိသော ညောင်နှစ်ပင်ညီလာခံမှာရေးဆွဲ အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေကို အခြေခံ
ပြုလုပ်မည်ဖြစ်သည့် စစ်အုပ်စုကြီးစိုးချယ်လှယ်နိုင်ရေးကို စနစ်တကျပုံဖေါ်တော့မည့် ၂၀၁၀ ရွေး
ကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ရေုးလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
ထိုမှတဆင့် စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်
ဖေါ်ကြရမည်ဖြစ်သည်။ ၎င်းရည်ရွယ်ချက် ဘုံလုပ်ငန်းစဉ်များအပေါ်တွင် လက်ခံယုံကြည်သော
မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မဆို မည်သည့်တိုက်ပွဲနည်းနာကိုကျင့်သုံးသည်ဖြစ်စေ ပူးပေါင်း
လက်တွဲ၍ အကောင်အထည်ဖေါ်ရပေမည်။ (BNC) ဖွဲ့စည်းနိုင်ရေးလုပ်ငန်းစဉ်များကို အကောင်
အထည်ဖေါ်ရာတွင် ပဏာမညှိနှိုင်းပွဲများ အဆင့်ဆင့်ကျင်းပပြီး ညီလာခံကြီးတရပ်ခေါ်ယူကာ ဖွဲ့
စည်းဆောင်ရွက်သွားရမည်။ ထိုညီလာခံမှ ပေါ်လစီချမှတ်ခြင်း၊ သေနင်္ဂဗျူဟာရေးဆွဲခြင်၊ ဖွဲ့စည်း
ပုံစည်းမျဉ်းများရေးဆွဲခြင်း ၊လိုအပ်သည့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းများကို လုပ်ဆောင်
သွားရမည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် စစ်အာဏာရှင်စံနစ်ဖျက်သိမ်းပြီးနောက် ဆက်လက်လုပ်ဆောင်သင့်
သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စံနစ်တကျ ဆက်လက်အကောင်အထည်ဖေါ်ဆောင်သွားရန်ဖြစ်
သည်။ ကွန်ဂရက်ကြီးအရှိန်အဟုန်ဖြင့် ကြီးထွားအားကောင်းလာစေရန်အတွက် မြန်မာ့ဒီမိုကရေစီ
ရေးကို အမှန်တကယ်ပါဝင်ကူညီမည့် နိုင်ငံတကာမိတ်ဆွေများကိုပါ ဖိတ်ခေါ်၍ ကျယ်ကျယ်ပြန့်
ပြန့်စုစည်းထားခြင်းဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် စံနစ်တ
ကျ ကြိုတင်ပြင်ဆင်ထားသင့်သည်။
နိဂုံးချုပ်အပိုင်း။
အချုပ်အားဖြင့်ဆိုရသော် “တယောက်အားဖြင့်မရ တသောင်းအားဖြင့်သော်မှရ၏” ဆိုသော တပ်
ပေါင်းစုသဘောတရား၊ စုစည်းညီညွတ်သောသဘောတရားကိုအခြေခံကာ ဆင်းရဲမွဲတေနေသော
ခေတ်နောက်ကျနေသော ဒီမိုကရေစီကင်းဆိတ်သုန်းသော ကမ္ဘာ့အလည်တွင် အမျိုးသားဂုဏ်
သိက္ခာကျဆင်းနေသော လူမျိုးပေါင်းစုံအစဉ်အလာရှိရှိ မှီတည်းနေထိုင်ခဲ့ကြသော ကျွန်ုပ်တို့ လူမျိုး
စုံပြည်သူလူထုကြီးတရပ်လုံးပိုင်ဆိုင်သော အမိမြန်မာပြည်အား ကမ္ဘာ့အလည်တွင် ဂုဏ်သိက္ခာရှိရှိ
ရပ်တည်နိုင်ရန်အတွက် ကျွန်ုပ်တို့ တိုင်းရင်းသားညီနောင်များအားလုံး အတူတကွလက်တွဲကာ
လက်တဆုတ်စာအာဏာရှင်စစ်အုပ်စုအား ရှင်းလင်းဖယ်ရှား၍ အနာဂတ်တွင် အေးချမ်းသာယာဝ
ပြောသော ညီညတ်ွသော၊ ဖြွံဖိုးတိုးတက်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ
တော်အား အတူတကွ ဝိုင်းဝန်းတည်ဆောက်သွားနိုင်ရန်အတွက် မြန်မာ့အမျိုးသားကွန်ဂရက်ကြီး
(Burmese National Congress) (BNC) ပေါ်ပေါက်လာရေးကို သွေးစည်းညီညွတ်စွာဖြင့်
ဖေါ်ဆောင်ကြရပေမည်။
လူမျိုးပေါင်းစုံသွးစည်း ညီညွတ်ကြ။
ဘုံရန်သူစစ်အုပ်စုအား ပြတ်သားစွာတိုက်ပွဲဝင်ကြ။
စစ်အာဏာရှင်စံနစ် မုချကျဆုံးရမည်။
စစ်မှန်သောဒီမိုကရေစီစံနစ် မုချပေါ်ထွန်းရမည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အမိအရတည်ဆောက်ကြခြင်းဖြင့် ခိုင်မာသောလူမျိုးစုံ
သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြ။
အရေးတော်ပုံအောင်ရမည်။
တင်ပြသူ
ရဲဘော်ထွန်းထွန်း
(CC ကော်မတီ- BNC ဖေါ်ဆောင်ရေး)
“စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ(အမေရိကန်ပြည်ထောင်စု)”__

No comments:

Post a Comment