Thursday, April 19, 2012

“ပေးဆပ်ရဲသူတွေရဲ့သမိုင်း ဘယ်တော့မှ ညစ်ဟောင်းမသွားဘူး”

“ပေးဆပ်ရဲသူတွေရဲ့သမိုင်း ဘယ်တော့မှ ညစ်ဟောင်းမသွားဘူး”

ရဲဘော်…တချိန် အရင်တခါ ဟိုတုန်းကဆို
ငါတို့ဟာ  ဌက်ဖျားမိလို့အခြေမလှတဲ့ အပြင်
အနေဆင်းရဲ  အစားတွေဆင်းရဲခဲ့ကြပေမယ့်
ရည်ရွယ်ရာနဲ့ ယုံကြည်ရာကို ခရီးဆက်နေရတော့
AB မှာ ငါတို့တတွေ ပျော်ခဲ့ကြတယ်နော်…။
ရဲဘော်…ငါတို့ဟာ
တိုက်ရည်ခိုက်ရည် စွမ်းအားမမြင့်မားပေမယ့်
ယုံကြည်ရာကို အသက်ထက်တန်ဘိုးထားတဲ့ စိတ်
တရားသောစစ်ကို  ဆင်နွဲနေတဲ့ စိတ်ဓါတ်တွေဟာ
မိုးထက်မက မြင့်မားပါတယ်…။
ရဲဘော်…ငါတို့ရဲ့
အမေများစွာရဲ့  တောင်းဆုချွေ တောင်းဆုဝေ
ပေးဝေခဲ့တဲ့ မေတ္တာတောင်းဆုတွေကြောင့် ထင်ပ
ရှေ့တန်းမြေ စစ်မျက်နှာပြင်တွေမှာ
ငါတို့ဟာ  အန္တရာယ်တွေကင်းဝေး
ဘေးရန်အသွယ်သွယ်လည်း ကင်းခဲ့ကြတာမဟုတ်လား…။
ရဲဘော်…ငါတို့ဟာ
ယုံကြည်ရာတွက် ခရီးဆက်တဲ့ အခါ
ခန္ဒာကြွေလည်း ဝိဥာဏ်တိုက်ပွဲဆင်နွဲနေဦးမှာပဲ
ဒီ့အတွက် ပေးဆပ်ရဲသူတွေရဲ့ သမိုင်း
ဘယ်တော့မှ  ညစ်ဟောင်းမသွားဘူး…သူငယ်ချင်း။
အမေ့သား(ဒိန်းမတ်)
ABSDF တိုက်ပွဲဝင်ရဲဘော်များနဲ့ စောကြွေခဲ့တဲ့
ဝိဥာဏ်တွေကို အစဉ် ဦးညွှတ်ဂုဏ်ပြုလေးစားလျှက်…..
ကိုဗလိုင်(၁၀၁)…(၁၀၂) တပ်ရင်း…။ (ဘုရားသုံးဆူဒေသ)

No comments:

Post a Comment