BNC(2010-2011)
Burma National Congress Convening Committee;
1. Ko Zaw Nay Myo (Director) zawnaymyodpns@gmail.com (518)209-2545
2. Ko Zaw Zaw(Utica) zawdemo88@yahoo.com (315) 723-6129
3. Ko Wai Htun (260) 418-3705
4. Ko Chit Phwe (260) 804-3295
5. Ko Nyan Aung (260) 437-1820
6. Ko Aung Lin Naing(Guan Tee) (260) 804-3295
အဖွဲ့အစည်းအသီးသီးမှ မဟာဗျူဟာ အကွဲကွဲအပြားပြားဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်နေသမျှ အောင်ပွဲကို လွယ်ကူ စွာရနိုင်မည်မဟုတ်ဟု ယုံကြည်သည် ။ ဤယုံကြည်ချက်ကြောင့် မိမိတို့ (IFBNC)သည် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများအနေဖြင့် တခုတည်းသော အမျိုးသားအင်အားစုကြီးတရပ် ဖြစ်ပေါ်လာရေးကို နိုင်ငံရေးအရ မျှော်မှန်းထားရှိသည့်အားလျော်စွာ တည်ရှိနေဆဲဖြစ်သော အင်အားစုများ ၊ တပ်ပေါင်းစုများအကြား ပေါင်းကူးသဖွယ်ရပ်တည်ကာ ညီညွှတ်သော အမျိုးသားအင်အားစုကြီး တရပ်(ကွန်ဂရက်ကြီးတရပ်)ဖြစ်ပေါ်လာရေးကိုဦးတည်၍ ကြိုးပမ်းဆောင်ရွက်နေပါသည် ။
နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီရေးတိုက်ပွဲ၏ နိုင်ငံရေးလမ်းစဉ် ၊ တိုက်ပွဲသဏ္ဍန် ၊ အင်အားများစုစည်းမှု စသည်တို့ကို ပြန်လည်သုံး သပ်ကြည့်သောအခါ ဘုံနိုင်ငံရေးလုပ်ငန်းစဉ်များမရှိခြင်း၊ မတူကွဲပြားသော တိုက်ပွဲသဏ္ဍန်များဖြင့် တိုက်ပွဲဝင်နေကြခြင်း ၊ အင်အားစု များ စုစည်းညီညွှတ်မှုမရှိခြင်းတို့ကို တွေ့မြင်ရမှာဖြစ်သည် ။ ဤအခြေအနေများကို ပြောင်းလဲပြစ်မှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မည်ဖြစ် သည် ။
ထို့ကြောင့် ကျွန်ုပ်တို့ “ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)”၏ နိုင်ငံရေးကြွေးကြော်သံဖြစ်သော “ တခုတည်း သောတပ်ပေါင်းစု ၊ တခုတည်းသောမဟာဗျူဟာ၊ တခုတည်းသော ရည်မှန်းချက်ပန်းတိုင် ၊ တခုတည်းသောအောင်ပွဲဆီသို့” ရောက်ရှိရန် အသွင်အမျိုးမျိုးကွဲပြားနေသည့် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအင်အားစုများ၊ တသီးပုဂ္ဂလများ၊ လက်ဝဲ ၊ လင်္ကျာ အင်အားစု များ၊ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူများ နှင့် တတ်သိပညာရှင်များ စသည့်အင်အားစုများ အားလုံးပါဝင်နိုင်သည့် စုစည်းမှုမျိုးကို တည်ဆောက်၍ စစ် အာဏာရှင်အစိုးရအား ၀ိုင်းဝန်းတိုက်ပွဲဝင်ရန် ပြင်ဆင် ကြိုးစားနေခြင်းဖြစ်သည် ။
ဤသည်မှာ တည်ရှိနေပြီးသား နိုင်ငံရေးတပ်ပေါင်းစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် စင်ပြိုင်တပ်ပေါင်းစုကြီးတခုတည်ဆောက်ရန် ရည်ရွယ်နေခြင်းမဟုတ်ချေ ၊ ထိုတည်ရှိနေပြီးသား တပ်ပေါင်းစု များနှင့်အတူ အင်အားစုများအားလုံး ပါဝင်စုစည်းထားသည့် ဖဆပလနှင့် အာဖရီကန်အမျိုးသားကွန်ဂရက်(ANC)ကဲ့သို့ တမျိုးသားလုံး လက္ခဏာဆောင်သည့် စုစည်းမှုမျိုးကိုစုဖွဲ့ရန် ရည်ရွယ်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာသိစေအပ်ပါသည် ။
မိမိတို့(IFBNC) ၏ အခြေခံနိုင်ငံရေးမုများဖြစ်သည့် ။
(၁ ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံ၍ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လုံးဝဆန့်ကျင်တိုက်ဖျက်ရေး ။
(၂) စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ) ။
(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ….
