Thursday, April 19, 2012

စစ်သူခိုးတွေ ဖြိုးကြွတဲ့အချိန်

စစ်သူခိုးတွေ ဖြိုးကြွတဲ့အချိန်

(ကဗျာဆရာတင်မိုးကွယ်လွန်ခြင်း လေးနှစ်မြောက်အထိမ်းအမှတ်)
ကျောင်းသားတွေကို
ကောင်းစားစေလိုစိတ်နဲ့
အတိတ်ကကျောင်းဆရာဘဝ
ဒို့တတွေ စာသင်ပြတဲ့အချိန်။
စာတွေကြိုးစား
ဘာညာတွေဝိုးမ၀ါးနဲ့
အကျိုးများအောင် အမောင်စွမ်းဆောင်
အမှောင်ကိုခွင်း အလင်းရအောင်
လမ်းခင်းပြ အတန်းဆင်းလှခဲ့တာအကြိမ်ကြိမ်။
ခုတော့အမှောင်ချိန် အရောင်တွေမှိန်
စစ်မိုးတိမ်တွေဖုံးအုပ်
မိုးချုပ်နေ၀င်တဲ့အရှိန်။
စစ်ဘုရင်တွေ တန်ခိုးထွား
စစ်အုပ်ချုပ်သူတွေ အကျိုးများ
တိုးပွားလာတဲ့ စစ်ဗိုလ်ချုပ်တွေ
စစ်အုပ်ချုပ်ရေးနဲ့ ဒုက္ခပေး
မုချပြေးရတာက ပြည်သူလူထု
စစ်အုပ်စု စစ်အသံ
စစ်မာန်တွေနဲ့ အသစ်တဖန်ပျိုး
ညစ်ဥာဏ်အမျိုးမျိုးနဲ့
စစ်သူခိုးတွေဖြိုးကြွ
ဆိုးလှတဲ့မျိုးမြန်မာအိမ်။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) Jan 22 2011

No comments:

Post a Comment