Thursday, April 19, 2012

ပကတိကျေးလက်

ပကတိကျေးလက်။

ရထားလက်မှတ်စောင့်နေတာမဟုတ်ဘူး။
နှင်းမိုးတွေအပြင်မှာရွာနေလိမ့်မယ်
မခိုင်လုံတဲ့ တရားတွေ
စီရင်ချက်ချခြင်းခံထားရတဲ့
အပြစ်သားတဦးလို။
မျက်ရည်နှင့်မျက်လုံး
ပေါင်းစပ်ထားတဲ့အချိန်
လယ်ကွင်းစိမ်းစိမ်းတွေထဲက
ထန်းပင်ကြီးတွေဆီရောက်လိုက်
မိုးအုံ့အုံ့ကြံခင်တောတွေထဲဖြတ်လိုက်။
အရင်တုန်းက
ဗကပတွေစခန်းချသွားတဲ့နေရာ
ဦးကြီးကပြော
မသိမသာခေါင်းညိတ်
ကိုယ်ချက်မြုတ်ရဲ့တန်းဖိုးကြီးမှု
နှမြောလွမ်းဆွတ်လိုက်ပုံ။
မိုးဦးကျပျိုးပင်တွေထမ်း
ကောက်စိုက်သမတွေထံအလျှင်မှီမှီ
ထမ်းပို့နေတဲ့ ဘကြီးစိန်
တွံတေးသိန်းတန်ရဲ့
“ဒီစနစ်ဆိုးတွေကို ကျောမွဲများအတွက်
တိုက်ထုတ်ပစ်ရမယ်”
ခံစားတတ်ချိန် သူပုန်ဖြစ်ခါစရှိသေး။
အသိတွေက လေ့လာရေးခရီးထွက်
ဘယ်ဘုရား က မှားပြီး
ဘယ်တရား မှန်တယ်ဆိုတာ
၇ှုးရူးနှမ်းနှမ်း မသိသေးတဲ့အရွယ်
ရုပ်ချောရင် ဇတ်လိုက်
ရုပ်ဆိုးရင် လူကြမ်းခေတ်ကြီးမှာ
ရုပ်ချောရင် လူတော်ထင်
ဂုဏ်ထူးတန်းဝင်ခွင့်ရဘ၀။
ဘယ်သူဟာ ထာဝစဉ်သူရဲကောင်းလဲ–
ဘယ်သူဟာ ထာဝစဉ်ရန်သူလဲ—–
ကိုယ့်တရားကိုယ်
စိတ်ချယုံကြည်ခြင်း မရှိသေးတဲ့ကာလ
ဘ၀ဟာ လူတချို့အတွက်
အကြိုက်လုပ်ရမှာလား။
စိန်ခေါ်ချက်တွေနဲ့ တော်လှန်ရေး
မွေးဖွားရှင်သန်ခြင်း
အပြင်ဆိုးပြီး အတွင်းကောင်းတဲ့
မေတ္တာကျောက်စိမ်းတုံးတွေ
အရိုင်းဘ၀မှာပဲ စွန့်ပစ်ခံရ။
ဒီလိုနဲ့–
သုညတွေသာတိုးပွားလာရင်း
တခွန်းတည်းသော စကားလုံးနဲ့
တရားစာအုပ်တွေက
စည်းတားထားခြင်းခံရ။
သစ္စာကြောင့်
တချို့ကိုပစ်၊ တချို့ကိုမျှဝေ
တချို့မြစ်ထဲခုန်ချ
အိပ်ရာထဲဝင်မရခြင်းအတူတူ
ရှဥ့်လည်းလျှောက်သာ
ပျားလည်းဆွဲသာစိတ်
ရှယ်ယာတွေလုပ်ထား
တော်လှန်ရေးသမားတွေ
သမိုင်းဝင်ရေးသဘောထားနဲ့
ဇာတိဂုဏ်တွေ
အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ကာလ။
အမေ့သား(၂)ယောက်ရှိခဲ့
အငယ်ကောင်မိုက်တယ်
အကြီးကောင်တောခိုတယ်
အငယ်ကောင်သေတယ်
အကြီးကောင်တိုက်ပွဲကျတယ်
ရှုးမတတ်ဖြစ်တဲ့အမေ့ရင်ခွင်
ဘယ်တရားနဲ့ဖြေရမလဲ။
(ခရီးဆက်ခဲ့)
သူ့ခြေထောက်နှစ်ချောင်း
မတူညီတော့တဲ့အကြောင်း
