ကမ္ဘာ့ငြိမ်းချမ်းရေးပိသုကာ
ဦးသန့်(၁၀၂-မွေးနေ့)ကမ္ဘာငြိမ်းချမ်းရေး မှန်းမြော်တွေး
တည်ဆောက်ပေးတဲ့ ပိသုကာ
၁၀၂ မွေးနေ့တဖြစ်ရောက်လို့လာ
မွေးနှစ်မှာ ၁၉၀၉
မြန်မာလူမျိုး ကျောင်းဆရာ
ဇာတိမှာ ပန်းတနော်
နာမည်မကျော်သေး ကလောင်သွေး
စာပေဆောင်းပါးရေး
အတွေးအခေါ် ရှေ့တလှမ်းကျော်
စင်တော်ကကောက် ကုလသမဂ္ဂရောက်
တတိယမြောက်အတွင်းရေးမှူး
ရာထူးအပ်ကြ ပနံရ
အတ္တမစွက် မှန်ရာဘက်
ဘက်မလိုက်ပေါင်
လက်သံပြောင်
ဦးဆောင်ဖြေရှင်း
ကမ္ဘာ့အရေးခင်း
ပြေရှင်းသွားအောင်သူစွမ်းဆောင်
ပြောင်မြောက်လှတဲ့သူ့အရည်သွေး
သက်တမ်းနှစ်ဆက် ထမ်းဆောင်ရွက်။
နှစ်ဆက်အတွင်း အရေးခင်း
ဖြေရှင်းသွားပုံ အလုံးစုံ။
ကျူးဘားဒုံးပျံအရေး ကွန်ဂိုပြည်တွင်းစစ်
၁၉၆၇ အာရပ်-အစ္စရေး၆-ရက်စစ်ပွဲ
၁၉၆၈ ဘာရိန်းအရေး
ချက်ကိုစလိုဗက်ကီးယားအား
ဆိုဗီယက်ကျူးကျော်မှု
၁၉၇၁ ပါကစ္စတန်မှဘင်္ဂလားဒေရ်
ခွဲထွက်မှု ၊ အိန္ဒိယ ပါကစ္စတန် ကက်ရှမီးယားပြဿနာ
အဖြာဖြာအရေး ဖြေရှင်းပေးခဲ့။
လူ့ဘောင်အကျိုး ထမ်းဆောင်ပိုး
လူမျိုးကျက်သရေ ကမ္ဘာလွှမ်းပေ
သူသေတဲ့အခါ ကိုယ့်ပြည်ရွာ
ပြန်လာတဲ့အကြောင်း အလံပြောင်း
အကြောင်းပြန့်ကား အရေးခင်းပွား
အညှိုးထားတဲ့ ဗိုလ်နေ၀င်း
ဦးသန့်အရေးခင်း ဖြစ်ရလေခြင်း။
အာဇာနည်မျိုး သေရိုးမရှိ
ခုထက်ထိတိုင် သဲဘ၀င်စိုင်
ယှဉ်ပြိုင်မရ ရှင်သန်ကြ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
Jan-22-11
No comments:
Post a Comment