ဆိုသည့်မူများအတိုင်း နိုင်ငံရေးလုပ်ငန်းများကို ချမှတ်လုပ် ဆောင်နေခြင်းဖြစ်ပါသည်။
ဤမူများသည် အခြားအင်အားစုများ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ ၊ မူများနှင့် ကွဲလွဲနေမည်မဟုတ်ချေ ။ ဤ အခြေခံမူများအား အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့(IFBNC)အနေဖြင့် မည်သည့်နိုင်ငံရေးအင်အားစုများနှင့်မဆို ပူးပေါင်းလက်တွဲ၍ စစ်အုပ်စုအား တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်သည် ။ အင်အားစုများအားလုံး စုထားသောအားဖြင့် နအ ဖ စစ်အုပ်စုအား တိုက်ပွဲဝင်ရေးဟူသည့် မူကိုကိုင်စွဲ၍ နိုင်ငံရေး၊ စည်းရံးရေးလုပ်ငန်းများကို ချမှတ်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤ သည်မှာ တိုင်းပြည်နှင့် မြန်မာပြည်သူလူထုအရေးအတွက်သာဖြစ်ပြီး မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ နိုင်ငံရေးရည်မှန်းချက်များမရှိချေ။ တိုင်း ပြည်အရေးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းလုပ်ရမည့် နိုင်ငံသားများ၏တာဝန်အဖြစ် ခံယူလုပ်ကိုင်ခြင်းဖြစ်သည် ။
ထိုရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ တက်ကြွ လှုပ်ရှားသူရဲဘော်များ၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိသည့် မျိုးချစ်ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များနှင့် တွေဆုံဆွေးနွေး၍ စစ်အုပ်စုအား တိုက်ပွဲဝင်နိုင်မည့် လုပ်ငန်းစဉ်များ၊ တိုက်ပွဲသဏ္ဍန်များအား ပူးပေါင်းလက်တွဲ ချမှတ်နိုင်ရန်အတွက် အင်အားစုများအားလုံးအား ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါသည် ။
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း (IFBNC)
1. Ko Zaw Nay Myo (Director) zawnaymyodpns@gmail.com (518)209-2545
2. Ko Zaw Zaw(Utica) zawdemo88@yahoo.com (315) 723-6129
3. Ko Wai Htun (260) 418-3705
4. Ko Chit Phwe (260) 804-3295
5. Ko Nyan Aung (260) 437-1820
6. Ko Aung Lin Naing(Guan Tee) (260) 804-3295
ဒီမိုကရေစီအင်အားစုများ
ရက်စွဲ ။ ။ သြဂုတ်လ(၁၆)ရက် ၊ တနင်္လာနေ့ ၊ ၂၀၁၀
နအဖ စစ်အာဏာရှင်အစိုးရအား ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်ရှိ
ဒီမိုကရေစီအင်အားစုများအားလုံးစုစည်း၍ တိုက်ပွဲဝင်ရမည့် အချိန်ကာလ
သို့ရောက်ပြီဖြစ်သည် ။ ဆယ်စုနှစ်(၂)ခုကျော်ကြာသည်အထိ
နိုင်ငံရေးအင်အားစုများအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အင်အားဖြင့်
တိုက်ပွဲဝင်နေကြခြင်းထက် တမျိုးသားလုံးလက္ခဏာဆောင်သည့် အင်အားစုကြီးတရပ်အား
ဝိုင်းဝန်းတည်ဆောက်၍ တိုက်ပွဲဝင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း
ယနေ့နိုင်ငံရေးအခြေအနေက တောင်းဆိုနေပြီဖြစ်သည် ။အဖွဲ့အစည်းအသီးသီးမှ မဟာဗျူဟာ အကွဲကွဲအပြားပြားဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်နေသမျှ အောင်ပွဲကို လွယ်ကူ စွာရနိုင်မည်မဟုတ်ဟု ယုံကြည်သည် ။ ဤယုံကြည်ချက်ကြောင့် မိမိတို့ (IFBNC)သည် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများအနေဖြင့် တခုတည်းသော အမျိုးသားအင်အားစုကြီးတရပ် ဖြစ်ပေါ်လာရေးကို နိုင်ငံရေးအရ မျှော်မှန်းထားရှိသည့်အားလျော်စွာ တည်ရှိနေဆဲဖြစ်သော အင်အားစုများ ၊ တပ်ပေါင်းစုများအကြား ပေါင်းကူးသဖွယ်ရပ်တည်ကာ ညီညွှတ်သော အမျိုးသားအင်အားစုကြီး တရပ်(ကွန်ဂရက်ကြီးတရပ်)ဖြစ်ပေါ်လာရေးကိုဦးတည်၍ ကြိုးပမ်းဆောင်ရွက်နေပါသည် ။
နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီရေးတိုက်ပွဲ၏ နိုင်ငံရေးလမ်းစဉ် ၊ တိုက်ပွဲသဏ္ဍန် ၊ အင်အားများစုစည်းမှု စသည်တို့ကို ပြန်လည်သုံး သပ်ကြည့်သောအခါ ဘုံနိုင်ငံရေးလုပ်ငန်းစဉ်များမရှိခြင်း၊ မတူကွဲပြားသော တိုက်ပွဲသဏ္ဍန်များဖြင့် တိုက်ပွဲဝင်နေကြခြင်း ၊ အင်အားစု များ စုစည်းညီညွှတ်မှုမရှိခြင်းတို့ကို တွေ့မြင်ရမှာဖြစ်သည် ။ ဤအခြေအနေများကို ပြောင်းလဲပြစ်မှသာ အောင်ပွဲကို ဆွတ်ခူးနိုင်မည်ဖြစ် သည် ။
ထို့ကြောင့် ကျွန်ုပ်တို့ “ နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFBNC)”၏ နိုင်ငံရေးကြွေးကြော်သံဖြစ်သော “ တခုတည်း သောတပ်ပေါင်းစု ၊ တခုတည်းသောမဟာဗျူဟာ၊ တခုတည်းသော ရည်မှန်းချက်ပန်းတိုင် ၊ တခုတည်းသောအောင်ပွဲဆီသို့” ရောက်ရှိရန် အသွင်အမျိုးမျိုးကွဲပြားနေသည့် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအင်အားစုများ၊ တသီးပုဂ္ဂလများ၊ လက်ဝဲ ၊ လင်္ကျာ အင်အားစု များ၊ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူများ နှင့် တတ်သိပညာရှင်များ စသည့်အင်အားစုများ အားလုံးပါဝင်နိုင်သည့် စုစည်းမှုမျိုးကို တည်ဆောက်၍ စစ် အာဏာရှင်အစိုးရအား ၀ိုင်းဝန်းတိုက်ပွဲဝင်ရန် ပြင်ဆင် ကြိုးစားနေခြင်းဖြစ်သည် ။
ဤသည်မှာ တည်ရှိနေပြီးသား နိုင်ငံရေးတပ်ပေါင်းစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် စင်ပြိုင်တပ်ပေါင်းစုကြီးတခုတည်ဆောက်ရန် ရည်ရွယ်နေခြင်းမဟုတ်ချေ ၊ ထိုတည်ရှိနေပြီးသား တပ်ပေါင်းစု များနှင့်အတူ အင်အားစုများအားလုံး ပါဝင်စုစည်းထားသည့် ဖဆပလနှင့် အာဖရီကန်အမျိုးသားကွန်ဂရက်(ANC)ကဲ့သို့ တမျိုးသားလုံး လက္ခဏာဆောင်သည့် စုစည်းမှုမျိုးကိုစုဖွဲ့ရန် ရည်ရွယ်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာသိစေအပ်ပါသည် ။
မိမိတို့(IFBNC) ၏ အခြေခံနိုင်ငံရေးမုများဖြစ်သည့် ။
(၁ ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေခံ၍ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လုံးဝဆန့်ကျင်တိုက်ဖျက်ရေး ။
(၂) စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ) ။
(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ….
ဆိုသည့်မူများအတိုင်း နိုင်ငံရေးလုပ်ငန်းများကို ချမှတ်လုပ် ဆောင်နေခြင်းဖြစ်ပါသည်။
ဤမူများသည် အခြားအင်အားစုများ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ ၊ မူများနှင့် ကွဲလွဲနေမည်မဟုတ်ချေ ။ ဤ အခြေခံမူများအား အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့(IFBNC)အနေဖြင့် မည်သည့်နိုင်ငံရေးအင်အားစုများနှင့်မဆို ပူးပေါင်းလက်တွဲ၍ စစ်အုပ်စုအား တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်သည် ။ အင်အားစုများအားလုံး စုထားသောအားဖြင့် နအ ဖ စစ်အုပ်စုအား တိုက်ပွဲဝင်ရေးဟူသည့် မူကိုကိုင်စွဲ၍ နိုင်ငံရေး၊ စည်းရံးရေးလုပ်ငန်းများကို ချမှတ်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤ သည်မှာ တိုင်းပြည်နှင့် မြန်မာပြည်သူလူထုအရေးအတွက်သာဖြစ်ပြီး မိမိတို့၏ ပုဂ္ဂိုလ်ရေးရာ နိုင်ငံရေးရည်မှန်းချက်များမရှိချေ။ တိုင်း ပြည်အရေးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းလုပ်ရမည့် နိုင်ငံသားများ၏တာဝန်အဖြစ် ခံယူလုပ်ကိုင်ခြင်းဖြစ်သည် ။
ထိုရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ တက်ကြွ လှုပ်ရှားသူရဲဘော်များ၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိသည့် မျိုးချစ်ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များနှင့် တွေဆုံဆွေးနွေး၍ စစ်အုပ်စုအား တိုက်ပွဲဝင်နိုင်မည့် လုပ်ငန်းစဉ်များ၊ တိုက်ပွဲသဏ္ဍန်များအား ပူးပေါင်းလက်တွဲ ချမှတ်နိုင်ရန်အတွက် အင်အားစုများအားလုံးအား ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါသည် ။
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း (IFBNC)
No comments:
Post a Comment