ငေး-မော အတွေးနော့ရင်း
“ခြေပြတ်ကြီး”
တစုံတခုအတွက် တစုံတရာ
ရက်ရောတဲ့ သစ္စာတရားက
“ဒါ”
တန်ဘိုးလားလို့ အထပ်ထပ်တွေးနေတဲ့ ရဲဘော်။
(ခရီးဆက်ထွက်)
တတိုင်းပြည်လုံးဒုက္ခ
တတိုင်းပြည်လုံးစစ်ပန်းနေကြ
ဒီအတွက်
ရထားလက်မှတ်တွေရောင်းတယ်။
အတွေးအခေါ်က အရှုံးပေးရေးလား
အသွေးအသားတွေက
ကွန်ပြူတာဆားကစ်နဲ့ ဆက်ထားတဲ့
ဝါယာကြိုးခွေတွေမဟုတ်ဘူး။
“ပြောမယ်”
“သပိတ်ဆိုတာ သူပုန်ထတာဖြစ်တယ်”
အရွယ်တွေက စိတ်ကူးတွေကို
အကောင်အထည်ဖော်ဘို့
အိပ်မက်ပေးတယ်
တနေ့နေ့ ဆိုတဲ့အသိနဲ့
အကောင်အထည်ဖော်ခွင့်မဲ့တဲ့
ကြန့်ကြာမှုတွေက လူတွေဆီမှာလား
သီလတွေနဲ့ဖြေသိမ့်ထားတယ်။
သွေးအေးလွန်းတဲ့ခေတ်
ထုံနေတဲ့အသိတွေသာရှိ
လှုပ်ရှားလို့မရတဲ့ လက်၊ ခြေ၊ ခေါင်း
တစစီဖြုတ်
သန္ဒေကောင်းနဲ့
အသစ်မွေးဖွားလည်ပတ်စေချင်ခဲ့။
ခုတော့—
အင်ဂျင်မပါတဲ့စက်ပျက်ကြီး
ခဏခဏ၀ယ်ထည့်နေရ
ဝန်ဆောင်မှုတွေ
လူ့သက်တမ်း တိုပါဘိ
ဆယ့်ငါးမိုးဆိုတာ
လူတယောက်အတွက်
ခရီးဆက်အားတွေ။
တဘတ်တန် ဗီဒီယိုရုံထဲ
ဘ၀ကိုထည့် စိတ်ဖြေ
ဗိုက်ဖြည့်ထာားကတယ်။
အင်ဖက်လှုပ်သံကြားတယ်
ငှက်ပျံသွားတာတွေ့တယ်
ခင်တန်းတောစပ်က
ခွေးဟောင်သံကြားတယ်။
လူမသိသူမသိ
ဘ၀ပျက်သံတွေကြားတယ်။
တောထဲမသွားရ မနေနိုင်
သင်တိုင်းအကျီင်္ပိုင်ရှင်တွေ တွေ့တယ်။
ထားခဲ့ရတယ်
သပြေသီးမှည့်ကောက်တာမဟုတ်
တောကစားထွက်တာမဟုတ်
ဟန်ဆောင်တာမဟုတ်
သဘောထားကြီးပြတာမဟုတ်
လူထုနဲ့ ကင်းပြတ်တာမဟုတ်
ငွေနဲ့ဆုံးဖြတ်တာမဟုတ်
ကျောသားရင်သား
မခွဲခြားချင်ယောင်ဆောင်တာမဟုတ်။
ပကတိတရားကို
ရှင်သန်ခြင်းပြုဘို့
ကျေးလက်တွေဆီသွားရအောင်။
ကျည်ဝေဖြိုး။
ဒေါင်းအိုးဝေ။အတွဲ(၂)၊အမှတ်(၆)။ဇူလိုင်၊၂၀၀၄ထုတ်။
ကျွန်တော်နှင့် အမှိုက် သရိုက်များ
ကျော်လင်းနိုင်
ကျွန်တော်ကတော့ တဗျက်စည်း(တံမြက်စည်း)တချောင်းပါ
အထက်စီးနေရာဆိုတာ ကျုပ်နှင့်လားလားမျှမထိုက်
အမှိုက်သရိုက်နဲ့ အညစ်အကြေးကြား
ပြေးလွှားရုန်းကန် နေ့စဉ်ပုံမှန်လှုပ်ရှား
အလုပ်ကြမ်းနဲ့ အောက်ခြေဆိုတာ ကျုပ်ဘ၀ ။
တဗျက်စည်းဆိုတာ – -
ခေါင်းရင်းနဲ့မတန်။ ဖိနပ်ချွတ်နဲ့ ခွေးခတက်
အမှိုက်ခွက်နဲ့ ဖုံထူထူ။ မငြီးမငြူလဲလျောင်း
အနံ့တထောင်းထောင်းက မိတ်ဆွေ
အဲဒါတွေ အဲဒါတွေ
ကျုပ်တို့အတွက် ဗီတာမင်အားဆေး
တသက်လုံးမွှေးပေါ့ ။
တဗျက်စည်းဆိုတာ
ကျောရိုးကြီးတခုမှာ အမျိုးတူတံတွေ စုစည်း
ကျောရိုးကြီးကို ဗဟိုပြု
စုစည်းမှုတန်ခိုးနဲ့
အဆိုးအကောင်း ဝေခွဲ
တာဝန်ဆို မရှောင်လွှဲတဲ့ ကျုပ် ပါလေ။
နိုင်လွန်လမ်းက ချောမွေ့
သဘောတွေ့တဲ့ ကျောက်ခင်းလမ်း
ကြမ်းချင်ကြမ်းစေတော့ သန့်ရှင်းဘို့က အဓိက
အမှိုက်မှန်သမျှလှည်းကျင်း၊ ရှင်းလင်းရမှာက ကျုပ်တာဝန်ပဲ။
အညစ်အကြေး အနံ့အသက်
ဆိုးချက်က ကမ်းကုန်
ကျုပ်မဖြုံဘူး ကြုံဘူးပေါင်းလည်းများပြီလေ။
အများအတွက်ဆိုတော့ ငဲ့ကွက်စရာမလို
ပိုမိုကာ အားစိုက်၊ အမှိုက်သရိုက်ပါမကျန်
အတိုက် အခိုက် အပွန်း အပဲ့
အတွန်းအလှဲ့နဲ့ မာယာ။ ဘာဘာညာညာ မစဉ်းစား
အချင်းလည်းမများ။ အဖျင်းလည်းမထား
အတင်းသာအားထုတ်။ အများအလုပ်ကိုယ်စားပြု
လူမှုဘ၀ သန့်ရှင်းရေး မဟုတ်လား ။
အမှိုက်လှဲကျင်း
သန့်ရှင်းရေးတာဝန်
ကျေပွန်အောင်ကျုပ်ထမ်းရွက်
ချွေးစက်နဲ့ ဖုံထူထူ
ကျုပ်ကို ကလူနေလေရဲ့  ။
နေရောင်ကခေါင်းပေါ်ရောက်
တမျှော်တခေါ်လမ်းမ
အမှိုက်စ တွေရှင်းလင်းသွားပြီလေ ။
ကျုပ်ရဲ့ လုပ်အားသက်သေ၊
အမှိုက်ပုံတွေ စီရရီကို
ကျုပ်ကြည့်ရင်း ပီတိဖြစ်မိတယ် ။
ယုတ်တရက်ထိတ်လန့်၊ ကျုပ်မျက်စေ့ကျုပ်မယုံ
အားကုန်စိုက်ကြည့်တော့မှ၊ ကျုပ်တို့အမျိုး
တဗျက်စည်းတံအကျိုးတွေ၊ အမှိုက်တွေနဲ့ရောနှော
သဘောထားတွေကွဲပြား၊ ပြုတ်ထွက်သွားတဲ့အဟောင်းတွေ
ငဲ့နေရင် ရှုပ်လာနိုင်ပေါ့
ကျုပ်ကိုယ်တိုင် လှဲမိပြီ ။
ကျုပ်ပြန်စဉ်းစား
အတင်းစကားတော့မဟုတ်ဘူးနော်
တဗျက်စည်းတံတွေ ကျောရိုးကပြုတ်ထွက်လွင့်ကျဲ
ဖရိုဖရဲနဲ့ အမှိုက်ထဲရောဝင်
မြင်ရတာ စက်ဆုတ်စရာပဲ ။
သူတို့က တဗျက်စည်းမဟုတ်
အမှိုက်ရှုပ်တွေဖြစ်ကုန်ပြီ ။
Ù မနက်ဖန်အရုဏ်
ရောင်နီကို လှုံရင်း
အလုပ်ကိုနှစ်ခြိုက်
အမှိုက်မှန်သမျှ ကျုပ် ရှင်းရအုံးမယ်လေ ။      ။
(၁၉၇၇ ခုနှစ်တွင်၊ မိုးဝေမဂ~ဇင်းမှ ကျွန်ုပ်ရေးခဲ့သော “စည်းပေါ်ကကျွန်တော်” ကဗျာကို ပြန်လည်ခံစား ရေးသားပါသည်။)ံ

No comments:

Post a Comment